Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ဗြဲ 2:16

Common Language Bible

ကိုယ်​တော်​သည်​ကောင်း​ကင်​တ​မန်​များ​အား ကူ​ညီ​မ​စ​တော်​မူ​သည်​မ​ဟုတ်။ ကျမ်း​စာ တော်​တွင်​ဖော်​ပြ​ထား​သည်​အ​တိုင်း အာ​ဗြ​ဟံ ၏​သား​မြေး​တို့​အား​ကူ​ညီ​မ​စ​တော်​မူ ကြောင်း​ကို​သိ​သာ​ထင်​ရှား​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

သင်​သည်​ငါ​၏​အ​မိန့်​ကို​နာ​ခံ​သော​ကြောင့်​သင် ၏​အ​ဆက်​အ​နွယ်​တို့​သည် ကောင်း​ချီး​ခံ​ရ​သည့် နည်း​တူ​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​က​သူ တို့​အား​လည်း ကောင်း​ချီး​ပေး​ရန်​ငါ့​အား​တောင်း လျှောက်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​သည်။-

သင်​သည်​ပညတ်​တ​ရား​ကို​စောင့်​ထိန်း​သူ​ဖြစ် ပါ​မူ သင်​၏​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​သည် အ​ဋ္ဌိပ္ပါယ်​ရှိ​၏။ သို့​ရာ​တွင်​အ​ကယ်​၍​ပ​ညတ် တ​ရား​ကို​ချိုး​ဖောက်​သူ​ဖြစ်​ပါ​က အ​ရေ​ဖျား လှီး​ခြင်း​မင်္ဂလာ​မ​ခံ​ခဲ့​လျှင်​ပို​၍​ကောင်း​လိမ့် မည်။-

ကျမ်း​စာ​လာ​သည့်​အ​တိုင်း​ဘု​ရား​သ​ခင်​၏ က​တိ​တော်​များ​သည် အာ​ဗြ​ဟံ​နှင့်​သူ​၏ သား​မြေး​အ​တွက်​ဖြစ်​၏။ သား​မြေး​ဆို​သော စ​ကား​သည်​ဧက​ဝုစ်​ကိန်း​တည်း။ ဗ​ဟု​ဝုစ်​ကိန်း မ​ဟုတ်။ သင်​၏​အ​မျိုး​အ​နွယ်​ဟူ​၍​သာ​ဆို​၏။ လူ​အ​များ​ကို​ရည်​စူး​၍​ဆို​ခြင်း​မ​ဟုတ်။ လူ​တစ်​ဦး​တည်း​ကို​သာ​ရည်​စူး​၍​ဆို​ပေ သည်။ ထို​သို့​ရည်​စူး​ခြင်း​ခံ​ရ​သူ​ကား ခ​ရစ်​တော်​ပင်​ဖြစ်​၏။-

သင်​တို့​သည်​ခ​ရစ်​တော်​၏​တ​ပည့်​များ​ဖြစ် ပါ​လျှင် အာ​ဗြ​ဟံ​၏​သား​မြေး​များ​လည်း ဖြစ်​သ​ဖြင့် က​တိ​တော်​ရှိ​သည်​အ​တိုင်း​ဘုရား သ​ခင်​၏​ဆု​ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​ကြ လိမ့်​မည်။

ဤ​တို​တောင်း​သော​ဘ​ဝ​၌​လူ​ဖ​ခင်​များ​သည် မိ​မိ​တို့​လျောက်​ပတ်​သည်​ဟု​ထင်​မှတ်​သည့် အ​တိုင်း​ငါ​တို့​အား​ဒဏ်​ပေး​တတ်​ကြ​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​မူ​ကား​ငါ​တို့ အ​ကျိုး​ကို​ထောက်​၍ မိ​မိ​ကဲ့​သို့​မြင့်​မြတ် သန့်​ရှင်း​နိုင်​ကြ​စေ​ရန်​ငါ​တို့​အား​ဒဏ် ပေး​တော်​မူ​ပေ​သည်။-

ဤ​နည်း​အား​ဖြင့်​သေ​ဘေး​ကို​ကြောက်​သ​ဖြင့် တစ်​သက်​လုံး​ကျွန်​ခံ​လျက်​နေ​ကြ​ရ​သော သူ​တို့​ကို​လွတ်​မြောက်​စေ​တော်​မူ​ပေ​သည်။-

ထို့​ကြောင့်​ကိုယ်​တော်​သည်​လူ​တို့​၏​အ​ပြစ်​များ ကို​ဖြေ​လွှတ်​အံ့​သော​ငှာ​က​ရု​ဏာ၊ သစ္စာ​နှင့် ပြည့်​ဝ​သည့်​ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​၏​အ​မှု​တော်​ကို​ဆောင်​ရွက်​နိုင် ရန် အ​ရာ​ရာ​၌​မိ​မိ​၏​ညီ​အစ်​ကို​များ​နှင့် တူ​ညီ​ရ​ပေ​သည်။-

လူ​တို့​သည်​မိ​မိ​တို့​ထက်​ကြီး​မြတ်​သူ​တစ်​ဦး တစ်​ယောက်​ကို​တိုင်​တည်​ကျိန်​ဆို​တတ်​ကြ​၏။ ယင်း​သို့​တိုင်​တည်​ကျိန်​ဆို​ခြင်း​သည်​လူ​အ​ချင်း ချင်း​အ​ငြင်း​ပွား​မှု​ကို​ငြိမ်း​စေ​တတ်​လေ​သည်။-

ဤ​ကမ္ဘာ​လော​က​မ​တည်​မ​ရှိ​မီ​က​ပင်​လျှင် ကိုယ်​တော်​အား​ဘု​ရား​သ​ခင်​ရွေး​ချယ်​သတ် မှတ်​တော်​မူ​ပြီး​လျှင်၊ ဤ​အ​ဆုံး​စွန်​သော ကာ​လ​များ​၌​သင်​တို့​၏​အ​ကျိုး​ငှာ​ထင် ရှား​ပေါ်​ထွန်း​စေ​တော်​မူ​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ