ထိုမြင်ကွင်းတစ်ခုလုံးသည်အလွန်ထိတ် လန့်ဖွယ်ကောင်းသဖြင့်မောရှေက``ငါသည် ကြောက်လန့်တုန်လှုပ်လျက်နေ၏'' ဟုဆို၏။
ကိုယ်တော်ရှင်ကိုကြောက်ရွံ့သဖြင့်ကွန်တော် မျိုးသည် ကြက်သီးမွေးညင်းထပါ၏။ ကိုယ်တော်ရှင်၏စီရင်တော်မူခက်တို့ကြောင့် ကွန်တော်မျိုးကြောက်ပါ၏။
တတိယနေ့တွင်တောင်ပေါ်၌မိုးချုန်း၍ လျှပ်စီးလက်ပြီးလျှင်ထူထပ်သောမိုးတိမ် ကျရောက်လေသည်။ အလွန်ကျယ်လောင်သော တံပိုးမှုတ်သံလည်းထွက်ပေါ်လာ၏။ ထို အခါစခန်းထဲရှိလူအပေါင်းတို့သည် ကြောက်ရွံ့တုန်လှုပ်ကြ၏။-
တံပိုးမှုတ်သံသည်လည်းပို၍ကျယ်လာ၏။ မောရှေလျှောက်ဆိုသည့်အခါ ဘုရားသခင် သည်မိုးကြိုးသံဖြင့်ဖြေကြားတော်မူ၏။-
အကျွန်ုပ်သည်သခင်၏ရှေ့တွင်ရပ်နေသော ကျွန်နှင့်တူပါ၏။ အဘယ်သို့လျှင်အရှင်နှင့် စကားပြောနိုင်ပါမည်နည်း။ အကျွန်ုပ်မှာ အားအင်မရှိ၊ ထွက်သက်ဝင်သက်လည်း မရှိတော့ပါ'' ဟုလျှောက်ထား၏။
ငါတစ်ဦးတည်းသာလျှင်ထိုအံ့သြဖွယ် ကောင်းသည့်ဗျာဒိတ်ရူပါရုံကိုကြည့် လျက်ကျန်ရစ်၏။ ငါသည်အားပြတ်၍ အဘယ်သူမျှမမှတ်မိနိုင်လောက်အောင် ငါ၏မျက်နှာသည်အသွင်ပြောင်းသွား၏။ အကူအညီမဲ့လျက်ရှိ၏။-
ထာဝရဘုရားက သင်တို့အားသေကြေ ပျက်စီးစေမည့်အမျက်တော်ကိုငါကြောက်၏။ သို့သော်လည်းထာဝရဘုရားသည် ငါ၏ တောင်းပန်လျှောက်ထားခြင်းကိုတစ်ဖန် နားညောင်းတော်မူ၏။-
ငါတို့သည်တရားစီရင်တော်မူခြင်းကိုလည်း ကောင်း၊ ဘုရားသခင်ကိုအတိုက်အခံပြုသူ တို့အားကျွမ်းလောင်စေမည့်အမျက်တော်မီး ကိုလည်းကောင်းကြောက်ရွံ့တုန်လှုပ်လျက်စောင့် မျှော်နေကြရန်သာရှိတော့၏။-
ထိုအရှင်ကိုတွေ့သောအခါငါသည်သူသေ သဖွယ် ခြေတော်ရင်း၌လဲကျသွားလေသည်။ ကိုယ်တော်သည်ငါ့အပေါ်သို့လက်ယာလက် တော်ကိုတင်တော်မူပြီးလျှင်``မကြောက်နှင့် ငါသည်အစနှင့်အဆုံးဖြစ်၏။-