ဟောရှေ 8:10Common Language Bibleသို့ရာတွင်ငါသည်ယခုသူတို့အားစုရုံး စေ၍အပြစ်ဒဏ်စီရင်မည်။ မကြာမီသူ တို့သည်အာရှုရိဧကရာဇ်၏ နှိပ်စက်ညှင်း ပန်းခြင်းဒဏ်ကိုအလူးအလဲခံရကြ လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ကိုယ်တော်သည်(တိဂလတ်ပိလေ သာဟုလည်းနာမည်တွင်သော) အာရှုရိ ပြည်ဧကရာဇ်ဘုရင်ပုလအားသူတို့ ၏တိုင်းပြည်ကိုချင်းနင်းဝင်ရောက်စေ တော်မူ၏။ ကိုယ်တော်သည်ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်နှင့် အရှေ့ပိုင်းမနာရှေအနွယ် ဝင်တို့အားပြည်နှင်ဒဏ်ပေးတော်မူ၍ ဟေလ၊ ဟာဗော်နှင့်ဟာရနယ်များတွင် လည်းကောင်း၊ ဂေါဇန်မြစ်အနီးတွင်လည်း ကောင်း၊ အမြဲတမ်းအခြေစိုက်၍နေ ထိုင်စေတော်မူ၏။
ငါ့အား``အကျွန်ုပ်တို့ပန်ကြားသည့်အမှု ကိုပြုပါလော့။ အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားထံတော်သို့အကျွန်ုပ်တို့ အဖို့ဆုတောင်းပတ္ထနာပြုပါလော့။ ကျန်ရှိ နေသမျှသောအကျွန်ုပ်တို့အတွက်ဆု တောင်းပတ္ထနာပြုပါလော့။ အခါတစ်ပါး ကအကျွန်ုပ်တို့သည်အရေအတွက်အား ဖြင့်များပါ၏။ သို့ရာတွင်ယခုအခါ၌ အရှင်သိရှိသည့်အတိုင်းအကျွန်ုပ်တို့ တွင်လူအနည်းငယ်သာကျန်ရှိပါတော့ သည်။-
အရှင်ထာဝရဘုရားက``ဘုရင်တကာတို့ တွင် အကြီးမြတ်ဆုံးဖြစ်သည့်ဗာဗုလုန် ဘုရင်နေဗုခဒ်နေဇာအား တုရုမြို့ကို တိုက်ခိုက်ရန်ငါခေါ်ဆောင်ခဲ့မည်။ သူသည် ဘုရင်တကာတို့၏ဘုရင်ဖြစ်လျက်၊ မြင်း များစစ်မြင်းရထားများ၊ မြင်းစီးသူရဲ များနှင့်တကွကြီးမားသောစစ်သည် အလုံးအရင်းနှင့်မြောက်အရပ်မှချီ တက်လာလိမ့်မည်။-