ဟောရှေ 7:11Common Language Bibleဣသရေလအမျိုးသားတို့သည်ဟိုပျံ သည်ပျံနှင့်ဉာဏ်ကင်းမဲ့သည့် အလွယ်တကူ လှည့်ဖြား၍ရသောချိုးငှက်ကဲ့သို့ဖြစ်၏။ ပထမဦးစွာသူတို့သည်အီဂျစ်ပြည် မှအကူအညီတောင်းခံ၏။ ထို့နောက် အာရှုရိသို့ပြေး၍အကူအညီ တောင်း၏။- အခန်းကိုကြည့်ပါ။ |
အာခတ်မင်းသည်အာရှုရိဧကရာဇ်ဘုရင် တိဂလတ်ပိလေသာထံသို့``အကျွန်ုပ်သည် အရှင်၏သစ္စာတော်ခံ၊ အစေခံတစ်ဦးဖြစ် ပါ၏။ အကျွန်ုပ်တို့ကိုတိုက်ခိုက်လျက်နေသူ ရှုရိဘုရင်နှင့် ဣသရေလဘုရင်တို့လက်မှ ကယ်တော်မူပါ'' ဟုသဝဏ်လွှာရေး၍သံ တမန်များစေလွှတ်ပေးပို့လိုက်၏။-
ဣသရေလပြည်သားတို့မိုးလင်းမှမိုးချုပ် အထိ ပြုလုပ်ကျင့်ကြံနေသမျှတို့သည် အကျိုးမရှိ၊ အချည်းနှီးသက်သက်ဖြစ်၏။ သူတို့တွင်သစ္စာဖောက်မှု၊ အကြမ်းဖက်မှု များတိုးပွားများပြားလျက်ရှိ၏။ သူတို့ သည်အာရှုရိပြည်နှင့်မဟာမိတ်ဖွဲ့လျက် ပင် အီဂျစ်ပြည်နှင့်ကုန်သွယ်ကြ၏'' ဟု မိန့်တော်မူ၏။
အာရှုရိဘုရင်သည်အကျွန်ုပ်တို့ကိုမ ကယ်နိုင်ပါ။ စစ်ရထားများသည်အကျွန်ုပ် တို့ကိုမကာကွယ်နိုင်ပါ။ အကျွန်ုပ်တို့လက် ဖြင့်လုပ်သောရုပ်တုများကို အကျွန်ုပ်တို့၏ ဘုရားဟုနောက်တစ်ဖန်မခေါ်တော့ပါ။ အို ထာဝရဘုရား၊ ကိုယ်တော်သည်ခိုကိုးရာ မဲ့သောသူတို့အားကြင်နာသနားတော် မူပါ၏။''
ငါ၏လူမျိုးတို့သည်ငါ့ကိုအသိအမှတ် မပြုသောကြောင့် အပြစ်ဒဏ်စီရင်ခြင်းကို ခံရကြ၏။ အသင်ယဇ်ပုရောဟိတ်တို့သည် ငါ့ကိုအသိအမှတ်မပြုဘဲ ငါ၏သြဝါဒ ကိုလည်းလက်မခံကြသောကြောင့် ငါသည် သင်တို့ကိုပစ်ပယ်ပြီ။ သင်တို့၏သားများ ကိုလည်းငါ၏ယဇ်ပုရောဟိတ်များအဖြစ် အသိအမှတ်ပြုမည်မဟုတ်။
``ဣသရေလနိုင်ငံသည်မိမိ၏အနာ ရောဂါကိုလည်းကောင်း၊ ယုဒနိုင်ငံသည် မိမိ၏ဒဏ်ရာဒဏ်ချက်များကိုလည်း ကောင်းမြင်ရသောအခါ ဣသရေလနိုင်ငံ သည်အာရှုရိနိုင်ငံဧကရာဇ်မင်းထံသွား ၍အကူအညီတောင်း၏။ သို့ရာတွင် ဧကရာဇ်မင်းသည်သူတို့၏ရောဂါ ကို မကုသမပျောက်ကင်းစေနိုင်။-
သင်တို့၏မဟာမိတ်များသည်လိမ်လည် လှည့်စားလျက်၊ သင်တို့အားမိမိတို့ပြည်မှနှင်ထုတ်ကြ လေပြီ။ သင်တို့နှင့်အတူငြိမ်းချမ်းစွာနေထိုင်ခဲ့ သူများက၊ ယခုသင်တို့အားလွှမ်းမိုးလိုက်ကြလေပြီ။ သင်တို့နှင့်အတူစားသောက်ခဲ့သည့် မိတ်ဆွေများသည်သင်တို့အတွက်ထောင် ချောက်ကို ထောင်ထားကြလေပြီ။ သူတို့သည်သင်တို့ကိုရည်မှတ်၍ ဤသူတို့၏အသိအလိမ္မာကားအဘယ် သို့ ရောက်ရှိသွားလေပြီနည်းဟုဆိုကြ၏။