Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟော​ရှေ 5:8

Common Language Bible

``ဂိ​ဗာ​မြို့​တွင်​တံ​ပိုး​ခ​ရာ​ကို​မှုတ်​လော့၊ ရာ​မ မြို့​တွင်​တပ်​လှန့်​သံ​ကို​ပေး​လော့။ ဗေ​သ​ဝင် မြို့​တွင်​စစ်​ချီ​သံ​ကြွေး​ကြော်​လော့၊ ဗင်္ယာ​မိန် မျိုး​နွယ်​တို့​တိုက်​ပွဲ​ဝင်​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​သူ​၏​သား​မြေး​ခု​နစ်​ယောက်​ကို အ​ကျွန်ုပ်​တို့​အား​ပေး​အပ်​တော်​မူ​ပါ။ အ​ကျွန်ုပ် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​ခန့်​ထား တော်​မူ​သည့်​ဘု​ရင်​ရှော​လု​၏​ဌာ​နေ၊ ဂိ​ဗာ မြို့​တွင်​သူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​၌​စက်​တိုင်​တင်​ပါ​မည်'' ဟု​လျှောက် ကြ​၏။ မင်း​ကြီး​က``ထို​သူ​တို့​ကို​ငါ​ပေး​အပ်​မည်'' ဟု​မိန့်​တော်​မူ​၏။

ထို့​နောက်​ရွှေ​နွား​လား​ဥ​သ​ဘ​ရုပ်​တစ်​ကောင် ကို​ဗေ​သ​လ​မြို့​၌​လည်း​ကောင်း၊ အ​ခြား​တစ် ကောင်​ကို​ဒန်​မြို့​၌​လည်း​ကောင်း​ထား​တော်​မူ​၏။-

သူ​တို့​သည်​တောင်​ကြား​လမ်း​ကို​ဖြတ်​ပြီး လျှင် ဂေ​ဗ​မြို့​တွင်​စ​ခန်း​ချ​လျက်​နေ​ကြ​၏။ ထို​အ​ခါ​ရာ​မ​မြို့​သား​တို့​သည်​ကြောက် လန့်​ကြ​ကုန်​လျက် ရှော​လု​မင်း​၏​ဌာ​နေ​ဖြစ် သော​ဂိ​ဗာ​မြို့​မှ​လူ​တို့​သည်​လည်း​ထွက် ပြေး​ကြ​ကုန်​၏။-

ယု​ဒ​ပြည်​တစ်​လျှောက်​လုံး​၌​တံ​ပိုး​ခ​ရာ​မှုတ် ကြ​လော့။ ရှင်း​လင်း​ကျယ်​လောင်​စွာ​ကြွေး​ကြော်​ကြ​လော့။ ယု​ဒ​ပြည်​သား​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သား တို့​အား ခံ​တပ်​မြို့​များ​သို့​ပြေး​ဝင်​ကြ​ရန်​ပြော​ကြား​ကြ​လော့။

ဗင်္ယာ​မိန်​ပြည်​သား​တို့၊ ဘေး​မဲ့​လုံ​ခြုံ​ရာ​သို့​ပြေး ကြ​လော့။ ယေ​ရု​ရှ​လင်​မြို့​မှ​ထွက်​သွား​ကြ​လော့။ တေ​ကော​ရွာ​၌​တံ​ပိုး​ခ​ရာ​ကို​မှုတ်​ကြ​လော့။ ဗေ​သက္က​ရင်​ရွာ​တွင်​အ​ချက်​ပြ​မီး​ရှူး​တိုင်​ကို မြှောက်​တင်​ကြ​လော့။ ဘေး​အန္တ​ရာယ်​နှင့်​ပျက်​စီး ခြင်း​သည်​မြောက်​အ​ရပ်​မှ​ရောက်​ရှိ​လာ​တော့ မည်။-

ရှ​မာ​ရိ​မြို့​သား​တို့​သည်​ဗေ​သ​ဝင်​မြို့​တွင် ရှိ​သော​ရွှေ​နွား​ရုပ်​ဆုံး​ရှုံး​ရ​သ​ဖြင့် ကြောက်​ရွံ့ ၍​ငို​ကြွေး​မြည်​တမ်း​လိမ့်​မည်။ ထို​ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ​များ​နှင့်​ယဇ်​ပု​ရော​ဟိတ် တို့​သည်​ရွှေ​နွား​ရုပ်​အ​တွက်​ငို​ကြွေး​ကြ လိမ့်​မည်။ ထို​ရွှေ​ရုပ်​တု​၏​ဘုန်း​တန်​ခိုး​ကွယ် ပျောက်​၍​တိုင်း​တစ်​ပါး​သို့​ယူ​ဆောင်​သွား ခြင်း​ခံ​ရ​သော​အ​ခါ သူ​တို့​သည်​မြည် တမ်း​ကြ​လိမ့်​မည်။-

``အ​သင်​ဣ​သ​ရေ​လ​ပြည်​သား​တို့​သည် ငါ့​အား​သစ္စာ​မဲ့​ကြ​သော်​လည်း ယု​ဒ​ပြည် သား​တို့​သည်​ထို​အ​ပြစ်​မျိုး​ကို​မ​ကူး လွန်​မိ​ပါ​စေ​နှင့်၊ ဂိ​လ​ဂါ​လ​မြို့​သို့​မ ဟုတ်​ဗေ​သ​လ​မြို့​များ​တွင်​ဘု​ရား​ဝတ် ပြု​ခြင်း​မ​ပြု​ကြ​နှင့်။ ထို​မြို့​များ​တွင် အ​သက်​ရှင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား ၏​နာ​မ​တော်​ကို​တိုင်​တည်​၍​ကျိန်​တွယ် ပြော​ဆို​မှု​မ​ပြု​ကြ​နှင့်။-

ထာ​ဝ​ရ​ဘု​ရား​က``တံ​ပိုး​ခ​ရာ​မှုတ်​၍ သ​တိ​ပေး​လော့၊ ရန်​သူ​များ​သည်​သိမ်း​ငှက် သ​ဖွယ် ငါ​၏​နိုင်​ငံ​တော်​ကို​ထိုး​သုတ်​လျက် ရှိ​ကြ​ပြီ။ ငါ​၏​လူ​မျိုး​တော်​သည်​ငါ​နှင့် ပြု​လုပ်​သော​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​၍ ငါ​၏​လူ​မျိုး​တော်​သည်​ငါ​နှင့်​ပညတ်​ကို ပစ်​ပယ်​ကြ​ပြီ။-

သူ​တို့​သည်​ဂိ​ဗာ​မြို့​မှာ​ကဲ့​သို့​အ​လွန် ဆိုး​ရွား​သော​အ​ပြစ်​ကို​ကူး​လွန်​လျက် ရှိ​ကြ​၏။ ဘု​ရား​သ​ခင်​သည်​သူ​တို့​၏ ဒု​စ​ရိုက်​ကို​အောက်​မေ့​သ​တိ​ရ​တော်​မူ ၍​အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​လိမ့်​မည်။

ဘု​ရား​သ​ခင်​၏​တောင်​တော်​မြတ်​တည်း​ဟူ​သော ဇိ​အုန်​တောင်​ပေါ်​တွင်​တံ​ပိုး​ခ​ရာ​မှုတ်​ကြ​လော့။ နှိုး​ဆော်​သံ​ပေး​ကြ​လော့။ ယု​ဒ​ပြည်​သူ​တို့​တုန်​လှုပ်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ရက် ကာ​လ​သည်​မ​ကြာ​မီ​ကျ​ရောက်​လာ​လိမ့်​မည်။

ဇိ​အုန်​တောင်​ပေါ်​တွင်​တံ​ပိုး​ခ​ရာ​မှုတ်​ကြ​လော့။ အ​စာ​ရှောင်​ကြ​ရန်​အ​မိန့်​များ​ကို​ထုတ်​ပြန်​ကာ လူ​ထု​စည်း​ဝေး​ပွဲ​တစ်​ရပ်​ကို​ခေါ်​ယူ​ကြ​လော့။

မြို့​တွင်း​၌​စစ်​ခ​ရာ​သံ​ကို​ကြား​ရ​လျှင် မြို့​သား​တို့​သည် မ​ထိတ်​လန့်​ဘဲ​နေ​လိမ့် မည်​လော။ ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​သော​ကြောင့်​သာ​လျှင် မြို့​ထဲ​သို့​ဘေး​ဒုက္ခ​ကျ​ရောက်​လာ​ရ​သည် မ​ဟုတ်​လော။

ယော​ရှု​သည်​ဗေ​သ​လ​မြို့​အ​ရှေ့​ဘက်၊ ဗေ​သ ဝင်​မြို့​အ​နီး​တွင်​တည်​ရှိ​သော​အာ​ဣ​မြို့ အ​ခြေ​အ​နေ​ကို​ထောက်​လှမ်း​ရန် လူ​အ​ချို့ တို့​ကို​ယေ​ရိ​ခေါ​မြို့​မှ​စေ​လွှတ်​လိုက်​လေ သည်။-

သူ​တို့​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​နောက်​က လိုက်​၍ ဧ​ဖ​ရိမ်​နယ်​မြေ​မှ​ချိုင့်​ဝှမ်း​ထဲ​သို့​ဆင်း​လာ ကြ​၏။ စစ်​သူ​ကြီး​များ​သည်​မာ​ခိ​ရ​အ​နွယ်​ထဲ​မှ လည်း​ကောင်း စစ်​အ​ရာ​ရှိ​တို့​သည်​ဇာ​ဗု​လုန်​အ​နွယ် ထဲ​မှ​လည်း​ကောင်း​ဆင်း​လာ​ကြ​၏။

ထို​နောက်​ရှ​မွေ​လ​သည်​ရာ​မ​မြို့​သို့​သွား ၏။ ရှော​လု​မင်း​သည်​လည်း​ဂိ​လ​ဂါ​လ​နန်း တော်​သို့​ပြန်​လေ​၏။-

ထို​နောက်​သူ​သည်​ရာ​မ​မြို့​နေ​အိမ်​သို့​ပြန်​၍ တ​ရား​သူ​ကြီး​အ​ဖြစ်​ဖြင့်​ဆောင်​ရွက်​၏။ သူ သည်​ရာ​မ​မြို့​တွင်​ထာ​ဝ​ရ​ဘုရား​အ​ဖို့ ယဇ်​ပလ္လင်​ကို​တည်​ဆောက်​လေ​၏။

ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း ဆောင်​အ​ပေါင်း​တို့​သည် စု​ဝေး​၍​ရာ​မ​မြို့ ရှိ​ရှ​မွေ​လ​ထံ​သို့​သွား​ပြီး​လျှင်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ