ဟေဗြဲ 12:11Common Language Bibleဒဏ်ပေးခြင်းခံရသည်မှာပျော်ရွှင်စရာ မဟုတ်။ ဝမ်းနည်းစရာဟူ၍ထင်မှတ်ရ သော်လည်းယင်းသို့ဆုံးမခြင်းခံရသူတို့ သည်ကားနောင်အခါ၌ဖြောင့်မတ်ခြင်းတည်း ဟူသောငြိမ်သက်ခြင်းအကျိုးကိုရရှိကြ လေသည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်အီဂျစ်အမျိုးသားတို့ အား အပြစ်ဒဏ်ခတ်တော်မူမည်ဖြစ်သော်လည်း သူတို့၏ဒဏ်ရာဒဏ်ချက်များကိုပျောက်ကင်း စေတော်မူပေအံ့။ သူတို့သည်ထာဝရဘုရား ထံတော်သို့ပြောင်းလဲလာသဖြင့် သူတို့တောင်း လျှောက်သံကိုနားထောင်လျက် သူတို့ရောဂါ ကိုပျောက်ကင်းစေတော်မူမည်။
ယခုအခါ၌ဘုရားသခင်နှင့်မှန်ကန်စွာ ဆက်ဆံသူအားပေးအပ်သည့်အောင်ဆုသည် ငါ့အတွက်အသင့်ရှိနေပြီ။ ဖြောင့်မတ်စွာ တရားစီရင်တော်မူသောတရားသူကြီး တည်းဟူသောသခင်ဘုရားသည် ထိုဆုကို တရားစီရင်တော်မူရာနေ့၌ငါ့အားပေး အပ်တော်မူလိမ့်မည်။ ငါ့ကိုသာမကဤ လောကသို့နောက်တစ်ဖန်ကိုယ်တော်ပေါ် ထွန်းတော်မူမည်ကိုတောင့်တစောင့်မျှော်သူ အပေါင်းတို့အားလည်းပေးတော်မူလိမ့်မည်။