ဟေဗြဲ 8:8Common Language Bibleသို့ရာတွင်ဘုရားသခင်သည်မိမိ၏လူစု တော်အားအပြစ်တင်တော်မူလျက်၊ ``ဣသရေလအမျိုးသားနှင့်လည်းကောင်း၊ ယုဒအမျိုးသားများနှင့်လည်းကောင်း ပဋိညာဉ်သစ်ကိုငါပြုရန်အချိန်ကျရောက် လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အဘယ်ကြောင့်ဆိုသော်ငါ၏လူမျိုးတော် ဣသရေလအမျိုးသားများနှင့်ယုဒအမျိုး သားများအား ငါပြန်လည်ထူထောင်ပေးမည့် အချိန်ကျရောက်လာတော့မည်ဖြစ်သောကြောင့် တည်း။ ငါသည်သူတို့ကိုမိမိတို့ဘိုးဘေးများ အား ငါပေးအပ်ခဲ့သည့်ပြည်သို့ပြန်လည်ခေါ် ဆောင်ခဲ့မည်ဖြစ်၍ သူတို့သည်ထိုပြည်ကိုတစ် ဖန်ပြန်၍ပိုင်ဆိုင်ရကြပေတော့အံ့။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
ငါတို့သည်ပဋိညာဉ်တရားသစ်အတွက် အမှုတော်ထမ်းဆောင်နိုင်ရန် ကိုယ်တော်သည် ငါတို့အားစွမ်းရည်သတ္တိများကိုပေးတော် မူ၏။ ထိုပဋိညာဉ်တရားသစ်ကားအက္ခရာ တင်ထားသည့်ပညတ်တရားမဟုတ်။ ဝိညာဉ် တော်တရားဖြစ်၏။ အက္ခရာတင်ထားသည့် ပညတ်သည်အသက်သေစေတတ်၏။ ဝိညာဉ် တော်မူကားအသက်ရှင်စေတတ်သတည်း။
သို့ရာတွင်ဘုရားနှင့်လူအကြားတွင်သခင် ယေရှုစီစဉ်ပေးသည့်ပဋိညာဉ်တရားတော် သည် ပို၍ကောင်းမွန်သောအရာများဆိုင်ရာ ကတိတော်များအပေါ်တွင်အခြေခံသဖြင့် ပဋိညာဉ်တရားဟောင်းထက်ပိုမိုကောင်းမြတ် သကဲ့သို့ သခင်ယေရှုထမ်းဆောင်ရသည့်ယဇ် ပုရောဟိတ်တာဝန်ဝတ္တရားများသည်လည်း ထို ယဇ်ပုရောဟိတ်တို့၏တာဝန်ဝတ္တရားများ ထက်သာလွန်ကြီးမြတ်ပေသည်။
ထိုကြောင့်ဘုရားသခင်ရွေးကောက်တော်မူခြင်း ခံရသူတို့သည် ကိုယ်တော်ကတိထားတော်မူ သောထာဝရကောင်းချီးမင်္ဂလာများကိုခံ စားနိုင်ကြစေရန် ခရစ်တော်သည်ပဋိညာဉ် သစ်ကိုစီမံပေးတော်မူ၏။ ယင်းသို့ခံစား နိုင်ခွင့်ရခြင်းမှာပထမပဋိညာဉ်၏လက် အောက်တွင်ရှိစဉ်အခါက လူတို့ကူးလွန်ခဲ့ သည့်အပြစ်များကိုဖြေလွှတ်ပေးရန်အသေ ခံသူပေါ်ပေါက်ခဲ့ခြင်းကြောင့်ဖြစ်ပေသည်။