ဣသရေလအမျိုးသားတို့၏သားဦးများကို သေမင်းတမန်မသတ်စေရန် သူသည်ယုံကြည် ခြင်းအားဖြင့်ပသခါပွဲကိုစီမံ၍ တံခါး တိုင်များကိုသွေးဖြင့်ပက်ဖျန်းစေ၏။
သင်တို့သည်ထိုသူအချို့တို့ကဲ့သို့မညည်း မညူကြနှင့်။ သူတို့သည်သေမင်း၏တမန် လက်ချက်ဖြင့်ဆုံးပါးပျက်စီးရကြ၏။
သင်တို့သည်ပဋိညာဉ်တော်သစ်ကိုစီရင် တော်မူသောသခင်ယေရှု၏ထံတော်သို့ လည်းကောင်း၊ အာဗေလ၏သွေးထက်သာ ၍မြတ်သောအရာကိုမျှော်လင့်ချက်ပေး သည့်ပက်ဖျန်းသောသွေးတော်၏ထံသို့ လည်းကောင်းရောက်ရှိနေကြ၏။
မောရှေသည်ပညတ်တရားတော်တွင်ပါရှိသည့် ပညတ်ရှိသမျှတို့ကိုလူအပေါင်းတို့အား ကြေညာပြီးသောအခါ သိုးမွေးနီနှင့်ဟုဿုတ် ပင်ခက်ကိုအသုံးပြုကာရေနှင့်ရောသောနွား သွေး၊ ဆိတ်သွေးဖြင့်ပညတ်ကျမ်းစာလိပ်ကို လည်းကောင်း၊ လူအပေါင်းတို့ကိုလည်းကောင်း ပက်ဖျန်းလေသည်။-