Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟော​ရှေ 6:11

Common Language Bible

``ယု​ဒ​ပြည်​သား​တို့​သင်​တို့​ကူး​လွန်​သည့် အ​ပြစ်​အ​တွက် သင်​တို့​အား​လည်း​ငါ​ပြစ် ဒဏ်​စီ​ရင်​မည့်​နေ့​ရက်​ကို​သတ်​မှတ်​ထား ပြီး​ဖြစ်​သည်။''

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ယောဘသည် အဆွေခင်ပွန်းတို့အဘို့ ဆုတောင်းပြီးမှ၊ သူခံရသောဒုက္ခအကြောင်းကို ထာဝရ ဘုရားသည် ပယ်ရှင်း၍၊ အရင်ထက် နှစ်ဆသောဥစ္စာကို ပေးတော်မူ၏။

ငါ​တို့​အား​ဇိ​အုန်​မြို့​သို့ ထာ​ဝ​ရ​ဘု​ရား​ပြန်​လည်​ခေါ်​ဆောင်​သည်​မှာ အိပ်​မက်​ကဲ့​သို့​ဖြစ်​ပါ​၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​ပြည်​တော်​ကို သ​နား​တော်​မူ​ပါ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​တစ်​ဖန် ပြန်​လည်​ချမ်း​သာ​ကြွယ်​ဝ​စေ​တော်​မူ​ပါ​ပြီ။

``ငါ​၏​ကျွန်​ယာ​ကုပ်၊မ​ကြောက်​ကြ​နှင့်။ ဣ​သ​ရေ​လ​ပြည်​သား​တို့​ထိတ်​လန့်​တုန်​လှုပ်​မှု မ​ဖြစ်​ကြ​နှင့်။ သုံ့​ပန်း​များ​အ​ဖြစ်​နှင့်​သင်​တို့​နေ​ရ​ကြ​သော ပြည်၊ ထို​ဝေး​လံ​သော​ပြည်​မှ​သင်​တို့​အား ငါ​ကယ်​ဆယ်​မည်။ သင်​တို့​သည်​ပြန်​လာ​၍​ငြိမ်း​ချမ်း​စွာ​နေ​ထိုင် ရ​ကြ​လိမ့်​မည်။ သင်​တို့​သည်​ဘေး​မဲ့​လုံ​ခြုံ​မှု​ကို​ရ​ရှိ​ကြ လိမ့်​မည်။ အ​ဘယ်​သူ​မျှ​သူ​တို့​အား​ချောက်​လှန့် ရ​လိမ့်​မည်​မ​ဟုတ်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စကား ဖြစ်​၏။

မ​ကြာ​မီ​ပင်​ရန်​သူ​သည်​သူ​တို့​အား​ခုတ်​ထစ် ပြီး​လျှင် ကောက်​နယ်​တ​လင်း​မှ​စ​ပါး​များ​ကဲ့ သို့​နင်း​နယ်​ကြ​လိမ့်​မည်။ ဤ​ကား​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​အ​နန္တ​တန် ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့်​စ​ကား ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

ထို​သူ​တို့​သည်​အ​လွန်​ယုတ်​မာ​ကြ​၏။ ကောက်​ရိတ်​ချိန်​၌​ဂျုံ​နှံ​ကို​ဖြတ်​သ​ကဲ့​သို့ သူ​တို့​ကို​ခုတ်​ဖြတ်​ကြ​လော့။ စ​ပျစ်​သီး​များ​နှင့်​ပြည့်​လျက်​နေ​သော အ​သီး​နယ်​ရာ​ကျင်း​မှ​စ​ပျစ်​ရည်​များ လျှံ​တက်​လာ​သည်​တိုင်​အောင်၊ စ​ပျစ်​သီး​များ​ကို​နင်း​ချေ​သ​ကဲ့​သို့ ထို​သူ​တို့​ကို နင်း​ချေ​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​၏​အ​ကြံ​တော် မည်​သို့​ရှိ​ကြောင်း​ကို ထို​နိုင်​ငံ​များ​မ​သိ ကြ။ စ​ပါး​ကို​နယ်​ရန်​တ​လင်း​ထဲ​သို့​စု သိမ်း​သ​ကဲ့​သို့ ကိုယ်​တော်​သည်​သူ​တို့​ကို ဒဏ်​ခတ်​ရန်​စု​ဝေး​စေ​ကြောင်း​သူ​တို့ မ​သိ​ကြ။

အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​သူ​ယု​ဒ​ပြည် သား​တို့​သည်​သင်​တို့​ပြည်​ကို​သိမ်း​ယူ​ကြ လိမ့်​မည်။ သူ​တို့​သည်​ထို​အ​ရပ်​တွင်​သိုး​အုပ် များ​ကို​ထိန်း​ကျောင်း​ကာ​အာ​ရှ​ကေ​လုန် မြို့​ရှိ​နေ​အိမ်​များ​တွင်​အိပ်​ကြ​လိမ့်​မည်။ သူ တို့​၏​ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​၍​သူ​တို့​အား တစ်​ဖန်​ပြန်​ကောင်း​စား​စေ​တော်​မူ​လိမ့်​မည်။

အ​ခြား​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ဗိ​မာန် တော်​မှ​ထွက်​လာ​၍ မိုး​တိမ်​ပေါ်​တွင်​ထိုင်​လျက် နေ​သူ​အား``ကမ္ဘာ​မြေ​ကြီး​ပေါ်​၌​စ​ပါး​များ ကောင်း​စွာ​မှည့်​ပြီ​ဖြစ်​၍​ရိတ်​သိမ်း​ရန်​အ​ချိန် ကျ​ရောက်​လေ​ပြီ။ ထို့​ကြောင့်​ကိုယ်​တော်​၏ တံ​စဉ်​ကို​ယူ​၍​ရိတ်​သိမ်း​တော်​မူ​ပါ'' ဟု အ​သံ​ကျယ်​စွာ​ပြော​ဆို​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ