Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟော​ရှေ 5:10

Common Language Bible

ထာ​ဝ​ရ​ဘု​ရား​က``ယု​ဒ​အ​မျိုး​သား ခေါင်း​ဆောင်​တို့​သည်​ဣ​သ​ရေ​လ​နိုင်​ငံ ကို​ဝင်​ရောက်​တိုက်​ခိုက်​၍​သူ​တို့​၏​မြေ​ယာ ကို​ခိုး​ယူ​ကြ​သ​ဖြင့် ငါ​သည်​အ​မျက်​ထွက် ၍​ရေ​လွှမ်း​မိုး​ဖျက်​ဆီး​သ​ကဲ့​သို့​သူ​တို့ အား​ဒဏ်​စီ​ရင်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​ကိုယ်​တော်​ရှင်​အား​သစ္စာ​စောင့်​သူ​တို့​သည် အ​ရေး​ကြုံ​သည့်​အ​ခါ​များ​၌ အ​ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သင့်​ကြ ပါ​သည်။ အ​ဟုန်​ပြင်း​စွာ​လွှမ်း​မိုး​၍​လာ​သော​ရေ​သည် သူ​တို့​ထံ​သို့​ရောက်​ရှိ​လိမ့်​မည်​မ​ဟုတ်​ပါ။

ကိုယ်​တော်​ရှင်​၏​အ​မျက်​တော်​ကို​သူ​တို့ အပေါ်​သို့ သွန်း​လောင်း​တော်​မူ​၍​အ​မျက်​တော်​အ​ဟုန်​သည် သူ​တို့​အား​မီ​စေ​တော်​မူ​ပါ။

ယင်း​တို့​သည်​မြစ်​ရေ​လျှံ​သ​ကဲ့​သို့​တစ်​နေ့​လုံး ကျွန်​တော်​မျိုး​အား​ဝိုင်း​ရံ​လျက်​ရှိ​ပါ​၏။ အ​ဘက်​ဘက်​မှ​နေ​၍​ကျွန်​တော်​မျိုး​အ​နီး​သို့ ချဉ်း​ကပ်​လာ​ကြ​ပါ​၏။

ရန်တွေ့စအမှုသည် ရေကန်ပေါင်ပေါက်စကဲ့သို့ ဖြစ်သောကြောင့်၊ ရန်မတွေ့မှီတွေ့စရာ အကြောင်းကို ရှောင်လော့။

ဘိုးဘေးစိုက်ဘူးသော မြေမှတ်တိုင်တို့ကို မရွှေ့ နှင့်။

သင်​၏​ခေါင်း​ဆောင်​တို့​သည်​လည်း​သူ​ပုန်​များ၊ သူ​ခိုး​လက်​ခံ​များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​အ​စဉ်​ပင်​တံ​စိုး​လက်​ဆောင်​များ​ကို​လက်​ခံ​လျက်​နေ​ကြ​သော်​လည်း တ​ရား​ရုံး​တော်​တွင်​မိ​ဘ​မဲ့​သူ​တို့​အား​ကာ​ကွယ်​စောင့်​ရှောက်​မှု​ကို​မ​ပြု​ကြ။ မု​ဆိုး​မ​တို့​၏​အ​မှု​အ​ခင်း​များ​ကို​လည်း​ကြား​နာ​စစ်​ဆေး​၍​မ​ပေး​ကြ။

ငွေ​သည်​ဖို​ထဲ​တွင်​အ​ရည်​ပျော်​ရ​သည့်​နည်း​တူ သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​အ​ရည်​ပျော် ကြ​လိမ့်​မည်။ ထို​အ​ခါ​မိ​မိ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​အ​မျက်​တော်​ဒဏ်​ကို​ခံ​လျက်​ရှိ​နေ ရ​ကြ​ကြောင်း​ကို သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

``မ​ကြာ​မီ​ပင်​သင်​သည် ငါ​၏​အ​မျက်​တော် ဒဏ်​ကို​အ​ပြည့်​အ​ဝ​သင့်​အ​ပေါ်​သို့​သွန်း လောင်း​လိမ့်​မည်။ ငါ​သည်​သင်​ပြု​ခဲ့​သော​အ​မှု များ​အ​တွက် သင့်​အား​တ​ရား​စီ​ရင်​မည်။ သင် ပြု​သည့်​စက်​ဆုပ်​ဖွယ်​ရာ​အ​မှု​များ​၏​အ​ကျိုး ဆက်​ကို​သင့်​အား​ငါ​ပေး​အပ်​မည်။-

မိုး​သည်း​ထန်​စွာ​ရွာ​၍​မြစ်​ရေ​လျှံ​ကာ​မုန်​တိုင်း​ထန် လျက် ထို​အိမ်​ကို​တိုက်​ခတ်​သည်​ရှိ​သော်​ထို​အိမ်​သည် ပြို​လဲ​၍​သွား​၏။ ထို​အိမ်​၏​အ​ပျက်​အ​စီး​မှာ ကြီး​လှ​စွာ​တ​ကား။''

သို့​ရာ​တွင်​ငါ့​တ​ရား​စ​ကား​ကို​ကြား​နာ​ပြီး နောက်​မ​လိုက်​လျှောက်​သော​သူ​မူ​ကား​အုတ်​မြစ် မ​ချ​ဘဲ​မြေ​ပေါ်​မှာ​အိမ်​ကို​တည်​ဆောက်​သူ နှင့်​တူ​၏။ မြစ်​ရေ​လျှံ​၍​ထို​အိမ်​ကို​တိုက်​ခတ် လျှင်​ချက်​ချင်း​ပြို​လဲ​သွား​၏။ ထို​အိမ်​၏ အ​ပျက်​အ​စီး​ကား​ကြီး​လှ​စွာ​တ​ကား'' ဟု မိန့်​တော်​မူ​၏။

``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​မည့်​ပြည်​တွင် ရှေး​အ​ခါ က​စိုက်​ထား​သည့်​သင်​၏​အိမ်​နီး​ချင်း​ပိုင် မြေ​မှတ်​တိုင်​ကို​မ​ရွှေ့​ရ။''

`` `ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​၏​မြေ​မှတ် တိုင်​ကို​ရွှေ့​သော​သူ​သည်၊ ဘု​ရား​သ​ခင်​၏​ကျိန် ခြင်း​ကို​ခံ​စေ​သ​တည်း' ဟု​ကျိန်​ဆို​သော အ​ခါ ``လူ​အ​ပေါင်း​တို့​က`အာ​မင်' ဟု​ဝန်​ခံ​ရ​ကြ မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ