Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟော​ရှေ 7:15

Common Language Bible

ငါ​သည်​သူ​တို့​ကို​ပြု​စု​စောင့်​ရှောက်​၍​ခွန် အား​ကြီး​လာ​စေ​သော်​လည်း​သူ​တို့​သည် ငါ့​အား​တော်​လှန်​ပုန်​ကန်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား ကြင်​နာ​တော်​မူ​သ​ဖြင့် သူ​တို့​အား​ဆုံး​ပါး ပျက်​စီး​စေ​တော်​မ​မူ။ ကိုယ်​တော်​သည် အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​နှင့်​ပြု​တော် မူ​ခဲ့​သည့်​ပ​ဋိ​ညာဉ်​တော်​ကို​ထောက်​၍ သူ တို့​အား​ကူ​မ​တော်​မူ​၏။ မိ​မိ​၏​လူ​မျိုး တော်​အား အ​ဘယ်​အ​ခါ​၌​မျှ​မေ့​လျော့ တော်​မ​မူ။

ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား ရှု​ရိ​အ​မျိုး​သား​တို့​၏​လက်​မှ​ကယ်​တင် မည့်​သူ​ကို​ပေါ်​ထွန်း​စေ​တော်​မူ​သည်။ သို့​ဖြစ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ယ​ခင်​က နည်း​တူ​ငြိမ်း​ချမ်း​သာ​ယာ​စွာ​နေ​ထိုင်​ရ​ကြ​၏။-

အပြစ်နှင့်အလျောက် ဘုရားသခင် စစ်ဆေး တော်မူခြင်းကို ခံရသောသူသည် မင်္ဂလာရှိ၏။ ထိုကြောင့် အနန္တတန်ခိုးရှင် ဆုံးမတော်မူခြင်းကို မထီမဲ့မြင်မပြုပါနှင့်။

သူ​တို့​သည်​အ​စဉ်​ပင်​မ​ကောင်း​မှု​ပြု​ရန် ကြံ​စည်​လျက်​အ​စဉ်​ပင်​ခိုက်​ရန်​ဖြစ်​ပွား စေ​ရန် လှုံ့​ဆော်​ပေး​ကြ​ပါ​၏။

တိုင်း​နိုင်​ငံ​တို့​သည်​အ​ဘယ်​ကြောင့်​ဆူ​ပူ​ပုန်​ကန်​ရန် ကြံ​စည်​ကြ​သ​နည်း။ လူ​တို့​သည်​အ​ဘယ်​ကြောင့်​အ​ချည်း​နှီး လျှို့​ဝှက်​ကြံ​စည်​ကြ​သ​နည်း။

သင်​တို့​အ​ပေါင်း​သည်​ယိမ်း​ယိုင်​လျက်​ရှိ​သော နံ​ရံ​နှင့် ပြို​ကျ​ပျက်​စီး​လျက်​ရှိ​သော​ခြံ​ဝင်း​ကဲ့​သို့ အင်​အား​မ​ရှိ​သည့်​လူ​တစ်​ယောက်​အား အ​ဘယ်​မျှ ကြာ​အောင်​တိုက်​ခိုက်​ကြ​ပါ​မည်​နည်း။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​ဆုံး​မ​သွန်​သင်​မှု​ကို​ခံ​ရ​သော သူ၊ တ​ရား​တော်​နှင့်​ဆိုင်​၍​ကိုယ်​တော်​၏​သွန်​သင် မှု​ကို ခံ​ရ​သော​သူ​သည်​မင်္ဂ​လာ​ရှိ​ပါ​၏။

ငါ့သား၊ ထာဝရဘုရားဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်။ သင်၏အပြစ်ကို စစ်ဆေးတော်မူသော အခါ စိတ်မပျက်စေနှင့်။

``အ​ဘယ်​သူ​သည်​လူ​၏​စိတ်​နှ​လုံး​ကို သိ​နား​လည်​နိုင်​သ​နည်း။ လူ​၏​စိတ်​နှ​လုံး​သည်​အ​ရာ​ခပ်​သိမ်း​ထက် စဉ်း​လဲ​တတ်​၏။ ထို​စိတ်​နှ​လုံး​တွင်​ကု​သ​၍​မ​ရ​နိုင်​သော​အ​နာ ရှိ​၏။''

``ဣ​သ​ရေ​လ​ပြည်​သား​တို့၊ သင်​တို့​ကို​ငါ သုတ်​သင်​ဖျက်​ဆီး​ပစ်​မည်။ မည်​သူ​သင်​တို့ ကို​ကယ်​နိုင်​ဦး​မည်​နည်း။-

သင်​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ဆန့်​ကျင်​၍ အ​ဘယ်​အ​မှု​ကို​ကြံ​စည်​လျက်​နေ​ပါ​သ​နည်း။ ကိုယ်​တော်​သည်​သင့်​ကို​သုတ်​သင်​ဖျက်​ဆီး တော်​မူ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ​ကိုယ်​တော်​အား​တစ်​ကြိမ်​ထက်​ပို​၍ အ​တိုက်​အ​ခံ​မ​ပြု​နိုင်။

ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​အ​စေ​ခံ၊ အ​ကျွန်ုပ် တို့​၏​ဘိုး​ဘေး​ဒါ​ဝိဒ်​မင်း​မှ​တစ်​ဆင့်​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​အား​ဖြင့်၊ `လူ​မျိုး​ခြား​တို့​သည်​အ​ဘယ်​ကြောင့် ရုန်း​ရင်း​ဆန်​ခတ်​ပြု​ကြ​သ​နည်း။ လူ​မျိုး​တ​ကာ​တို့​သည်​အ​ဘယ်​ကြောင့်​အ​ကျိုး​မဲ့ လျှို့​ဝှက်​ကြံ​စည်​ကြ​သ​နည်း။

သူ​တို့​သည်​ဘု​ရား​သ​ခင်​ကို​သိ​ကြ​သော် လည်း ကိုယ်​တော်​၏​ဂုဏ်​တော်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​သင့်​လျက်​နှင့်​မ​ချီး​မွမ်း​ကြ။ ချီး​မွမ်း မည့်​အ​စား​အ​ကျိုး​မဲ့​သည့်​အ​ရာ​များ​ကို သာ တွေး​တော​ဆင်​ခြင်​လျက်​နေ​ကြ​၏။ သူ​တို့ ၏​အ​သိ​ဉာဏ်​ကင်း​မဲ့​သည့်​စိတ်​နှ​လုံး​များ သည်​လည်း​အ​မှောင်​ဖုံး​၍​နေ​၏။-

ဘု​ရား​သ​ခင်​အား​သိ​ကျွမ်း​မှု​ပ​ညာ​ကို ပိတ်​ပင်​ဆီး​တား​သည့်​မာန်​မာ​န​မှန်​သ​မျှ ကို​လည်း​ကောင်း ဖြို​ဖျက်​ချေ​မှုန်း​ကြ​၏။ ငါ တို့​သည်​လူ​တို့​၏​အ​ကြံ​အ​စည်​ရှိ​သ​မျှ​တို့ ကို​ဖမ်း​ချုပ်​ပြီး​လျှင် ခ​ရစ်​တော်​အား​နာ​ခံ စေ​ကြ​၏။-

ကျမ်း​စာ​တော်​တွင်​ဘု​ရား​သ​ခင်​က၊ ``ငါ့​သား၊ထာ​ဝ​ရ​ဘု​ရား​ပဲ့​ပြင်​တော်​မူ​သည်​ကို ဂ​ရု​ပြု​လော့။ ဆုံး​မ​တော်​မူ​သော​အ​ခါ​စိတ် မ​ပျက်​နှင့်။

ငါ​သည်​မိ​မိ​ချစ်​သော​သူ​အ​ပေါင်း​တို့​အား ဆုံး​မ​၍​အ​ပြစ်​ဒဏ်​ပေး​တတ်​၏။ ထို​ကြောင့် သင်​သည်​စိတ်​အား​ထက်​သန်​လော့။ နောင်​တ ရ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ