Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ဗြဲ 10:19

Common Language Bible

သို့​ဖြစ်​၍​ငါ​၏​ညီ​အစ်​ကို​တို့၊ သ​ခင်​ယေ​ရှု အ​သေ​ခံ​တော်​မူ​ခြင်း​အား​ဖြင့် ငါ​တို့​သည် လွတ်​လပ်​စွာ​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် သို့​ဝင်​ခွင့်​ရ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ရှင်​သည်​ငါ​တို့​အား​ယုံ​ကြည်​ခြင်း​ကြောင့် ဤ​ကဲ့​သို့​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ခံ စား​စေ​တော်​မူ​၏။ ထို​ကျေး​ဇူး​တော်​ကို​ယ​ခု​ငါ တို့​ခံ​စား​လျက်​ရှိ​ကြ​၏။ သို့​ဖြစ်​၍​ငါ​တို့​သည် ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ခံ​စား ရန်​မျှော်​လင့်​ခြင်း​အ​တွက်​ဝါ​ကြွား​ဝမ်း​မြောက် ကြ​၏။-

ဘု​ရား​သ​ခင်​ထံ​တော်​မှ​သင်​တို့​ခံ​ယူ​ရ​ရှိ သည့်​ဝိ​ညာဉ်​တော်​သည် သင်​တို့​အား​ကျွန်​ဖြစ် စေ​သည်​မ​ဟုတ်။ ကြောက်​စိတ်​ကို​လည်း​ရှိ​စေ သည်​မ​ဟုတ်။ ဝိ​ညာဉ်​တော်​သည်​ငါ​တို့​အား ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​ဖြစ်​စေ တော်​မူ​သ​ဖြင့် ငါ​တို့​သည်​ဝိ​ညာဉ်​တော်​၏ တန်​ခိုး​ဖြင့်​ဘု​ရား​သခင်​အား``အဗ္ဗ၊ အဖ'' ဟု ခေါ်​ကြ​၏။-

လူ​မျိုး​ခြား​များ​နှင့်​ယု​ဒ​အ​မျိုး​သား​များ ဖြစ်​သည့်​ငါ​တို့​သည် ခ​ရစ်​တော်​အား​ဖြင့်​တစ် ပါး​တည်း​သော​ဝိ​ညာဉ်​တော်​ကို​အ​မှီ​ပြု​လျက် ခ​မည်း​တော်​၏​ရှေ့​တော်​သို့​ဝင်​ရောက်​ခွင့်​ရ​ရှိ ကြ​ပေ​သည်။

ငါ​တို့​သည်​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ ထို​သ​ခင်​ကို ယုံ​ကြည်​ခြင်း​ဖြင့်​လည်း​ကောင်း ဘု​ရား​သ​ခင် ထံ​တော်​သို့​ရဲ​ဝံ့​ယုံ​ကြည်​စိတ်​ချ​စွာ​ချဉ်း​ကပ် ခွင့်​ကို​ရ​ရှိ​ကြ​၏။-

ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည်​ငါ​တို့​အား ကြောက်​စိတ်​ကို​ပေး​တော်​မ​မူ​ဘဲ​တန်​ခိုး​ကို လည်း​ကောင်း၊ ချစ်​ခြင်း​မေတ္တာ​ကို​လည်း​ကောင်း၊ ကိုယ်​ကို​ချုပ်​တည်း​နိုင်​မှု​ကို​လည်း​ကောင်း​ပေး တော်​မူ​၏။

ဤ​သို့​အ​ပြစ်​များ​ဖြေ​လွှတ်​ခွင့်​ရ​ရှိ​ကြ​သော အ​ခါ အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သကာ​များ​ကို​ဆက် သ​ရန်​လို​တော့​မည်​မ​ဟုတ်​ပေ။

သို့​ဖြစ်​၍​ရဲ​စွမ်း​သတ္တိ​ရှိ​ကြ​လော့။ ရဲ​စွမ်း သတ္တိ​ရှိ​ခြင်း​သည်​ကြီး​မြတ်​သော​ဆု​လာဘ် ကို​ရ​ရှိ​စေ​လိမ့်​မည်။-

ထို့​ကြောင့်​ငါ​တို့​ရ​ရှိ​ကြ​သည့်​နိုင်​ငံ​တော် သည်​မ​တုန်​မ​လှုပ်​နိုင်​သည်​ဖြစ်​ရာ​ငါ​တို့ သည်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​စို့။ ငါ တို့​သည်​ကျေး​ဇူး​တင်​၍​ကြောက်​ရွံ့​ရို​သေ သော​သ​ဘော​နှင့်​ကိုယ်​တော်​အား နှစ်​သက် တော်​မူ​သော​နည်း​ဖြင့်​ဝတ်​ပြု​ကိုး​ကွယ် ကြ​ကုန်​အံ့။-

ဘု​ရား​သ​ခင်​ရွေး​ချယ်​ခေါ်​ယူ​တော်​မူ​ခြင်း ကို ခံ​ရ​သော​သန့်​ရှင်း​သူ​ညီ​အစ်​ကို​တို့၊ သ​ခင် ယေ​ရှု​အ​ကြောင်း​ကို​စဉ်း​စား​ဆင်​ခြင်​ကြ လော့။ ငါ​တို့​၏​ဘာ​သာ​တ​ရား​တော်​ဆိုင်​ရာ ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​တော်​မူ​စေ​ရန် ကိုယ် တော်​အား​ဘု​ရား​သ​ခင်​စေ​လွှတ်​တော်​မူ​၏။-

ခ​ရစ်​တော်​မူ​ကား​ဘု​ရား​သ​ခင်​၏​အိမ်​တော် ကို​အ​စိုး​ရ​သော​သား​တော်​အ​နေ​ဖြင့် သစ္စာ စောင့်​တော်​မူ​သ​တည်း။ ငါ​တို့​သည်​ရဲ​စွမ်း သတ္တိ​ရှိ​၍​မိ​မိ​တို့​မျှော်​လင့်​သည့်​အ​ရာ​ကို ယုံ​ကြည်​စိတ်​ချ​မှု​ရှိ​ပါ​လျှင်​ငါ​တို့​သည် ကိုယ်​တော်​၏​အိမ်​တော်​ဖြစ်​ကြ​၏။

သို့​ဖြစ်​၍​ကူ​ညီ​ရန်​လို​အပ်​ချိန်​၌​က​ရု​ဏာ တော်​နှင့်​ကျေး​ဇူး​တော်​ကို​ခံ​စား​ခြင်း​ငှာ ငါ​တို့​သည်​ရဲ​ရင့်​သော​စိတ်​နှင့်​ကျေး​ဇူး​တော် ရှိ​ရာ​ဘု​ရား​သ​ခင်​၏​ပလ္လင်​တော်​သို့​တိုး​ဝင် ချဉ်း​ကပ်​ကြ​စို့။

သို့​ဖြစ်​၍​ကိုယ်​တော်​သည်​မိ​မိ​ကို​အ​မှီ​ပြု​၍ ဘု​ရား​သ​ခင်​ထံ​တော်​သို့​ချဉ်း​ကပ်​ကြ​သူ အ​ပေါင်း​တို့​အား အ​ခါ​ခပ်​သိမ်း​ကယ်​တင်​တော် မူ​နိုင်​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​သည် ထို​သူ​တို့​အ​တွက်​ဘု​ရား​သ​ခင်​ထံ​တော်​တွင် အ​သ​နား​ခံ​ရန်​ထာ​ဝ​စဉ်​အ​သက်​ရှင်​လျက် ရှိ​တော်​မူ​သော​ကြောင့်​တည်း။

ကိုယ်​တော်​သည်​အ​လွန်​သန့်​ရှင်း​ရာ​ဌာ​န​တော် ထဲ​သို့ တစ်​ကြိမ်​တည်း​အ​ပြီး​အ​ပိုင်​ဝင်​တော်​မူ သော​အ​ခါ၊ ယဇ်​ပူ​ဇော်​ရန်​ဆိတ်​သွေး၊ နွား​သွေး နှင့်​ဝင်​တော်​မ​မူ။ မိ​မိ​ကိုယ်​တော်​တိုင်​၏​သွေး နှင့်​ဝင်​တော်​မူ​၍ ငါ​တို့​အား​ထာ​ဝ​ရ ကယ်​တင်​ခြင်း​ကို​ပေး​တော်​မူ​၏။-

ဒု​တိ​ယ​ကန့်​လန့်​ကာ​နောက်​၌​အ​လွန်​သန့်​ရှင်း ရာ​ဌာ​န​တော်​ဟု​ခေါ်​သော​တဲ​တော်​ရှိ​၏။-

ငါ​တို့​၌​ကိုယ်​တော်​၏​မေတ္တာ​တော်​ပြည့်​ဝ​စုံ လင်​ခြင်း​အား​ဖြင့် တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့ ၌​ငါ​တို့​သည်​ရဲ​ရင့်​တည်​ကြည်​မှု​ကို​ရ​ရှိ​နိုင် ကြ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​လော​က ၌​ငါ​တို့​သည်​ခ​ရစ်​တော်​နည်း​တူ​အ​သက် ရှင်​ကြ​သော​ကြောင့်​ဖြစ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ