ဟေဗြဲ 7:14Common Language Bibleကိုယ်တော်သည်ယုဒအမျိုးအနွယ်မှဆင်းသက် တော်မူသည်မှာသိသာထင်ရှား၏။ ယဇ်ပုရော ဟိတ်အရာသည် ယုဒအမျိုးအနွယ်နှင့်ပတ် သက်ကြောင်းကိုမောရှေသည်တစ်ခွန်းမျှမပြော ပေ။ အခန်းကိုကြည့်ပါ။ |
ငါသည်အနာဂတ်ကိုမျှော်ကြည့်သောအခါ ဣသရေလနိုင်ငံကိုငါမြင်ရ၏။ ထိုနိုင်ငံတွင်ရှင်ဘုရင်တစ်ပါးသည်တောက်ပသော ကြယ်သဖွယ်ပေါ်ထွန်းလာလိမ့်မည်။ ထိုဘုရင်သည်ကြယ်တံခွန်သဖွယ် ဣသရေလနိုင်ငံတွင်ပေါ်ထွန်းလိမ့်မည်။ သူသည်မောဘအမျိုးသားခေါင်းဆောင်တို့ကို တိုက်ခိုက်ချေမှုန်း၍ ရှေသအနွယ်ဝင်တို့ကိုနှိမ်နင်းလိမ့်မည်။
ထိုမျှမကငါ၏အရှင်ခရစ်တော်ယေရှုကိုသိကျွမ်း ရခြင်းသည်ထိုအရာများနှင့်အရာခပ်သိမ်းတို့ထက် တန်ခိုးရှိသည်ဖြစ်၍ ယင်းတို့ကိုငါ့အားရှုံးစေသည့် အရာများဟူ၍မှတ်ယူ၏။ ငါသည်ကိုယ်တော်အတွက် ခပ်သိမ်းသောအရာတို့ကိုစွန့်ပယ်ခဲ့၏။ ခရစ်တော်ကို အမြတ်ရနိုင်ရန်လည်းကောင်း၊ ကိုယ်တော်နှင့်တစ်လုံး တစ်ဝတည်းဖြစ်နိုင်ရန်လည်းကောင်းထိုအရာ များကိုအမှိုက်သရိုက်ကဲ့သို့ငါထင်မှတ်၏။ ငါသည် ပညတ်တရားကိုစောင့်ထိန်းခြင်းအားဖြင့်ဖြောင့်မတ် ခြင်းမရရှိပေ။ ခရစ်တော်ကိုယုံကြည်ခြင်းအား ဖြင့်သာလျှင်ဖြောင့်မတ်ခြင်းကိုရရှိ၏။ ထိုကဲ့သို့ သောဖြောင့်မတ်ခြင်းသည်ဘုရားသခင်ပေးသနား တော်မူသောဖြောင့်မတ်ခြင်းဖြစ်၍ယုံကြည်ခြင်း အပေါ်တွင်အခြေခံပေသည်။-