ဟောရှေ 9:1Common Language Bibleဣသရေလပြည်သားတို့၊ အခြားသောလူ မျိုးများကဲ့သို့ပျော်ပွဲရွှင်ပွဲများကိုမ ကျင်းပကြနှင့်။ သင်တို့သည်သင်တို့၏ ဘုရားသခင်ကိုသစ္စာဖောက်ကြပြီ။ သင် တို့သည်တိုင်းပြည်တစ်ဝှမ်းလုံးတွင် မိမိ ကိုယ်ကိုပြည့်တန်ဆာအဖြစ်ဗာလဘုရား ထံရောင်းစားကြပြီ။ သီးထွက်ကောင်းမှု များသည်ဗာလဘုရားကြောင့်ရသည်ဟု သင်တို့ထင်မှတ်ကြသည်။- အခန်းကိုကြည့်ပါ။ |
သင်၏ဒုစရိုက်ကသင့်ကိုဒဏ်ခတ်လိမ့်မည်။ သင်၏ဖောက်ပြန်မှုကသင့်ကိုအပြစ်ဒဏ် ပေးပါလိမ့်မည်။ မိမိ၏ဘုရားသခင်ထာဝရဘုရားအားသင် စွန့်ပစ်မှု၊ ငါ့အားမကြောက်မရွံ့တော့ဘဲနေသောအမှုတို့သည် အဘယ်မျှဆိုးညစ်မိုက်မဲသည်ကိုသင်သိရှိ လာလိမ့်မည်။ ဤကားအနန္တတန်ခိုးရှင်ငါထာဝရဘုရား မြွက်ဟသည်စကားပင်တည်း။
အို ဣသရေလ၊သင်သည်ရှေးအခါကပင်ငါ၏ ထမ်းပိုးကိုချိုး၍ငါ၏နှောင်ကြိုးများကိုဖြတ် ခဲ့၏။ သင်သည်ငါ၏စကားကိုနားမထောင်ငါ့အား ဝတ်မပြုမကိုးကွယ်။ တောင်မြင့်ရှိသမျှအပေါ်၌လည်းကောင်း၊စိမ်း လန်းသည့် သစ်ပင်ရှိသမျှအောက်၌လည်းကောင်း၊ သင်သည်ပြည့်တန်ဆာကဲ့သို့ပြုမူခဲ့လေသည်။
ငါတို့သည်မိမိတို့ယခင်ကပြောကြားခဲ့ သည့်အမှုတို့ကိုသာပြုကြပါမည်။ ယုဒ မြို့များနှင့်ယေရုရှလင်လမ်းများတွင်ငါ တို့နှင့်ငါတို့ဘိုးဘေးများ၊ ငါတို့ဘုရင် နှင့်ခေါင်းဆောင်များပြုလေ့ရှိသည့်အတိုင်း ကောင်းကင်ဘုရင်မဟုအမည်တွင်သော နတ်သမီးကိုယဇ်ပူဇော်၍ သူ၏အဖို့ စပျစ်ရည်ပူဇော်သကာများကိုသွန်းလောင်း ပါမည်။ ထိုစဉ်အခါကငါတို့သည်ဝစွာ စားရကြ၏။ ချမ်းသာကြွယ်ဝလျက်ဘေး ဒုက္ခနှင့်ကင်းဝေးခဲ့ကြ၏။-
ရှမာရိမြို့သားတို့သည်ဗေသဝင်မြို့တွင် ရှိသောရွှေနွားရုပ်ဆုံးရှုံးရသဖြင့် ကြောက်ရွံ့ ၍ငိုကြွေးမြည်တမ်းလိမ့်မည်။ ထိုရုပ်တုကို ကိုးကွယ်သောသူများနှင့်ယဇ်ပုရောဟိတ် တို့သည်ရွှေနွားရုပ်အတွက်ငိုကြွေးကြ လိမ့်မည်။ ထိုရွှေရုပ်တု၏ဘုန်းတန်ခိုးကွယ် ပျောက်၍တိုင်းတစ်ပါးသို့ယူဆောင်သွား ခြင်းခံရသောအခါ သူတို့သည်မြည် တမ်းကြလိမ့်မည်။-
သင်တို့ပျော်ပွဲရွှင်ပွဲများကိုမသာပွဲအဖြစ် သို့ပြောင်းပစ်မည်။ သင်တို့တက်ကြွရွှင်မြူးသော တေးသံတို့ကိုငိုကြွေးသံများဖြစ်သွားစေ မည်။ သင်တို့သည်ဆံပင်များကိုရိတ်ပြီးလျှော် တေအဝတ်ကိုဝတ်ရလိမ့်မည်။ တစ်ဦးတည်း သောသားသေဆုံးသဖြင့်ရတက်ပွားရသည့် မိဘပမာဖြစ်ရကြမည်။ နေဝင်သည့်တိုင် ထိုနေ့တာသည်ဆိုးဝါးလှမည်။