Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ဗြဲ 8:4

Common Language Bible

ကိုယ်​တော်​သည်​လော​က​တွင်​ရှိ​နေ​တော်​မူ​မည် ဆို​ပါ​လျှင် ယဇ်​ပု​ရော​ဟိတ်​လုံး​ဝ​ဖြစ်​နိုင်​လိမ့် မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​ပညတ်​တ​ရား အ​ရ​ပူ​ဇော်​သ​ကာ​များ​ကို​ဆက်​သ​သူ​ယဇ် ပု​ရော​ဟိတ်​များ​ရှိ​သော​ကြောင့်​ပင်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

အာ​ရုန်​၏​အ​ဆက်​အ​နွယ်​မ​ဟုတ်​သူ​မည် သူ​တစ်​စုံ​တစ်​ယောက်​မျှ ထာ​ဝ​ရ​ဘု​ရား အား​နံ့​သာ​ပေါင်း​ကို​ပူ​ဇော်​ရန်​ယဇ်​ပလ္လင် သို့​မ​ချဉ်း​ကပ်​ရ​ဟု​ကြေး​ဝါ​အ​ဖုံး​က ဣသ​ရေ​လ​အ​မျိုး​သား​တို့​ကို​သ​တိ​ပေး ၏။ ဤ​ပ​ညတ်​ကို​မ​လိုက်​နာ​သူ​သည်​ကော​ရ နှင့်​သူ​၏​နောက်​လိုက်​များ​နည်း​တူ ပျက်​စီး ဆုံး​ရှုံး​ရ​လိမ့်​မည်။ မော​ရှေ​မှ​တစ်​ဆင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ တို့​ကို ဧ​လာ​ဇာ​ဆောင်​ရွက်​လေ​သည်။

သင်​နှင့်​သင်​၏​သား​များ​သာ​လျှင်​သန့်​ရှင်း ရာ​ဌာ​န​တော်​နှင့်​ယဇ်​လ္လင်​ဆိုင်​ရာ​တာ​ဝန် များ​ကို​ထမ်း​ဆောင်​ရ​မည်။ သို့​မှ​သာ​လျှင် ငါ​သည်​နောက်​တစ်​ဖန်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​အ​မျက်​ထွက်​တော်​မူ​မည် မ​ဟုတ်။-

ယု​ဒ​ယဇ်​ပု​ရော​ဟိတ်​သည်​နေ့​စဉ်​နေ့​တိုင်း မိ​မိ ၏​ဝတ္တ​ရား​ကို​ရပ်​၍ ဆောင်​ရွက်​လျက်​အ​ဘယ် အ​ခါ​၌​မျှ အ​ပြစ်​ဖြေ​နိုင်​စွမ်း​မ​ရှိ​သည့်​ယဇ် ကို​အ​ဖန်​တ​လဲ​လဲ​ပူ​ဇော်​ရ​၏။-

အာ​ဗေ​လ​သည်​ကာ​ဣ​န​ပူ​ဇော်​သော​ယဇ် ထက်​ပို​၍​မြတ်​သည့်​ယဇ်​ကို ဘု​ရား​သ​ခင် အား​ပူ​ဇော်​သည်​မှာ​ယုံ​ကြည်​ခြင်း​ကြောင့် ဖြစ်​၏။ သူ​၏​ယုံ​ကြည်​ခြင်း​ကို​ထောက်​၍ ဘု​ရား​သ​ခင်​သည် သူ့​အား​ဖြောင့်​မတ်​သူ အ​ဖြစ်​လက်​ခံ​တော်​မူ​၏။ အ​ဘယ်​ကြောင့် ဆို​သော် သူ​၏​ပူ​ဇော်​သ​ကာ​များ​ကို​နှစ် သက်​တော်​မူ​သော​ကြောင့်​ဖြစ်​၏။ အာ​ဗေ​လ သည်​သေ​လွန်​သော်​လည်း မိ​မိ​၏​ယုံ​ကြည် ခြင်း​အား​ဖြင့်​ယ​ခု​ပင်​ဟော​ပြော​သေး​၏။

ယဇ်​ပု​ရော​ဟိတ်​မင်း​မည်​သည်​ကား​အ​ပြစ် ဖြေ​ရာ​ယဇ်​နှင့် ပူ​ဇော်​သ​ကာ​များ​ကို​ဆက်​သ ရန်​အ​တွက် လူ​တို့​၏​ကိုယ်​စား​ဘု​ရား​သ​ခင် ၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​ရန် ရွေး​ချယ်​ခန့် ထား​ခြင်း​ခံ​ရ​သူ​ဖြစ်​၏။-

ယဇ်​ပု​ရော​ဟိတ်​မင်း​တို့​သည်​နေ့​စဉ်​ဦး​စွာ​ပ​ထ​မ မိ​မိ​တို့​ကိုယ်​ပိုင်​အ​ပြစ်​များ​အ​တွက်​လည်း​ကောင်း၊ ထို​နောက်​လူ​တို့​၏​အ​ပြစ်​များ​အ​တွက်​လည်း​ကောင်း ယဇ်​ပူ​ဇော်​ကြ​ရ​လေ​သည်။ ကိုယ်​တော်​မူ​ကား​ဤ​သို့ ပြု​ရန်​မ​လို။ အ​ဘယ်​ကြောင့်​ဆို​သော်​မိ​မိ​အ​သက် ကို​တင်​လှူ​ပူ​ဇော်​စဉ်​အ​ခါ​က တစ်​ကြိမ်​တည်း အ​ပြီး​အ​ပိုင်​ယဇ်​ပူ​ဇော်​ခဲ့​ပြီး​ဖြစ်​သော ကြောင့်​တည်း။-

ယဇ်​ပု​ရော​ဟိတ်​မင်း​မည်​သည်​ပူ​ဇော်​သ​ကာ ဆက်​သ​ရန်​နှင့်​ယဇ်​ပူ​ဇော်​ရန်​ခန့်​ထား​ခြင်း​ခံ ရ​သူ​ဖြစ်​၏။ သို့​ဖြစ်​၍​ငါ​တို့​၏​ယဇ်​ပု​ရော ဟိတ်​မင်း​မှာ​လည်း​ဆက်​သ​ပူ​ဇော်​ရန် ပူ​ဇော် သ​ကာ​တစ်​စုံ​တစ်​ရာ​ရှိ​ရ​ပေ​မည်။-

ဤ​အ​ရာ​အ​ပေါင်း​တို့​သည်​မျက်​မှောက်​ခေတ်​ကို ညွှန်​ပြ​နေ​သည့်​အ​မှတ်​လက္ခ​ဏာ​ဖြစ်​၏။ ပြ​ဌာန်း ထား​သည့်​ပူ​ဇော်​သကာ​နှင့်​ယဇ်​များ​သည် ဝတ်​ပြု သော​သူ​၏​စိတ်​နှ​လုံး​ကို​ဖြူ​စင်​သန့်​ရှင်း​အောင် ပြု​ပြင်​၍​မ​ပေး​နိုင်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ