ထို့ပြင်အခြားကွာခြားမှုရှိသေး၏။ ယဇ် ပုရောဟိတ်တို့သည်သေရသောကြောင့် သူတို့ သည်အရေအတွက်များကြ၏။-
သို့ရာတွင်ယောဟန်က ``အကျွန်ုပ်သည်အရှင်၏ ထံတွင် ဗတ္တိဇံမင်္ဂလာကိုခံယူသင့်သူဖြစ်ပါ လျက် အရှင်သည်အကျွန်ုပ်၏ထံသို့ကြွလာတော် မူပါသလော'' ဟုဆို၍ဆီးတားလေ၏။
သို့ရာတွင်သခင်ယေရှုအားယဇ်ပုရောဟိတ် အဖြစ် ခန့်ထားတော်မူသောအခါ၌မူကား `` `သင်သည်ထာဝရယဇ်ပုရောဟိတ် ဖြစ်ရလိမ့်မည်' ဟု ထာဝရဘုရားကျိန်ဆိုတော်မူပြီ။ ကိုယ်တော်သည်မိမိ၏စိတ်ကိုပြောင်းလဲ တော်မူလိမ့်မည်မဟုတ်'' ဟူ၍ကိုယ်တော်အားမိန့်မြွက်တော်မူ၏။-
ဤသို့ခန့်ထားပုံကွာခြားမှုကြောင့်သခင် ယေရှုသည် ပိုမိုကောင်းမြတ်သည့်ပဋိညာဉ် တရားတော်၏အာမခံဖြစ်တော်မူ၏။
သို့ရာတွင်သခင်ယေရှုမူကားနိစ္စထာဝရ အသက်ရှင်တော်မူသဖြင့် သူ၏ယဇ်ပုရော ဟိတ်ရာထူးသည်လည်းအခြားလက်သို့ မကူးပြောင်းနိုင်တော့ပေ။-
ထိုမှတစ်ပါးလည်းယဇ်ပုရောဟိတ်များ အနေဖြင့် ဆယ်ဖို့တစ်ဖို့အလှူကိုခံယူခြင်း သည်သေမျိုးဖြစ်သောလူသားတို့ကခံယူ ကြခြင်းဖြစ်၏။ မေလခိဇေဒက်မူကားကျမ်း စာတော်တွင်ဖော်ပြသည်နှင့်အညီ အသက် ရှင်သူအနေဖြင့်ဆယ်ဖို့တစ်ဖို့အလှူကို ခံယူခြင်းဖြစ်ပေသည်။-