ဟေဗြဲ 10:1Common Language Bibleယုဒပညတ်တရားသည်စစ်မှန်သည့်အရာ များ၏ တိကျမှန်ကန်သောပုံတူမဟုတ်ပေ။ သက်ရောက်လတ္တံ့သောကောင်းကျိုးချမ်းသာများ ၏အရိပ်အရောင်မျှကိုသာဖော်ပြပေသည်။ ပညတ်တရားအရနှစ်စဉ်နှစ်တိုင်းယဇ်ကို ပူဇော်ကြရ၏။ သို့ဖြစ်၍ပညတ်တရားသည် ဘုရားသခင်ထံတော်သို့ချဉ်းကပ်သူတို့အား အဘယ်သို့လျှင်ပြည့်ဝစုံလင်သူများဖြစ် လာစေနိုင်ပါမည်နည်း။- အခန်းကိုကြည့်ပါ။ |
လူ့ဇာတိသဘောအားနည်းမှုကြောင့်ပညတ် တရားက မဆောင်ရွက်ပေးနိုင်သောအမှုကို ဘုရားသခင်ကဆောင်ရွက်ပေးတော်မူ၏။ ကိုယ်တော်သည်လူ့ဇာတိသဘောတွင်သက် ရှင်လှုပ်ရှားသည့်အပြစ်တရားကိုအပြစ် ဒဏ်စီရင်ရန် မိမိ၏သားတော်အားလောက သို့စေလွှတ်တော်မူ၏။ သားတော်သည်အပြစ် တရားကိုဖျက်ဆီးပစ်ရန်လူ့ဇာတိကို ခံယူတော်မူသည်။-
ဣသရေလအမျိုးသားတို့၏ပညတ်တရား ကိုပေးအပ်ရာ၌ လေဝိအနွယ်ဝင်ယဇ်ပုရော ဟိတ်များကိုအခြေခံ၍ပေးအပ်ခြင်းဖြစ်၏။ အကယ်၍လေဝိအနွယ်ဝင်ယဇ်ပုရောဟိတ် တို့သည်ပြီးပြည့်စုံလင်အောင်ဆောင်ရွက်နိုင် ကြပါမူ အာရုန်၏အရိုက်အရာအစားမေ လခိဇေဒက်၏အရိုက်အရာကိုဆက်ခံသူ အခြားယဇ်ပုရောဟိတ်တစ်ပါးပေါ်ထွန်း လာရန်မလိုပေ။-
ယဇ်ပုရောဟိတ်များပြုသောအမှုအရာများ သည် ကောင်းကင်ဘုံရှိအမှုအရာများ၏ပုံတူ နှင့်အရိပ်အရောင်မျှသာဖြစ်ပေသည်။ မောရှေ ပြုခဲ့သည့်အမှုအရာများသည်လည်း ဤနည်း အတိုင်းပင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော်သူ သည်ပဋိညာဉ်တဲတော်ကိုတည်ဆောက်မည်ပြု သောအခါ ဘုရားသခင်က``တောင်ပေါ်တွင် သင့်အားငါပြခဲ့သည့်ပုံစံနှင့်အညီ အလုံး စုံတို့ကိုပြုလုပ်ရန်သတိမမေ့နှင့်'' ဟု ညွှန်ကြားတော်မူခဲ့သောကြောင့်ဖြစ်၏။-
သို့ရာတွင်ခရစ်တော်သည်ယခုငါတို့ခံစား ရကြသည့် ကောင်းမြတ်သည့်အရာများနှင့် သက်ဆိုင်သောယဇ်ပုရောဟိတ်မင်းအဖြစ် ဖြင့်ကြွလာတော်မူလေပြီ။ ကိုယ်တော်အမှု တော်ဆောင်ရာတဲတော်သည် ပိုမို၍ကြီးမြတ် ပြီးပြည့်စုံလင်ပေသည်။ ထိုတဲတော်ကားလူ တို့လက်ဖြင့်တည်ဆောက်သောတဲတော်မဟုတ်။ ဤအဖန်ဆင်းခံလောကနှင့်မသက်ဆိုင်။-