Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ဗြဲ 7:11

Common Language Bible

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ပ​ညတ်​တ​ရား ကို​ပေး​အပ်​ရာ​၌ လေ​ဝိ​အ​နွယ်​ဝင်​ယဇ်​ပု​ရော ဟိတ်​များ​ကို​အ​ခြေ​ခံ​၍​ပေး​အပ်​ခြင်း​ဖြစ်​၏။ အ​ကယ်​၍​လေ​ဝိ​အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ် တို့​သည်​ပြီး​ပြည့်​စုံ​လင်​အောင်​ဆောင်​ရွက်​နိုင် ကြ​ပါ​မူ အာ​ရုန်​၏​အ​ရိုက်​အ​ရာ​အ​စား​မေ လ​ခိ​ဇေ​ဒက်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​သူ အ​ခြား​ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​ပေါ်​ထွန်း လာ​ရန်​မ​လို​ပေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ငါ​မ​ပစ် ပယ်။ အ​ကယ်​၍​လူ​တို့​သည်​ပ​ညတ်​တ​ရား​အား ဖြင့် ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​ခွင့်​ကို ရ​ရှိ​နိုင်​ကြ​လျှင် ခ​ရစ်​တော်​သည်​အ​ချည်း​နှီး အ​သေ​ခံ​တော်​မူ​ပြီ။

ထို​နည်း​တူ​စွာ​ငါ​တို့​သည်​လည်း​ဝိ​ညာဉ်​ရေး​မ ရင့်​ကျက်​မီ​အ​ခါ​က လော​က​စ​ကြ​ဝ​ဠာ​ကို အုပ်​စိုး​သော​ဝိ​ညာဉ်​များ​၏​ကျွန်​ဖြစ်​ကြ​၏။-

ယ​ခု​မှာ​မူ​သင်​တို့​သည်​ဘု​ရား​သ​ခင်​ကို​သိ​ရှိ လာ​ကြ​လေ​ပြီ။ သင်​တို့​အား​ဘု​ရား​သ​ခင်​သိ​ရှိ တော်​မူ​လေ​ပြီ​ဟု​ငါ​ဆို​သင့်​၏။ သို့​ဖြစ်​၍​သင်​တို့ သည်​အား​နည်း​၍​သ​နား​စ​ရာ​ကောင်း​သည့်​ဝိ​ညာဉ် များ​ထံ​သို့​အ​ဘယ်​ကြောင့်​ပြန်​လည်​သွား​လို​ကြ သ​နည်း။ အ​ဘယ်​ကြောင့်​သူ​တို့​၏​ကျွန်​ပြန်​၍ ဖြစ်​လို​ကြ​သ​နည်း။-

ကိုယ်​တော်​အား​မေ​လ​ခိ​ဇေ​ဒက်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​သူ ယဇ်​ပု​ရော​ဟိတ်​မင်း​ဟု အ​မည်​နာ​မ​ကို​ဘု​ရား​သ​ခင်​ပေး​တော်​မူ သ​တည်း။

အ​ခြား​ကျမ်း​ချက်​တွင်​လည်း ``သင်​သည်​မေ​လ​ခိ​ဇေ​ဒက်​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​သူ ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​လိမ့်​မည်'' ဟူ​၍​လည်း​ကောင်း​မိန့်​တော်​မူ​ပေ​သည်။

ယဇ်​ပု​ရော​ဟိတ်​မေ​လ​ခိ​ဇေ​ဒက်​၏​အ​ရိုက် အ​ရာ​ကို​ဆက်​ခံ​သူ​ယဇ်​ပု​ရော​ဟိတ်​မင်း အ​ဖြစ် ဆက်​ခံ​သူ​သ​ခင်​ယေ​ရှု​သည်​ထို ဌာ​န​တော်​သို့​ငါ​တို့​အ​တွက်​ဝင်​တော်​မူ​ပြီ။

အ​ဘယ်​ကြောင့်​ဆို​သော်​အာ​ဗြ​ဟံ​သည် မေ​လ​ခိ ဇေ​ဒက်​နှင့်​တွေ့​ဆုံ​စဉ်​အ​ခါ​က​လေ​ဝိ​သည် မ​မွေး ဖွား​သေး​ဘဲ အာ​ဗြ​ဟံ​၏​ကိုယ်​၌​ရှိ​နေ​သည်​ဟု ဆို​နိုင်​သော​ကြောင့်​ဖြစ်​သည်။

အ​ဘယ်​ကြောင့်​ဆို​သော်​ယဇ်​ပု​ရော​ဟိတ်​မျိုး​ရိုး ကို​ပြောင်း​လဲ​လိုက်​သော​အ​ခါ တ​ရား​ကို​လည်း ပြောင်း​လဲ​ရန်​လို​အပ်​၍​လာ​သော​ကြောင့်​ဖြစ် သည်။-

ဤ​အ​ကြောင်း​အ​ရာ​များ​က ဖော်​ပြ​နေ​သည့် ငါ​တို့​၏​သ​ခင်​ဘု​ရား​ကား လေ​ဝိ​အ​နွယ်​ဝင် မ​ဟုတ်။ အ​ခြား​တစ်​ပါး​သော​အ​မျိုး​အ​နွယ် မှ​ဆင်း​သက်​တော်​မူ​သော​သူ​ဖြစ်​ပေ​သည်။ ထို အ​မျိုး​အ​နွယ်​ဝင်​တစ်​ယောက်​မျှ​ယဇ်​ပု​ရော ဟိတ်​အ​ဖြစ်​မ​ဆောင်​ရွက်​ခဲ့။-

မေ​လ​ခိ​ဇေ​ဒက်​နှင့်​တူ​သော​ယဇ်​ပု​ရော​ဟိတ် တစ်​ပါး​ပေါ်​ထွန်း​လာ​သ​ဖြင့် ယဇ်​ပု​ရော​ဟိတ် မျိုး​ရိုး​ပြောင်း​လဲ​သည်​ဟု​ပို​မို​ထင်​ရှား​လာ​၏။-

သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​အား​ယဇ်​ပု​ရော​ဟိတ် အ​ဖြစ် ခန့်​ထား​တော်​မူ​သော​အ​ခါ​၌​မူ​ကား `` `သင်​သည်​ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ် ဖြစ်​ရ​လိမ့်​မည်' ဟု ထာ​ဝ​ရ​ဘု​ရား​ကျိန်​ဆို​တော်​မူ​ပြီ။ ကိုယ်​တော်​သည်​မိ​မိ​၏​စိတ်​ကို​ပြောင်း​လဲ တော်​မူ​လိမ့်​မည်​မ​ဟုတ်'' ဟူ​၍​ကိုယ်​တော်​အား​မိန့်​မြွက်​တော်​မူ​၏။-

အ​ကယ်​၍​ပ​ထ​မ​ပ​ဋိ​ညာဉ်​တော်​တွင်​အ​ပြစ် ဆို​စ​ရာ​ရှိ​ပါ​မူ၊ ဒု​တိ​ယ​ပ​ဋိ​ညာဉ်​တော်​ကို ပြု​တော်​မူ​ရန်​လို​မည်​မ​ဟုတ်။-

ဤ​ဝတ်​ပြု​ခြင်း​ထုံး​နည်း​ကို​ဖော်​ပြ​အံ့။ ယဇ် ပု​ရော​ဟိတ်​တို့​သည် မိ​မိ​တို့​၏​တာ​ဝန်​ဝတ္တ​ရား များ​ကို​ဆောင်​ရွက်​ရာ​တွင်​အ​ပြင်​တဲ​တော်​သို့ နေ့​စဉ်​ဝင်​ရ​ကြ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ