Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ဗြဲ 12:18

Common Language Bible

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကဲ့​သို့​သင်​တို့ သည်​လက်​နှင့်​စမ်း​သပ်​နိုင်​သော​သိ​နာ​တောင် သို့​ရောက်​ရှိ​နေ​ကြ​သည်​မ​ဟုတ်။ ထို​တောင် သည်​မီး​တောက်​မီး​လျှံ​ထ​၍​မဲ​မှောင်​ညို​မှိုင်း ကာ​မုန်​တိုင်း​ကျ​လျက် တံ​ပိုး​ခ​ရာ​မှုတ်​သံ နှင့်​ဗျာ​ဒိတ်​တော်​အ​သံ​ထွက်​ပေါ်​လာ​သည့် တောင်​ဖြစ်​၏။ ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည် ဗျာ​ဒိတ်​တော်​အ​သံ​ကို​နောက်​တစ်​ဖန်​မ​ကြား ရ​စေ​ရန်​မော​ရှေ​အား​တောင်း​ပန်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

လူ​အ​ပေါင်း​တို့​သည်​မိုး​ချုန်း​သံ၊ တံ​ပိုး​မှုတ်​သံ နှင့်​လျှပ်​စစ်​ပြက်​ခြင်း၊ တောင်​မှ​မီး​ခိုး​ထွက်​ခြင်း တို့​ကို​ကြား​ရ​မြင်​ရ​သော​အ​ခါ ကြောက်​ရွံ့ တုန်​လှုပ်​လျက်​အ​ဝေး​၌​ရပ်​နေ​ကြ​၏။-

အ​ပြစ်​တ​ရား​သည်​သင်​တို့​အား​အ​စိုး​မ​ရ​စေ နှင့်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​သည်​ပ​ညတ် တ​ရား​လက်​အောက်​၌​မ​ရှိ။ ဘု​ရား​သ​ခင်​၏ ကျေး​ဇူး​တ​ရား​လက်​အောက်​၌​ရှိ​ကြ​သော ကြောင့်​တည်း။

ဘု​ရား​သ​ခင်​ထံ​တော်​မှ​သင်​တို့​ခံ​ယူ​ရ​ရှိ သည့်​ဝိ​ညာဉ်​တော်​သည် သင်​တို့​အား​ကျွန်​ဖြစ် စေ​သည်​မ​ဟုတ်။ ကြောက်​စိတ်​ကို​လည်း​ရှိ​စေ သည်​မ​ဟုတ်။ ဝိ​ညာဉ်​တော်​သည်​ငါ​တို့​အား ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​ဖြစ်​စေ တော်​မူ​သ​ဖြင့် ငါ​တို့​သည်​ဝိ​ညာဉ်​တော်​၏ တန်​ခိုး​ဖြင့်​ဘု​ရား​သခင်​အား``အဗ္ဗ၊ အဖ'' ဟု ခေါ်​ကြ​၏။-

ကျောက်​ပြား​ပေါ်​၌​အက္ခ​ရာ​တင်​ထား​သည့် ပ​ညတ်​ကို​ပေး​အပ်​စဉ်​က ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ​တော်​ထွန်း​လင်း​တောက်​ပ​တော် မူ​၏။ ထို​ဘုန်း​အ​သ​ရေ​တော်​၏​ရောင်​ပြန်​ဟပ် မှု​သည် မော​ရှေ​၏​မျက်​နှာ​မှ​တ​ဖြည်း​ဖြည်း မှေး​မှိန်​စ​ပြု​သော်​လည်း လွန်​စွာ​တောက်​ပ လျက်​ပင်​ရှိ​နေ​သေး​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​သူ့​ကို​စေ့​စေ့​မ​ကြည့် နိုင်​ကြ။ သေ​ခြင်း​တ​ရား​ကို​ဖြစ်​ပေါ်​စေ သည့်​ပ​ညတ်​တ​ရား​ကို ဤ​သို့​သော​ဘုန်း အ​သ​ရေ​နှင့်​ပေး​အပ်​တော်​မူ​ပါ​လျှင်၊-

အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ဆိုင်​ရာ​တ​ရား​သည် ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​ပါ​လျှင် ကယ်​တင် ခြင်း​ဆိုင်​ရာ​လုပ်​ဆောင်​ချက်​သည်​အ​ဘယ် မျှ​သာ​လွန်​၍ ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ လိမ့်​မည်​နည်း။-

``သင်​တို့​သည်​မည်း​မှောင်​၍​ထူ​ထပ်​သော​တိမ် ဖုံး​လျက် မိုး​ကောင်း​ကင်​သို့​တိုင်​အောင် မီး​လျှံ တက်​နေ​သည့်​တောင်​ခြေ​ရင်း​သို့​ချဉ်း​ကပ်​၍ ရပ်​နေ​ကြ​ကြောင်း​ကို​လည်း​ကောင်း၊-

သင်​တို့​သည်​မီး​ကို​ကြောက်​ရွံ့​သ​ဖြင့်​တောင် ပေါ်​သို့​မ​တက်​ဝံ့​သော​ကြောင့် ငါ​သည်​ထာ​ဝ​ရ ဘု​ရား​နှင့်​သင်​တို့​စပ်​ကြား​တွင်​ရပ်​လျက် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို​သင်​တို့ အား​ဆင့်​ဆို​ခဲ့​၏။''

ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည်​ငါ​တို့​အား ကြောက်​စိတ်​ကို​ပေး​တော်​မ​မူ​ဘဲ​တန်​ခိုး​ကို လည်း​ကောင်း၊ ချစ်​ခြင်း​မေတ္တာ​ကို​လည်း​ကောင်း၊ ကိုယ်​ကို​ချုပ်​တည်း​နိုင်​မှု​ကို​လည်း​ကောင်း​ပေး တော်​မူ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ