Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟေ​ဗြဲ 1:5

Common Language Bible

ဘု​ရား​သ​ခင်​က​အ​ဘယ်​ကောင်း​ကင်​တ​မန်​ကို​မျှ ``သင်​သည်​ငါ​၏​သား​ဖြစ်​၏။ ယ​နေ့​ပင်​ငါ​သည်​သင်​၏​အ​ဖ​ဖြစ်​လာ​၏'' ဟူ​၍​သော်​လည်း​ကောင်း၊ အ​ဘယ်​ကောင်း​ကင်​တ​မန်​နှင့်​မျှ​ပတ်​သက်​၍ ``ငါ​သည်​သူ​၏​အ​ဖ​ဖြစ်​မည်။ သူ​သည်​လည်း​ငါ​၏​သား​ဖြစ်​ရ​လိမ့်​မည်'' ဟူ​၍​သော်​လည်း​ကောင်း မိန့်​မြွက်​တော်​မူ​ခဲ့​ဖူး​သည်​မ​ရှိ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ငါ​သည်​သူ​၏​အ​ဖ​ဖြစ်​၍​သူ​သည်​လည်း​ငါ ၏​သား​ဖြစ်​ရ​လိမ့်​မည်။ သူ​သည်​အ​မှား​ကို ပြု​သော​အ​ခါ​အ​ဖ​က​သား​ကို​ဆုံး​မ သ​ကဲ့​သို့​သူ့​ကို​ဆုံး​မ​မည်။-

ငါ​သည်​သူ​၏​အဖ​ဖြစ်​လိမ့်​မည်။ သူ​သည်​လည်း ငါ​၏​သား​ဖြစ်​လိမ့်​မည်။ ငါ​သည်​သင့်​အား​ဘု​ရင် အ​ဖြစ်​ဖြင့်​ချီး​မြှောက်​နိုင်​ရန်​ရှော​လု​ကို​ဖယ် ရှား​၍ ငါ​၏​အ​ထောက်​အ​ကူ​ကို​သူ့​ထံ​မှ ရုတ်​သိမ်း​သ​ကဲ့​သို့ သင်​၏​သား​ထံ​မှ​ရုတ်​သိမ်း လိမ့်​မည်​မ​ဟုတ်။-

သူ​သည်​ငါ​၏​အ​ဖို့​ဗိ​မာန်​တော်​တစ်​ဆောင် ကို​တည်​ဆောက်​ရ​လိမ့်​မည်။ သူ​သည်​ငါ​၏ သား​ဖြစ်​ရ​လိမ့်​မည်။ ငါ​သည်​လည်း​သူ​၏ အဖ​ဖြစ်​လိမ့်​မည်။ သူ​၏​နန်း​ဆက်​သည် ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​အ​စဉ်​အ​မြဲ​တည် လိမ့်​မည်' ဟု​မိန့်​တော်​မူ​၏'' ဟူ​၍​ပြော ကြား​တော်​မူ​၏။

``ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား`သင်​၏​သား ရှော​လ​မုန်​သည်​ငါ​၏​ဗိ​မာန်​တော်​ကို​တည် ဆောက်​ရ​မည့်​သူ​ဖြစ်​၏။ သူ့​အား​ငါ​သည် ငါ​၏​သား​အ​ဖြစ်​ဖြင့်​ရွေး​ချယ်​တော်​မူ ပြီ။ ငါ​သည်​လည်း​သူ​၏​အ​ဖ​ဖြစ်​လိမ့် မည်။-

မင်း​ကြီး​က``ထာ​ဝ​ရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​ကို ငါ​ကြေ​ငြာ​မည်။ ကိုယ်​တော်​က​ငါ့​အား`သင်​သည်​ငါ​၏​သား ဖြစ်​၏။ ယ​နေ့​ပင်​လျှင်​ငါ​သည်​သင်​၏​အ​ဖ​ဖြစ်​လာ ပြီ။

ထို​နည်း​တူ​စွာ​ခ​ရစ်​တော်​သည်​လည်း​ယဇ် ပု​ရော​ဟိတ်​မင်း​၏​ဂုဏ်​ပုဒ်​ကို မိ​မိ​အ​လို အ​လျောက်​ခံ​ယူ​တော်​မူ​သည်​မ​ဟုတ်။ ဘု​ရား သ​ခင်​က​ကိုယ်​တော်​အား၊ ``သင်​သည်​ငါ​၏​သား​ဖြစ်​၏။ ယ​နေ့​ပင်​လျှင် ငါ​သည်​သင်​၏​အ​ဖ​ဖြစ်​လာ​၏'' ဟူ​၍​လည်း​ကောင်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ