Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ဗြဲ 11:22

Common Language Bible

ယော​သပ်​သည်​သေ​ချိန်​နီး​သော​အ​ခါ​ယုံ​ကြည် ခြင်း​အား​ဖြင့် အီ​ဂျစ်​ပြည်​မှ​ဣသ​ရေ​လ​အ​မျိုး သား​တို့​လွတ်​မြောက်​လာ​မည့်​အ​ခြင်း​အ​ရာ ကို​ရည်​ညွှန်း​ပြော​ကြား​ကာ မိ​မိ​၏​အ​ရိုး များ​နှင့်​ပတ်​သက်​၍​မှာ​ကြား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

5 ပူးပေါင်းရင်းမြစ်များ  

ယော​သပ်​က​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား က​တိ​သစ္စာ​ထား​စေ​ခဲ့​သည့်​အ​တိုင်း မော​ရှေ သည်​ယော​သပ်​၏​အ​ရိုး​တို့​ကို​ယူ​ဆောင်​ခဲ့ လေ​သည်။ ယော​သပ်​က``ဘု​ရား​သ​ခင်​သည် သင်​တို့​ကို​ကယ်​တင်​ထုတ်​ဆောင်​သော​အ​ခါ ငါ့​အ​ရိုး​တို့​ကို​ဤ​အ​ရပ်​မှ​ယူ​ဆောင် သွား​ရ​မည်'' ဟု​ခိုင်​မြဲ​သော​က​တိ​ပြု စေ​၏။

သူ​တို့​သည်​ဘုန်း​အ​သ​ရေ​နှင့်​တ​ကွ​ပေါ်​လာ ၍​ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​ရ​မ​ကြာ​မီ ယေ​ရု​ရှ​လင်​မြို့​တွင်​ကိုယ်​တော်​အ​သေ​ခံ​တော် မူ​ရ​မည့်​အ​ကြောင်း​ကို​ကိုယ်​တော်​နှင့်​ပြော​ဆို နေ​ကြ​သ​တည်း။-

သူ​တို့​၏​အ​လောင်း​များ​ကို​ရှေ​ခင်​မြို့​သို့​ပို့ ဆောင်​ပြီး​လျှင် အာ​ဗြ​ဟံ​ဝယ်​ယူ​ထား​ခဲ့​သည့် သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​သင်္ချိုင်း​ကား​ဟာ မော်​၏​သား​များ​ထံ​မှ​အာ​ဗြ​ဟံ​အ​ဖိုး​ငွေ ပေး​၍​ဝယ်​ယူ​ထား​သော​သင်္ချိုင်း​ဖြစ်​သ​တည်း။''

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​အီ​ဂျစ် ပြည်​မှ​ယူ​ဆောင်​ခဲ့​သော​ယော​သပ်​၏​အ​ရိုး များ​ကို ရှေ​ခင်​၏​ဖ​ခင်​ဟာ​မော်​၏​သား​များ ထံ​မှ​ယာ​ကုပ်​ငွေ​တစ်​ရာ​ဖြင့်​ဝယ်​သော ရှေ​ခင် မြို့​ရှိ​မြေ​ကွက်​တွင်​မြှုပ်​နှံ​ကြ​လေ​သည်။ ဤ မြေ​ကွက်​သည်​ယော​သပ်​၏​အ​ဆက်​အ​နွယ် များ​ဆက်​ခံ​ရ​ရှိ​သော​မြေ​ကွက်​ဖြစ်​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ