Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ဗြဲ 3:15

Common Language Bible

ကျမ်း​စာ​တော်​က၊ ``သင်​တို့​သည်​ယ​နေ့​ဘု​ရား​သ​ခင်​အ​သံ​တော်​ကို ကြား​ရ​လျှင် ဘု​ရား​သ​ခင်​အား၊သင်​တို့​၏​ဘိုး​ဘေး​များ ပုန်​ကန်​စဉ်​အ​ခါ​က​ခေါင်း​မာ​ကြ​သ​ကဲ့​သို့ ခေါင်း​မ​မာ​ကြ​နှင့်'' ဟု​ဖော်​ပြ​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

5 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​ငါ​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​တို့​သည်​ကိုယ်​တော် စောင့်​ရှောက်​တော်​မူ​သော​သူ​များ၊ကိုယ်​တော် ကျွေး​မွေး​တော်​မူ​သော​သိုး​စု​ဖြစ်​ကြ​၏။ ကိုယ်​တော်​မိန့်​တော်​မူ​သော​စ​ကား​ကို ယ​နေ့​နား​ထောင်​ကြ​လော့။

ဘု​ရား​သ​ခင်​၏​သား​တော်​ကို​ရှုတ်​ချ​၍ မိ​မိ အား​အ​ပြစ်​မှ​သန့်​စင်​စေ​သည့်​ပ​ဋိ​ညာဉ် တ​ရား​ဆိုင်​ရာ​သွေး​တော်​ကို​မ​ထီ​မဲ့​မြင် ပြု​လျက် ကျေး​ဇူး​တော်​ကို​ပေး​သည့်​ဝိ​ညာဉ် တော်​ကို​စော်​ကား​သော​သူ​မူ​ကား အ​ဘယ်​မျှ ကြီး​လေး​သော​အ​ပြစ်​ဒဏ်​ခံ​ရ​မည်​ကို စဉ်း​စား​၍​ကြည့်​ကြ​လော့။-

ဖြောင့်​မတ်​သူ​များ​ဖြစ်​ကြ​သော​ငါ​၏​လူ​စု တော်​သည် ယုံ​ကြည်​၍​အ​သက်​ရှင်​လိမ့်​မည်။ သို့​ရာ​တွင်​တွန့်​ဆုတ်​သွား​သူ​ကို​မူ​ကား ငါ​သည်​နှစ်​သက်​လိမ့်​မည်​မ​ဟုတ်'' ဟု​ကျမ်း​စာ​တော်​တွင်​ဖော်​ပြ​ပါ​ရှိ​၏။-

ယင်း​သို့​ရ​ရှိ​ကြ​ကြောင်း​ကို``ယ​နေ့'' ဟု နာ​မည်​တွင်​သော​နေ့​ရက်​တစ်​ရက်​ကို ဘု​ရား သ​ခင်​သတ်​မှတ်​ပေး​တော်​မူ​သည့်​အ​ချက်​က သက်​သေ​ပြ​၏။ ကိုယ်​တော်​သည်​ကျမ်း​စာ​တော် တွင်​ဖော်​ပြ​ပြီး​သည့်​အ​တိုင်း နှစ်​ပေါင်း​များ စွာ​ကြာ​သော​အ​ခါ​ဒါ​ဝိဒ်​မင်း​အား​ဖြင့် ထို​နေ့​ရက်​ကို​အ​ကြောင်း​ပြု​၍ ``သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​သံ​တော်​ကို ယ​နေ့​ကြား​ရ​လျှင်​ခေါင်း​မ​မာ​ကြ​နှင့်'' ဟု​မိန့်​တော်​မူ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ