ဟေဗြဲ 4:3Common Language Bibleသို့ဖြစ်၍ယုံကြည်သူငါတို့သည် ဘုရား သခင်ကတိထားတော်မူသောငြိမ်ဝပ်ရာ ချမ်းသာကိုရရှိကြပေသည်။ ``ငါသည်အမျက်ထွက်၍ကျိန်ဆိုလျက် ထိုသူတို့အား ငြိမ်ဝပ်ရာချမ်းသာရရှိရန်ပြည်တော်သို့ ဝင်ခွင့်ကို အဘယ်အခါ၌မျှပေးလိမ့်မည်မဟုတ်'' ဟုဘုရားသခင်မိန့်တော်မူခဲ့သည့်အတိုင်း ပင်ဖြစ်၏။ လောကကိုဖန်ဆင်းတော်မူချိန်မှ စ၍ ကိုယ်တော်သည်မိမိလုပ်ဆောင်ရန်အမှု ကိစ္စများပြီးဆုံးသွားသော်လည်းဤစကား ကိုမိန့်တော်မူပေသည်။- အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အား``လမ်းဆုံလမ်းခွတို့တွင်ရပ်၍ကြည့် ကြလော့။ ရှေးလမ်းဟောင်းတို့ကိုစုံစမ်း ရှာဖွေကြလော့။ အကောင်းဆုံးသောလမ်း အဘယ်မှာနည်းဟုမေးမြန်း၍ ထိုလမ်းသို့ လိုက်လျှင်သင်တို့၏ဝိညာဉ်သည်ငြိမ်းချမ်း သာယာမှုရှိလိမ့်မည်'' ဟုမိန့်တော်မူ၏။ သို့ရာတွင်သူတို့က``ထိုလမ်းကို အကျွန်ုပ် တို့မလိုက်လိုပါ'' ဟုပြန်ပြောကြ၏။
သင်တို့အနက်ပုန်ကန်သူများနှင့်တော်လှန် သူများကိုဖယ်ရှားပစ်မည်။ သူတို့ကိုမိမိ တို့ယခုနေထိုင်ရာပြည်များမှထွက်သွား စေမည်။ သို့ရာတွင်ဣသရေလပြည်သို့ပြန် လာခွင့်ပြုမည်မဟုတ်။ ထိုအခါငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်း သင်တို့ သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
အကယ်၍ဝင်တော်မူသည်ဆိုပါမူကမ္ဘာ လောကကိုဖန်ဆင်းတော်မူချိန်မှအစပြု၍ အဖန်တလဲလဲအသေခံတော်မူရမည်သာ ဖြစ်ပေသည်။ ယခုမူကားကပ်ကမ္ဘာကုန်ဆုံး ခါနီးအချိန်၌အပြီးအပိုင်တစ်ကြိမ်တည်း ကြွလာ၍ မိမိအသက်ကိုပူဇော်ကာအပြစ် ဒုစရိုက်ကိုသုတ်သင်ပယ်ရှင်းတော်မူ၏။-