Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ဗြဲ 8:6

Common Language Bible

သို့​ရာ​တွင်​ဘု​ရား​နှင့်​လူ​အ​ကြား​တွင်​သ​ခင် ယေ​ရှု​စီ​စဉ်​ပေး​သည့်​ပ​ဋိ​ညာဉ်​တ​ရား​တော် သည် ပို​၍​ကောင်း​မွန်​သော​အ​ရာ​များ​ဆိုင်​ရာ က​တိ​တော်​များ​အ​ပေါ်​တွင်​အ​ခြေ​ခံ​သ​ဖြင့် ပ​ဋိ​ညာဉ်​တ​ရား​ဟောင်း​ထက်​ပို​မို​ကောင်း​မြတ် သ​ကဲ့​သို့ သ​ခင်​ယေ​ရှု​ထမ်း​ဆောင်​ရ​သည့်​ယဇ် ပု​ရော​ဟိတ်​တာ​ဝန်​ဝတ္တ​ရား​များ​သည်​လည်း ထို ယဇ်​ပု​ရော​ဟိတ်​တို့​၏​တာ​ဝန်​ဝတ္တ​ရား​များ ထက်​သာ​လွန်​ကြီး​မြတ်​ပေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​ဇိ​အုန်​မြို့​သို့​သွား​ရာ​လမ်း​ကို မေး​မြန်း​စုံ​စမ်း​လျက် ထို​မြို့​သို့​ရှေ့​ရှု​၍ သွား​ကြ​လိမ့်​မည်။ သူ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​နှင့်​ထာ​ဝ​စဉ်​ပ​ဋိ​ညာဉ်​ဖွဲ့​ပြီး​လျှင် ထို​ပ​ဋိ​ညာဉ်​ကို​အ​ဘယ်​အ​ခါ​၌​မျှ​ချိုး ဖောက်​ကြ​လိမ့်​မည်​မ​ဟုတ်။

ထို​နည်း​တူ​စွာ​ည​စာ​စား​ပြီး​နောက်​စ​ပျစ် ရည်​ခွက်​ကို​လည်း​ယူ​တော်​မူ​လျက် ``ဤ​ခွက် ကား​သင်​တို့​အ​တွက်​သွန်း​သော​ငါ​၏​သွေး အား​ဖြင့်​ပြု​သော​ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ် တ​ရား​သစ်​ဖြစ်​၏။

သူ​တို့​သည်​ကား​ဘု​ရား​သ​ခင်​၏​လူ​စု​တော် ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​သည်​သူ​တို့​အား သား​များ​အ​ဖြစ်​ဖြင့်​ချီး​မြှောက်​တော်​မူ​၍ မိ​မိ​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြင်​ခွင့် ပေး​တော်​မူ​၏။ ကိုယ်​တော်​သည်​သူ​တို့​နှင့် ပ​ဋိ​ညာဉ်​များ​ပြု​တော်​မူ​၏။ သူ​တို့​အား ပ​ညတ်​တ​ရား​ကို​ပေး​အပ်​တော်​မူ​၏။ သူ တို့​သည်​မှန်​ကန်​သော​ဝတ်​ပြု​ကိုး​ကွယ်​နည်း နှင့်​က​တိ​တော်​များ​ကို​ခံ​ယူ​ရ​ရှိ​၏။-

ထို​စဉ်​အ​ခါ​က​သင်​တို့​သည်​ခ​ရစ်​တော်​နှင့် ကင်း​ကွာ​လျက်​နေ​ခဲ့​ကြ​၏။ သင်​တို့​သည်​လူ​မျိုး ခြား​များ​ဖြစ်​၍ ဘု​ရား​သ​ခင်​ရွေး​ချယ်​တော်​မူ သော​လူ​စု​တော်​တွင်​ပါ​ဝင်​ခွင့်​မ​ရ​ကြ။ မိ​မိ​၏ လူ​စု​တော်​အား ဘု​ရား​သ​ခင်​ထား​တော်​မူ​သော က​တိ​တော်​များ​ပေါ်​တွင်​အ​ခြေ​ပြု​သည့်​ပ​ဋိ ညာဉ်​တ​ရား​နှင့်​မ​သက်​ဆိုင်​ကြ။ ဤ​လော​က တွင်​မျှော်​လင့်​ရာ​မဲ့​ဘု​ရား​မဲ့​ခဲ့​ရ​၏။-

ဘု​ရား​သည်​တစ်​ဆူ​တည်း​ရှိ​တော်​မူ​၍​ဘု​ရား နှင့်​လူ​အ​ကြား​တွင် စေ့​စပ်​ပေး​သူ​လူ​ခ​ရစ် တော်​ယေ​ရှု​တစ်​ပါး​တည်း​သာ​ရှိ​ပေ​သည်။-

ထို​ဘာ​သာ​တော်​သည်​ထာ​ဝ​ရ​အ​သက်​ကို မျှော်​လင့်​မှု​တွင်​အ​ခြေ​ခံ​ပေ​သည်။ မု​သား နှင့်​ကင်း​စင်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ရှေး​ကပ်​ကာ​လ​မ​တည်​ရှိ​မီ​က​ပင် ထာ​ဝ​ရ အ​သက်​ကို​ငါ​တို့​အား​ပေး​တော်​မူ​ရန် က​တိ​ထား​တော်​မူ​ပေ​သည်။-

သင်​တို့​သည်​ပဋိညာဉ်​တော်​သစ်​ကို​စီ​ရင် တော်​မူ​သော​သ​ခင်​ယေ​ရှု​၏​ထံ​တော်​သို့ လည်း​ကောင်း၊ အာ​ဗေ​လ​၏​သွေး​ထက်​သာ ၍​မြတ်​သော​အ​ရာ​ကို​မျှော်​လင့်​ချက်​ပေး သည့်​ပက်​ဖျန်း​သော​သွေး​တော်​၏​ထံ​သို့ လည်း​ကောင်း​ရောက်​ရှိ​နေ​ကြ​၏။

ဤ​သို့​ခန့်​ထား​ပုံ​ကွာ​ခြား​မှု​ကြောင့်​သ​ခင် ယေ​ရှု​သည် ပို​မို​ကောင်း​မြတ်​သည့်​ပ​ဋိ​ညာဉ် တ​ရား​တော်​၏​အာ​မ​ခံ​ဖြစ်​တော်​မူ​၏။

ဤ​နည်း​အား​ဖြင့်​က​တိ​ထား​တော်​မူ​သော​အ​လွန် ကြီး​၍ အ​ဖိုး​ထိုက်​သည့်​ဆု​ကျေး​ဇူး​များ​ကို ကိုယ်​တော်​သည်​ငါ​တို့​အား​ပေး​တော်​မူ​၏။ ထို ဆု​ကျေး​ဇူး​အား​ဖြင့်​သင်​တို့​သည် ဤ​လော​က တွင်​ဖောက်​ပြန်​ပျက်​စီး​တတ်​သော​ကိ​လေ​သာ ဆိုး​ညစ်​မှု​များ​မှ​လွတ်​မြောက်​နိုင်​ကြ​လျက် ဘု​ရား​ဇာ​တိ​တွင်​ပါ​ဝင်​စေ​ရန်​ဖြစ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ