Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ဗြဲ 13:11

Common Language Bible

ယု​ဒ​ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​တိ​ရစ္ဆာန်​များ ၏​သွေး​ကို​အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ အ​ဖြစ်​ဖြင့် အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် သို့​ယူ​ဆောင်​ခဲ့​သော်​လည်း​ယဇ်​ကောင်​တို့​ကို မူ​ကား​စ​ခန်း​အ​ပြင်​၌​မီး​ရှို့​ပစ်​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

နွား​၏​အ​သား၊ သား​ရေ​နှင့်​ဝမ်း​တွင်း​သား​တို့ ကို​မူ​ကား၊ စ​ခန်း​အ​ပြင်​၌​မီး​ရှို့​ရ​မည်။ ထို ယဇ်​ပူ​ဇော်​ခြင်း​သည်​ယဇ်​ပု​ရော​ဟိတ်​များ​၏ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​၏။

အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဖြင့်​ပူ​ဇော်​သည့် နွား​ကို​ယူ​၍​ဗိ​မာန်​တော်​အ​ပြင်​ဘက်​သတ် မှတ်​ထား​သည့်​အ​ရပ်​တွင်​မီး​ရှို့​ရ​မည်။-

အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်​များ​ဖြစ်​သည့်​နွား နှင့်​ဆိတ်​သွေး​ကို အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န တော်​ထဲ​သို့​ယူ​ဆောင်​ပြီး​နောက် ယဇ်​ကောင် များ​၏​အ​သား၊ သား​ရေ၊ ဝမ်း​တွင်း​သား​ရှိ သ​မျှ​ကို​စ​ခန်း​အ​ပြင်​သို့​ထုတ်​ဆောင်​၍ မီး​ရှို့​ပစ်​ရ​မည်။-

ထို​နောက်​သူ​သည်​အ​ဝတ်​လဲ​၍ စ​ခန်း​အ​ပြင် ရှိ​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင်​ရာ အ​ရပ်​သို့​ပြာ​ကို​ယူ​ဆောင်​သွား​ရ​မည်။-

သို့​ရာ​တွင်​ယဇ်​ကောင်​၏​သွေး​ကို​တဲ​တော်​ထဲ​သို့ ယူ​ဆောင်​၍ အ​ပြစ်​ဖြေ​ရာ​ဝတ်​တွင်​အ​သုံး​ပြု လျှင်​ထို​ယဇ်​ကောင်​၏​အ​သား​ကို​မ​စား​ရ။ မီး​ရှို့​ရ​မည်။

သို့​ရာ​တွင်​အ​သား​နှင့်​သား​ရေ​ကို​စ​ခန်း အ​ပြင်​တွင်​မီး​ရှို့​သည်။

သူ​၏​သား​တို့​သည်​သူ​ထံ​သို့​သွေး​အ​နည်း ငယ်​ကို​ယူ​လာ​သ​ဖြင့် သူ​သည်​သွေး​ထဲ​သို့ လက်​ချောင်း​ကို​နှစ်​၍ ယဇ်​ပလ္လင်​ထောင့်​အ​တက် များ​ကို​သွေး​ဖြင့်​သုတ်​လေ​သည်။ သူ​သည် ကျန်​သော​သွေး​ကို​ယဇ်​ပလ္လင်​အောက်​ခြေ တွင်​သွန်း​လောင်း​လေ​သည်။-

ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​ထံ​သို့​ယူ​ဆောင်​ခဲ့ ရ​သည်။ နွား​ကို​စ​ခန်း​အ​ပြင်​သို့​ထုတ်​၍ ယဇ်​ပု​ရော​ဟိတ်​၏​ရှေ့​မှောက်​တွင်​သတ်​ရ​မည်။-

ထို့​နောက်​သူ​သည်​မိ​မိ​အ​ဝတ်​များ​ကို​ဖွပ် လျှော်​၍ ရေ​ချိုး​ပြီး​လျှင်​စ​ခန်း​တွင်း​သို့​ဝင် နိုင်​သည်။ သို့​ရာ​တွင်​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ သူ​သည်​ည​နေ​ခင်း​သို့​တိုင်​အောင် မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ