Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ဗြဲ 7:6

Common Language Bible

မေ​လ​ခိ​ဇေ​ဒက်​သည်​လေ​ဝိ​အ​နွယ်​ဝင်​မ​ဟုတ် သော်​လည်း အာ​ဗြ​ဟံ​ထံ​မှ​ဆယ်​ဖို့​တစ်​ဖို့​အ​လှူ ကို​ခံ​ယူ​လျက် ဘု​ရား​သ​ခင်​၏​က​တိ​တော် များ​ရ​ရှိ​ထား​သူ​အာ​ဗြ​ဟံ​ကို​ကောင်း​ချီး ပေး​ခဲ့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ထို့​ကြောင့်​သူ​တို့​က​မေး​လျှင်​သင်​သည်​ငါ​၏ နှ​မ​ဖြစ်​သည်​ဟု​ပြော​ပါ။ ထို​အ​ခါ​သင့်​အ​တွက် ကြောင့် ငါ့​ကို​အ​သက်​ချမ်း​သာ​ပေး​၍​ကောင်း​စွာ ပြု​စု​ဆက်​ဆံ​ကြ​လိမ့်​မည်'' ဟူ​၍​မှာ​ကြား​ထား လေ​၏။-

ငါ​သည်​သင်​၏​သား​မြေး​တို့​ကို​များ​ပြား​စေ မည်။ သူ​တို့​အား​လူ​မျိုး​ကြီး​ဖြစ်​စေ​မည်။ ငါ သည်​သင့်​ကို​ကောင်း​ချီး​ပေး​၍​သင်​၏​နာ​မ ကို​ကြီး​မြတ်​စေ​သ​ဖြင့် လူ​တို့​သည်​သင့်​အား ဖြင့်​ကောင်း​ချီး​ခံ​စား​ရ​ကြ​မည်။

ထို​ပ​ရော​ဖက်​များ​ဖြင့်​ဘု​ရား​သ​ခင်​ပေး​တော် မူ​သော​က​တိ​များ​သည် သင်​တို့​နှင့်​ဆိုင်​၏။ သင်​တို့ ဘိုး​ဘေး​များ​နှင့်​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော ပ​ဋိ​ညာဉ်​တော်​သည်​လည်း​သင်​တို့​နှင့်​ဆိုင်​၏။ ဘု​ရား သ​ခင်​က​အာ​ဗြ​ဟံ​အား`သင်​၏​အ​မျိုး​အ​နွယ် အား​ဖြင့်​ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​စား​ကြ​ရ​လိမ့်​မည်' ဟု​မိန့်​တော်​မူ​ခဲ့​သ​တည်း။-

ဘု​ရား​သ​ခင်​သည် အာ​ဗြ​ဟံ​နှင့်​သား​မြေး​တို့ အား​ကမ္ဘာ​လော​က​ကို ပိုင်​စေ​တော်​မူ​မည်​ဟု​က​တိ ထား​တော်​မူ​ခဲ့​၏။ ဤ​သို့​က​တိ​ထား​တော်​မူ​ခြင်း မှာ​အာ​ဗြ​ဟံ​သည်​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း သော​ကြောင့်​မ​ဟုတ်၊ ဘု​ရား​သ​ခင်​ကို​ယုံ​ကြည် သ​ဖြင့်​သူ့​အား​ဖြောင့်​မတ်​သူ​အ​ဖြစ်​ကိုယ်​တော် လက်​ခံ​တော်​မူ​သော​ကြောင့်​ဖြစ်​၏။-

သူ​တို့​သည်​ကား​ဘု​ရား​သ​ခင်​၏​လူ​စု​တော် ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင်​သည်​သူ​တို့​အား သား​များ​အ​ဖြစ်​ဖြင့်​ချီး​မြှောက်​တော်​မူ​၍ မိ​မိ​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြင်​ခွင့် ပေး​တော်​မူ​၏။ ကိုယ်​တော်​သည်​သူ​တို့​နှင့် ပ​ဋိ​ညာဉ်​များ​ပြု​တော်​မူ​၏။ သူ​တို့​အား ပ​ညတ်​တ​ရား​ကို​ပေး​အပ်​တော်​မူ​၏။ သူ တို့​သည်​မှန်​ကန်​သော​ဝတ်​ပြု​ကိုး​ကွယ်​နည်း နှင့်​က​တိ​တော်​များ​ကို​ခံ​ယူ​ရ​ရှိ​၏။-

ကျမ်း​စာ​လာ​သည့်​အ​တိုင်း​ဘု​ရား​သ​ခင်​၏ က​တိ​တော်​များ​သည် အာ​ဗြ​ဟံ​နှင့်​သူ​၏ သား​မြေး​အ​တွက်​ဖြစ်​၏။ သား​မြေး​ဆို​သော စ​ကား​သည်​ဧက​ဝုစ်​ကိန်း​တည်း။ ဗ​ဟု​ဝုစ်​ကိန်း မ​ဟုတ်။ သင်​၏​အ​မျိုး​အ​နွယ်​ဟူ​၍​သာ​ဆို​၏။ လူ​အ​များ​ကို​ရည်​စူး​၍​ဆို​ခြင်း​မ​ဟုတ်။ လူ​တစ်​ဦး​တည်း​ကို​သာ​ရည်​စူး​၍​ဆို​ပေ သည်။ ထို​သို့​ရည်​စူး​ခြင်း​ခံ​ရ​သူ​ကား ခ​ရစ်​တော်​ပင်​ဖြစ်​၏။-

ထို​သူ​အ​ပေါင်း​တို့​သည်​ယုံ​ကြည်​လျက် သေ​လွန်​ကြ​ကုန်​၏။ သူ​တို့​သည်​ဘု​ရား သ​ခင်​က​တိ​ထား​တော်​မူ​သော​အ​ရာ များ​ကို​မ​ခံ​စား​ကြ​ရ​သော်​လည်း အ​ဝေး မှ​မြင်​၍​ကြို​ဆို​ကြ​၏။ သူ​တို့​သည်​ကမ္ဘာ မြေ​ကြီး​ပေါ်​တွင်​တစ်​ကျွန်း​တစ်​နိုင်​ငံ​သား၊ ဧည့်​သည်​အာ​ဂန္တု​များ​သာ​ဖြစ်​ကြောင်း ကို​ပွင့်​လင်း​စွာ​ဝန်​ခံ​ကြ​ပေ​သည်။-

အာ​ဗြ​ဟံ​သည်​ဘု​ရား​၏​စမ်း​သပ်​စစ်​ဆေး​ခြင်း ကို​ခံ​ရ​သော​အ​ခါ​ယုံ​ကြည်​ခြင်း​အား​ဖြင့် သား ဣ​ဇာက်​ကို​ယဇ်​ကောင်​အ​ဖြစ်​ပူ​ဇော်​လေ​သည်။ ``သင်​၏​အ​မျိုး​အ​နွယ်​ကို​ဣ​ဇာက်​မှ​ဆင်း​သက် ပေါက်​ပွား​စေ​မည်'' ဟူ​သော​ဘု​ရား​သ​ခင်​၏ က​တိ​တော်​ကို သူ​သည်​ခံ​ယူ​ရ​ရှိ​ခဲ့​သော်​လည်း မိ​မိ​၏​တစ်​ဦး​တည်း​သော​သား​ကို​ပူ​ဇော်​ရန် အ​သင့်​ရှိ​ပေ​သည်။-

ဤ​မေ​လ​ခိ​ဇေ​ဒက်​ကား​ရှာ​လင်​မင်း​ဖြစ်​၍ အ​မြင့်​မြတ်​ဆုံး​အ​ရှင်​ဖြစ်​တော်​မူ​သော​ဘု​ရား သ​ခင်​၏​ယဇ်​ပု​ရော​ဟိတ်​တည်း။ ဘု​ရင်​လေး​ပါး ကို​နှိမ်​နင်း​ရာ​တိုက်​ပွဲ​မှ​အာ​ဗြ​ဟံ​ပြန်​လာ သော​အ​ခါ သူ​သည်​အာ​ဗြ​ဟံ​အား​ခ​ရီး​ဦး ကြို​ပြု​၍​ကောင်း​ချီး​ပေး​သူ​ဖြစ်​ပေ​သည်။-

သိမ်​ငယ်​သူ​သည်​ကြီး​မြတ်​သူ​ထံ​မှ ကောင်း​ချီး မင်္ဂလာ​ခံ​ယူ​ရ​မြဲ​ဖြစ်​သည်​ကို​ငြင်း​ဆို​ဖွယ် မ​ရှိ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ