ဟောရှေ 6:9Common Language Bibleယဇ်ပုရောဟိတ်များသည်လုယက်ရန်ချုံ ခိုစောင့်သောဋ္ဌားပြဂိုဏ်းကဲ့သို့ကျင့်ကြံ ကြသည်။ သူတို့သည်ရှေခင်မြို့သို့သွား ရာလမ်း၌ပင်လျှင်လူကိုသတ်ကြ၏။ သူ တို့သည်ဤကဲ့သို့ဆိုးရွားသောရာဇဝတ် မှုများကိုကူးလွန်ကြ၏။- အခန်းကိုကြည့်ပါ။ |
သူတို့၏ခေါင်းဆောင်များထဲတွင်ပူးပေါင်း ကြံစည်မှုရှိ၏။ သူတို့သည်သားကောင်များ ကိုကိုက်သတ်ဆွဲဖြတ်ပြီးနောက် ဟောက်နေ သောခြင်္သေ့များနှင့်တူကြ၏။ သူတို့သည် လူများကိုသတ်၍ရနိုင်သမျှသောငွေ နှင့်ဥစ္စာပစ္စည်းတို့ကိုယူကြ၏။ ယင်းသို့သတ် ဖြတ်မှုဖြင့်သူတို့သည်အမျိုးသမီးမြောက် မြားစွာကိုမုဆိုးမဘဝသို့ရောက်စေ ကြ၏။-
ငါသည်သင်၏ရာဂစိတ်ကိုလည်းကောင်း၊ အီဂျစ် ပြည်တွင်သင်ငယ်ရွယ်စဉ်အခါမှစ၍ ပြုကျင့် ခဲ့သောဆိုးညစ်ယုတ်မာမှုကိုလည်းကောင်း ရပ်စဲစေမည်။ သင်သည်နောင်အဘယ်အခါ၌ မျှရုပ်တုများကိုမျှော်ကြည့်ရတော့မည်မ ဟုတ်။ အီဂျစ်ပြည်အကြောင်းကိုလည်းစဉ်း စားရတော့မည်မဟုတ်'' ဟုမိန့်တော်မူ၏။
``ယဇ်ပုရောဟိတ်တို့၊ ကြားနာကြလော့၊ ဣသရေလပြည်သားတို့ဂရုစိုက်နား ထောင်ကြလော့။ မင်းမျိုးမင်းနွယ်တို့နား ထောင်ကြလော့။ သင်တို့ကိုယ်တိုင်မှန်ကန်စွာ စီရင်ရမည့်သူများဖြစ်သည်။ ထိုအတိုင်း ပင်သင်တို့ကိုလည်းအပြစ်ဒဏ်စီရင်ခြင်း ခံရကြမည်။ သင်တို့သည်မိဇပါမြို့တွင် ထောင်သောထောင်ချောက်၊ တာဗော်တောင်တွင် ဖြန့်ထားသောပိုက်ကွန်၊-
ငါ၏လူတို့အားတစ်ဖန်ကြီးပွားလာစေ၍ ``ဣသရေလပြည်သားတို့၏ရောဂါကိုပျောက် ကင်းစေလိုသည့်အခါတိုင်း ငါသည်သူတို့၏ ဆိုးယုတ်မှုနှင့်အပြစ်ဒုစရိုက်ကိုသာတွေ့ နေရ၏။ သူတို့သည်အချင်းချင်းလိမ်လည် လှည့်ဖြားကြ၏။ အိမ်များထဲသို့ဖောက်ထွင်း ဝင်ရောက်၍ဥစ္စာပစ္စည်းများကိုခိုးယူကြ၏။ လမ်းသွားလမ်းလာများကိုလုယက်ကြ၏။-