ဟေဗြဲ 11:12Common Language Bibleအာဗြဟံသည်သူသေနှင့်မထူးခြား သော်လည်း သူတစ်ယောက်မှပေါက်ဖွားလာ သောသားမြေးများမှာကောင်းကင်ကြယ် များကဲ့သို့လည်းကောင်း၊ မရေမတွက်နိုင် သောပင်လယ်ကမ်းခြေသဲလုံးများကဲ့သို့ လည်းကောင်းများပြားသတည်း။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်၏ကျွန်အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့ကိုအောက်မေ့သတိရတော်မူ ပါ။ ကိုယ်တော်သည်သူတို့၏အဆက်အနွယ် တို့ကိုမိုးကောင်းကင်ကြယ်များကဲ့သို့ ပွား များစေမည်ဖြစ်ကြောင်းနှင့်ကိုယ်တော်ရှင် ကတိထားတော်မူသော ထိုပြည်အားလုံး ကိုသူတို့၏အဆက်အနွယ်တို့အား ထာဝစဉ်ပိုင်ဆိုင်ရန်ပေးမည်ဖြစ်ကြောင်း ကိုသတိရတော်မူပါ။-''
ယခုအခါ၌ဣသရေလအမျိုးသားတို့ သည် သမုဒ္ဒရာသဲလုံးနှင့်အမျှများသော် လည်း အချို့သာလျှင်အထံတော်သို့ပြန် လာကြလိမ့်မည်။ ဘုရားသခင်သည်သူတို့ အားသုတ်သင်ဖျက်ဆီးပစ်ရန် စီမံထားပြီး ဖြစ်ပေသည်။ သူတို့သည်လည်းယင်းသို့သုတ် သင်ဖျက်ဆီးခြင်းကိုလုံးဝခံထိုက်ကြ သတည်း။-
ဣသရေလပြည်သားတို့သည်ပင်လယ်ထဲမှ သဲပွင့်များကဲ့သို့ မရေမတွက်မတိုင်းမတာ နိုင်လောက်အောင်များပြားကြလိမ့်မည်။ ယခု အခါ၌ဘုရားသခင်ကသူတို့အား``သင် တို့သည်ငါ၏လူစုမဟုတ်'' ဟုမိန့်တော်မူ သော်လည်းနောင်တစ်နေ့တွင်``သင်တို့သည် အသက်ရှင်တော်မူသောဘုရားသခင်၏ သားသမီးများဖြစ်ကြ၏'' ဟုမိန့်တော် မူလိမ့်မည်။-