Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ဗြဲ 5:8

Common Language Bible

ကိုယ်​တော်​သည်​ဘု​ရား​သ​ခင်​၏​သား​တော် ပင်​ဖြစ်​သော်​လည်း ဆင်း​ရဲ​ဒုက္ခ​များ​ကို​ခံ​ခြင်း အား​ဖြင့်​နာ​ခံ​တတ်​ရန်​သင်​ယူ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

သို့​နှင့်​လည်း​သူ​သည်​ငါ​တို့​၏​အ​ပြစ်​များ​အ​တွက် ထိုး​နှက်​သည့်​ဒဏ်​ရာ​များ​ကို​ရ​ရှိ​လျက်၊ ငါ​တို့​ပြု​သည်​မ​ကောင်း​မှု​များ​အ​တွက် ရိုက်​နှက်​ခြင်း​ကို​ခံ​ရ​၏။ သူ​သည်​ယင်း​သို့​အ​ပြစ်​ဒဏ်​ခံ​ယူ​သည်​ဖြစ်​၍ ငါ​တို့​သည်​အ​ပြစ်​ဖြေ​လွှတ်​ခွင့်​ကို​ရ​ရှိ​ကြ​၏။ သူ​ခံ​ရ​သော​ဒဏ်​ရာ​ဒဏ်​ချက်​အား​ဖြင့်​ငါ တို့​သည် အ​နာ​ပျောက်​ကင်း​ခွင့်​ကို​ရ​ရှိ​ကြ​၏။

သ​ခင်​ယေ​ရှု​က ``ဘု​ရား​သ​ခင်​ပြ​ဋ္ဌာန်း​တော်​မူ သ​မျှ​သော​အ​မှု​တို့​ကို​လိုက်​နာ​ဆောင်​ရွက်​သင့် သည်​ဖြစ်​၍ ယ​ခု​ငါ့​အား​ဗတ္တိ​ဇံ​မင်္ဂ​လာ​ပေး​ပါ လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​ယော​ဟန်​သည် သ​ဘော​တူ​လေ​၏။

အ​ဘယ်​သူ​မျှ​ငါ့​အသက်​ကို​စွန့်​စေ​သည်​မ​ဟုတ်။ ငါ့​အ​လို​အ​လျောက်​စွန့်​ခြင်း​ဖြစ်​၏။ ငါ့​မှာ အ​သက်​ကို​စွန့်​ပိုင်​ခွင့်၊ ပြန်​ယူ​ပိုင်​ခွင့်​ရှိ​၏။ ဤ သို့​ပြု​ရန်​ခ​မည်း​တော်​က​ငါ့​အား​စေ​ခိုင်း တော်​မူ​၏'' ဟု​မိန့်​တော်​မူ​၏။

ငါ​သည်​ခ​မည်း​တော်​၏​ပ​ညတ်​တို့​ကို​စောင့် ထိန်း​၍​ခ​မည်း​တော်​၏​မေတ္တာ​၌​တည်​နေ​သ​ကဲ့ သို့ သင်​တို့​သည်​ငါ့​ပ​ညတ်​တို့​ကို​စောင့်​ထိန်း လျှင်​ငါ့​မေတ္တာ​၌​တည်​နေ​ကြ​လိမ့်​မည်။''

ကိုယ်​တော်​က ``ငါ​၏​အ​စား​အ​စာ​ကား​ငါ့​ကို စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏​အ​လို​တော်​ကို လိုက်​နာ​၍ ထို​အ​ရှင်​ပေး​အပ်​သည့်​အ​မှု​တော် ကို​ပြီး​စီး​အောင်​ဆောင်​ရွက်​ခြင်း​ပင်​ဖြစ်​၏။-

အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​ငါ့​အ​လို​အ​တိုင်း ဆောင်​ရွက်​ရန် ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​လာ​သည် မ​ဟုတ်။ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​၏ အ​လို​အ​တိုင်း​ဆောင်​ရွက်​ရန် ဆင်း​သက်​လာ​သော ကြောင့်​တည်း။-

မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​တော်​မူ​လျက်​လက်​ဝါး​ကပ် တိုင်​ပေါ်​တွင် အ​သေ​ခံ​သည့်​တိုင်​အောင်၊နာ​ခံ​ခြင်း​လမ်း​စဉ်​ကို လိုက်​လျှောက်​တော်​မူ​၏။

သို့​ရာ​တွင်​ဤ​နောက်​ဆုံး​သော​ကာ​လ​၌ သား​တော်​အား​ဖြင့်​ငါ​တို့​အား​ဗျာ​ဒိတ် ပေး​တော်​မူ​သည်။ သား​တော်​အား​ဖြင့်​စ​ကြ ဝ​ဠာ​ကို​ဖန်​ဆင်း​တော်​မူ​၍ နောက်​ဆုံး​၌ အ​လုံး​စုံ​ကို​ပိုင်​သ​စေ​ရန်​သား​တော်​ကို ခန့်​ထား​တော်​မူ​သည်။-

ဘု​ရား​သ​ခင်​က​အ​ဘယ်​ကောင်း​ကင်​တ​မန်​ကို​မျှ ``သင်​သည်​ငါ​၏​သား​ဖြစ်​၏။ ယ​နေ့​ပင်​ငါ​သည်​သင်​၏​အ​ဖ​ဖြစ်​လာ​၏'' ဟူ​၍​သော်​လည်း​ကောင်း၊ အ​ဘယ်​ကောင်း​ကင်​တ​မန်​နှင့်​မျှ​ပတ်​သက်​၍ ``ငါ​သည်​သူ​၏​အ​ဖ​ဖြစ်​မည်။ သူ​သည်​လည်း​ငါ​၏​သား​ဖြစ်​ရ​လိမ့်​မည်'' ဟူ​၍​သော်​လည်း​ကောင်း မိန့်​မြွက်​တော်​မူ​ခဲ့​ဖူး​သည်​မ​ရှိ။-

သို့​ရာ​တွင်​သား​တော်​အား​မိန့်​တော်​မူ​သော အ​ခါ​၌​ကိုယ်​တော်​က၊ ``အို ဘု​ရား​သ​ခင်၊ကိုယ်​တော်​၏​နိုင်​ငံ​တော်​သည် ကာ​လ​အ​စဉ်​တည်​လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​စု​တော်​အား တ​ရား​မျှ​တ​စွာ​အုပ်​စိုး​ပါ​၏။

ခ​ရစ်​တော်​မူ​ကား​ဘု​ရား​သ​ခင်​၏​အိမ်​တော် ကို​အ​စိုး​ရ​သော​သား​တော်​အ​နေ​ဖြင့် သစ္စာ စောင့်​တော်​မူ​သ​တည်း။ ငါ​တို့​သည်​ရဲ​စွမ်း သတ္တိ​ရှိ​၍​မိ​မိ​တို့​မျှော်​လင့်​သည့်​အ​ရာ​ကို ယုံ​ကြည်​စိတ်​ချ​မှု​ရှိ​ပါ​လျှင်​ငါ​တို့​သည် ကိုယ်​တော်​၏​အိမ်​တော်​ဖြစ်​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ