ဟေဗြဲ 12:4Common Language Bibleသင်တို့သည်အပြစ်ဒုစရိုက်နှင့်ဆိုင်ပြိုင် တိုက်ခိုက်ကြရာတွင် ယခုအချိန်အထိ သေဘေးနှင့်ရင်မဆိုင်ကြရသေးပေ။- အခန်းကိုကြည့်ပါ။ |
သင်တို့တွေ့ကြုံရသည့်စုံစမ်းနှောင့်ယှက်ခြင်း များသည်လူအပေါင်းတို့တွေ့ကြုံနေကြ၊ သာ မန်စုံစမ်းနှောင့်ယှက်ခြင်းများသာဖြစ်၏။ ဘုရား သခင်သည်ကတိတည်တော်မူသောအရှင်ဖြစ် တော်မူသဖြင့် သင်တို့အားမိမိတို့ခံနိုင်သည် ထက်ပို၍စုံစမ်းနှောင့်ယှက်ခြင်းကိုခံစေတော် မူလိမ့်မည်မဟုတ်။ စုံစမ်းနှောင့်ယှက်ခြင်းခံရ ချိန်၌ခံနိုင်သောခွန်အားကိုပေးတော်မူသဖြင့် ထိုစုံစမ်းနှောင့်ယှက်ခြင်းမှလွတ်မြောက်ရန် လမ်းဖွင့်ပေးတော်မူလိမ့်မည်။
ငါတို့၏ယုံကြည်ခြင်းတရားကိုအစမှ အဆုံးစီရင်တော်မူသောသခင်ယေရှုကို မျက်မှောက်ပြုကြကုန်အံ့။ ကိုယ်တော်သည် မိမိခံစားရမည့်ဝမ်းမြောက်ခြင်းအတွက် ကြောင့် လက်ဝါးကပ်တိုင်တော်ကိုရှက်ကြောက် ဖွယ်အရာဟူ၍မှတ်တော်မမူဘဲအသေ ခံတော်မူပြီးလျှင် ဘုရားသခင်၏ပလ္လင် တော်လက်ယာဘက်တွင်ထိုင်နေတော်မူ၏။