Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟော​ရှေ 8:4

Common Language Bible

` ``ငါ​၏​လူ​မျိုး​တော်​သည်​မိ​မိ​တို့​၏​ဆန္ဒ အ​လျောက်​ရှင်​ဘု​ရင်​များ​ကို​ရွေး​ချယ်​တင် မြှောက်​ခဲ့​ကြ​၏။ ငါ​၏​သ​ဘော​တူ​ညီ​ချက် မ​ရ​ဘဲ​ခေါင်း​ဆောင်​များ​ကို​ခန့်​ထား​ကြ​၏။ မိ​မိ​တို့​၏​ရွှေ​ငွေ​နှင့်​ရုပ်​တု​များ​ကို​သွန်း လုပ်​သ​ဖြင့် မိ​မိ​တို့​၏​ပျက်​စီး​ရာ​ပျက်​စီး ကြောင်း​ကို​သာ​ဖန်​တီး​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ယင်း​သို့​တွေး​တော​ပြီး​နောက် ယေ​ရော​ဗောင်​သည် ရွှေ​နွား​လား​ဥ​သ​ဘ​ရုပ်​နှစ်​ကောင်​ကို​သွန်း လုပ်​၍​ပြည်​သူ​တို့​အား``သင်​တို့​သည်​ကိုး​ကွယ် ဝတ်​ပြု​ရန်​အ​တွက် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရ ကြ​သည်​မှာ​ကာ​လ​အ​တော်​ကြာ​ပြီ။ အို ဣ​သ ရေ​လ​ပြည်​သူ​တို့၊ သင်​တို့​အား​အီ​ဂျစ်​ပြည် မှ​ထုတ်​ဆောင်​လာ​တော်​မူ​သော​ဘု​ရား​များ ကား​ဤ​ဘုရား​များ​ပင်​တည်း'' ဟု​မိန့်​တော် မူ​၏။-

ဤ​သို့​သူ​ကူး​လွန်​သည့်​အ​ပြစ်​ကြောင့်​သူ​၏ မင်း​ဆက်​သည်​လုံး​ဝ​ပျက်​သုဉ်း​၍​သွား​လေ​၏။

သူ​သည်​ယေ​ရော​ဗောင်​ကဲ့​သို့​အ​ပြစ်​ကူး​ရ​ရုံ ဖြင့်​မ​ကျေ​နပ်​ဘဲ ထို​ထက်​တစ်​ဆင့်​တက်​ပြီး လျှင်​ဇိ​ဒုန်​မင်း​ဧ​သ​ဗာ​လ​၏​သ​မီး​တော် ယေ​ဇ​ဗေ​လ​ကို​မိ​ဖု​ရား​မြှောက်​၍​ဗာ​လ ဘု​ရား​ကို​ဝတ်​ပြု​ကိုး​ကွယ်​လေ​သည်။-

လူ​သည်​မိ​မိ​ကိုး​ကွယ်​ရန်​ဘု​ရား​များ​ကို ပြု​လုပ်​နိုင်​ပါ​သ​လော။ မ​ပြု​လုပ်​နိုင်​ပါ။ ပြု လုပ်​လျှင်​လည်း​ယင်း​တို့​သည် ဘု​ရား​သ​ခင် အ​မှန်​ဖြစ်​လိမ့်​မည်​မ​ဟုတ်'' ဟု​ယေ​ရ​မိ လျှောက်​ထား​လေ​၏။

သင်​တို့​ပြု​ကျင့်​လျက်​ရှိ​သည့်​ဆိုး​ညစ်​မှု​ကို စွန့်​ပစ်​၍ စိတ်​နှ​လုံး​အ​သစ်၊ စိတ်​ဝိ​ညာဉ်​အ​သစ် ကို​ယူ​ကြ​လော့။ အ​ချင်း​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သင်​တို့​သည်​အ​ဘယ်​ကြောင့်​သေ ချင်​ကြ​သ​နည်း။-

နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည်​အ​မြင့်​ပေ​ကိုး ဆယ်၊ အ​နံ​ကိုး​ပေ​ရှိ​သော​ရွှေ​ရုပ်​ကြီး​ကို သွန်း​လုပ်​စေ​ပြီး​လျှင်​ဗာ​ဗု​လုန်​ဒု​ရ​လွင် ပြင်​တွင်​တည်​ထား​စေ​တော်​မူ​၏။-

ယ​ခင်​အ​ခါ​က​ဧ​ဖ​ရိမ်​အ​နွယ်​ဝင်​တို့​ပြော သော​စ​ကား​ကို​အ​ခြား​ဣ​သ​ရေ​လ​အ​နွယ် ဝင်​တို့​သည်​ကြောက်​ရွံ့​တုန်​လှုပ်​ကြ​၏။ အ​ခြား သော​ဣ​သ​ရေ​လ​အ​နွယ်​ဝင်​တို့​သည်​ဧ​ဖ​ရိမ် အ​နွယ်​ဝင်​တို့​ကို​ရို​သေ​လေး​စား​ကြ​၏။ သို့ ရာ​တွင်​သူ​တို့​သည်​ဗာ​လ​ဘု​ရား​ကို​ကိုး ကွယ်​သော​အ​ပြစ်​ကြောင့်​သေ​ကြေ​ပျက်​စီး ရ​မည်။-

ငါ​သည်​အ​မျက်​ထွက်​၍​သင်​တို့​အား​ရှင် ဘု​ရင်​များ​ကို​ပေး​ခဲ့​၏။ ငါ​သည်​အ​မျက် ဒေါ​သ​ဖြင့်​ထို​ရှင်​ဘု​ရင်​များ​ကို​ရုပ်​သိမ်း ခဲ့​ပြီ။

သူ​တို့​သည်​အ​တတ်​ပ​ညာ​ရှင်​တို့​၏​အ​ကူ အ​ညီ​နှင့်​ငွေ​ရုပ်​တု​များ​ကို​သွန်း​လုပ်​ခြင်း အား​ဖြင့်​အ​ပြစ်​ပြု​မြဲ​ပြု​ကြ​လျက်​ရှိ​၏။ ထို​နောက်​သူ​တို့​က``ဤ​ရုပ်​တု​များ​ကို​ယဇ် ပူ​ဇော်​ကြ'' ဟု​ဆို​၏။ လူ​သည်​ထို​နွား​ရုပ် တု​များ​ကို​နမ်း​သင့်​ပါ​သ​လော။-

သူ​သည်​ဗာ​လ​ဘု​ရား​ကို​ဝတ်​ပြု​ရာ​၌ ပူ​ဇော်​ဆက်​သ​သော​ဂျုံ​စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ ရွှေ​နှင့်​ငွေ​တို့​ကို​ငါ့​ထံ​မှ​ရ​ရှိ သည်​ဟု​သူ​မ​သိ။-

သူ​တို့​သည်​မွန်​မြတ်​သော​အ​ရာ​ကို​စွန့်​ပစ် ကြ​ပြီ​ဖြစ်​၍ ရန်​သူ​များ​သည်​သူ​တို့​ကို လိုက်​လံ​တိုက်​ခိုက်​ကြ​လိမ့်​မည်။

သို့​ရာ​တွင်​မင်္ဂ​လာ​ဆောင်​သ​တို့​သား​က `မ​ဖွင့် ပေး​နိုင်​ပါ။ သင်​တို့​ကို​ငါ​မ​သိ' ဟု​ပြန်​ပြော​၏။

အိမ်​ရှင်​သည်​ထ​လျက်​တံ​ခါး​ကို​ပိတ်​လိုက်​၍ သင် တို့​သည်​အိမ်​ပြင်​မှာ​ရောက်​ရှိ​နေ​ရ​သော​အ​ဖြစ် နှင့်​တွေ့​ကြုံ​လိမ့်​မည်။ ထို​အ​ခါ​သင်​တို့​က `အ​ရှင်၊ အ​ရှင်၊ အ​ကျွန်ုပ်​တို့​အား​တံ​ခါး​ကို​ဖွင့်​ပေး​တော် မူ​ပါ' ဟု​ဆို​၍​တံ​ခါး​ကို​ခေါက်​သော်​လည်း အိမ်​ရှင်​က `သင်​တို့​အ​ဘယ်​မှ​လာ​သည်​ကို​ငါ မ​သိ' ဟု​ဆို​လိမ့်​မည်။-

သို့​သော်​လည်း​အိမ်​ရှင်​က `သင်​တို့​အ​ဘယ်​မှ​လာ သည်​ကို​ငါ​မ​သိ။ ဆိုး​ညစ်​သော​သူ​တို့၊ ငါ့​ထံ​မှ ထွက်​သွား​ကြ​လော့' ဟူ​၍​ပြန်​ပြော​ပေ​အံ့။-

ငါ​သည်​သိုး​ထိန်း​ကောင်း​ဖြစ်​၏။ ခ​မည်း​တော်​သည် ငါ့​ကို​သိ​တော်​မူ​၍ ငါ​သည်​လည်း​ခ​မည်း​တော် ကို​သိ​သ​ကဲ့​သို့ ငါ​သည်​သိုး​တို့​ကို​သိ​၍​သိုး တို့​သည်​လည်း​ငါ့​ကို​သိ​ကြ​၏။ ငါ​သည်​သိုး​များ အ​တွက်​အ​သက်​ကို​စွန့်​၏။-

ယ​ခု​မှာ​မူ​သင်​တို့​သည်​ဘု​ရား​သ​ခင်​ကို​သိ​ရှိ လာ​ကြ​လေ​ပြီ။ သင်​တို့​အား​ဘု​ရား​သ​ခင်​သိ​ရှိ တော်​မူ​လေ​ပြီ​ဟု​ငါ​ဆို​သင့်​၏။ သို့​ဖြစ်​၍​သင်​တို့ သည်​အား​နည်း​၍​သ​နား​စ​ရာ​ကောင်း​သည့်​ဝိ​ညာဉ် များ​ထံ​သို့​အ​ဘယ်​ကြောင့်​ပြန်​လည်​သွား​လို​ကြ သ​နည်း။ အ​ဘယ်​ကြောင့်​သူ​တို့​၏​ကျွန်​ပြန်​၍ ဖြစ်​လို​ကြ​သ​နည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ