Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟော​ရှေ 4:18

Common Language Bible

သူ​တို့​သည်​စ​ပျစ်​ရည်​သောက်​ကြူး​၍​ပြည့် တန်​ဆာ​အ​လုပ်​ဖြင့်​ပျော်​ပါး​ကြ​၏။ သူ​တို့ သည်​ဂုဏ်​ရှိ​စေ​မည့်​အ​မှု​ထက်​အ​ရှက်​ကွဲ စေ​မည့်​အ​မှု​ကို​နှစ်​သက်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

သုံး​လ​ခန့်​ကြာ​လေ​သော်​တစ်​စုံ​တစ်​ယောက်​က ယု​ဒ​အား``သင်​၏​ချွေး​မ​တာ​မာ​သည်​ယောကျာ်း တစ်​ဦး​ဦး​နှင့်​ဖောက်​ပြန်​သ​ဖြင့် ယ​ခု​ကိုယ်​ဝန် ဆောင်​လျက်​ရှိ​လေ​ပြီ'' ဟု​ပြော​လေ​၏။ ယု​ဒ​က``သူ့​ကို​အ​ပြင်​သို့​ထုတ်​၍​မီး​ရှို့ သတ်​စေ'' ဟု​စီ​ရင်​လေ​၏။

တိုင်း​နိုင်​ငံ​တို့​ကို​အုပ်​စိုး​သည့်​မင်း​တို့​သည် လာ​၍ အာ​ဗြ​ဟံ​ကိုး​ကွယ်​သော​ထာ​ဝ​ရ​ဘု​ရား​၏ လူ​စု​တော်​နှင့်​အ​တူ​စု​ဝေး​ကြ​ကုန်​၏။ ကိုယ်​တော်​သည်​လော​က​စစ်​တပ်​ရှိ​သ​မျှ​တို့ ထက် တန်​ခိုး​ကြီး​တော်​မူ​၏။ ကိုယ်​တော်​သည်​တန်​ခိုး​အ​ကြီး​ဆုံး​ဘု​ရင် ဖြစ်​တော်​မူ​ပါ​၏။

တံ​စိုး​လက်​ဆောင်​စား​သူ​သည်​အမှန်​တ​ရား​ကို မ​မြင်​နိုင်​သည့်​အ​ပြင် အ​ပြစ်​ကင်း​မဲ့​သူ​ကို ပျက်​စီး​စေ​နိုင်​သော​ကြောင့်​တံ​စိုး​လက်​ဆောင် မ​ယူ​ရ။

ငါ​သည်​လက်​ရွေး​စင်​မျိုး​စေ့​မှ​စ​ပျစ်​နွယ်​ကို ငါ​စိုက်​ပျိုး​ခဲ့​၏။ သို့​ရာ​တွင်​သင်​အ​ဘယ်​သို့​ဖြစ်​လာ​ကြ သည်​ကို​ကြည့်​ရှု​လော့။ သင်​သည်​ပုပ်​၍​အ​သုံး​မ​ဝင်​သည့်​စ​ပျစ်​ပင်​နှင့် တူ​နေ​ပါ​သည်​တ​ကား။

``သို့​ရာ​တွင်​သင်​သည်​မိ​မိ​၏​အ​ဆင်း​လှ မှု​နှင့်​ထင်​ပေါ်​ကျော်​ကြား​မှု​တို့​ကို​အ​ခွင့် ကောင်း​ယူ​ကာ ပြည့်​တန်​ဆာ​ဖြစ်​လာ​၏။ သင် ၏​ထံ​သို့​ရောက်​ရှိ​လာ​သူ​မှန်​သ​မျှ​နှင့် အိပ်​စက်​၏။ သင်​၏​အ​လှ​ကို​ပေး​အပ်​၏။-

သင်​တို့​သည်​ပူ​ဇော်​သ​ကာ​ဝေ​စု​ကို​စား ရ​သော်​လည်း​အ​ဆာ​ပြေ​လိမ့်​မည်​မ​ဟုတ်၊ သင်​တို့​သည်​သား​သ​မီး​ဖြစ်​ထွန်း​စေ​တတ် သော​နတ်​ဘု​ရား​များ​ကို​ကိုး​ကွယ်​သော် လည်း​သား​သ​မီး​မ​ထွန်း​ကား၊ အ​ဘယ် ကြောင့်​ဆို​သော်​သင်​တို့​သည်၊ ငါ​ထာ​ဝ​ရ ဘု​ရား​ကို​စွန့်​၍​အ​ခြား​သော​ဘု​ရား ကို​ကိုး​ကွယ်​ကြ​ပြီ။-

သူ​တို့​သည်​က​တိ​မ​တည်​ခြင်း၊ မု​သား စ​ကား​ကို​ပြော​ခြင်း၊ လူ့​အ​သက်​ကို​သတ် ခြင်း၊ သူ​တစ်​ပါး​ဥစ္စာ​ပစ္စည်း​ကို​ခိုး​ယူ​ခြင်း၊ သူ​တစ်​ပါး​သား​မ​ယား​ကို​ပြစ်​မှား​ခြင်း တို့​ကို​ပြု​၏။ တ​ရား​လက်​လွတ်​နေ​ထိုင်​၍ လူ​သတ်​မှု​များ​ကို​အ​ထပ်​ထပ်​ကူး​လွန် ကြ​၏။-

ထာ​ဝ​ရ​ဘု​ရား​က``ဣ​သ​ရေ​လ​ကို​ငါ​ဦး စွာ​တွေ့​ရ​စဉ်​က တော​ကန္တာ​ရ​၌​ပေါက်​သော စ​ပျစ်​ပင်​များ​ကို​တွေ့​ရ​သ​ကဲ့​သို့​ဖြစ်​၏။ သင်​တို့​၏​ဘိုး​ဘေး​များ​ကို​ငါ​ဦး​စွာ​တွေ့ ရ​စဉ်​က​ပေါ်​ဦး​ပေါ်​ဖျား​မှည့်​သော​သ​ဖန်း သီး​များ​ကို​တွေ့​ရ​သ​ကဲ့​သို့​ဖြစ်​၏။ သို့ ရာ​တွင်​သူ​တို့​သည်​ပေ​ဂု​ရ​တောင်​သို့​ရောက် ရှိ​သော​အ​ခါ ဗာ​လ​ဘု​ရား​ကို​ကိုး​ကွယ် ကြ​သ​ဖြင့်၊ သူ​တို့​ကြည်​ညို​သော​ဘု​ရား များ​ကဲ့​သို့​စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​ဖြစ်​လာ ကြ​၏။-

သင်​တို့​သည်​မည်​မျှ​အ​ပြစ်​ကူး​လွန်​ခဲ့​၍ သင်​တို့​အ​ပြစ်​သည်​မည်​မျှ​ကြောက်​စ​ရာ ကောင်း​လှ​ကြောင်း​ကို​ငါ​သိ​၏။ သင်​တို့​သည် သူ​တော်​ကောင်း​များ​ကို​ညှင်း​ပန်း​၍ တံ​စိုး လက်​ဆောင်​စား​နေ​ကြ​ပြီ။ ဆင်း​ရဲ​သား တို့​အား​တ​ရား​သ​ဖြင့် မ​စီ​ရင်​ဘဲ​သူ​တို့ ကို​ရုံး​တော်​များ​မှ​မောင်း​ထုတ်​ခဲ့​ပြီ။-

မြို့​ကို​အုပ်​ချုပ်​သူ​တို့​သည်​တံ​စိုး​လက်​ဆောင် စား​၍​အုပ်​ချုပ်​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​တို့ သည်​အ​ခ​ကြေး​ငွေ​ယူ​၍​စီ​ရင်​ဆုံး​ဖြတ် ကြ​၏။ ပ​ရော​ဖက်​တို့​သည်​ငွေ​ယူ​၍​ဗျာ​ဒိတ် တော်​ကို​ဖွင့်​ပြ​ကြ​၏။ ထို​သူ​အ​ပေါင်း​တို့ က​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​နှင့်​အ​တူ ရှိ​တော်​မူ​သည်​ဟု​ဆို​ကြ​၏။ သူ​တို့​က``ငါ တို့​တွင်​ဘေး​ဥ​ပဒ်​မ​ရောက်​နိုင်၊ ထာ​ဝ​ရ ဘု​ရား​သည်​ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ သည်'' ဟု​ပြော​ကြ​၏။

သူ​တို့​သည်​မ​ကောင်း​မှု​ကို​ပြု​လုပ်​ရန်​စိတ် အား​ထက်​သန်​ကြ​၏။ အ​ရာ​ရှိ​များ​နှင့် တ​ရား​သူ​ကြီး​များ​သည် တံ​စိုး​လက်​ဆောင် တောင်း​တတ်​ကြ​၏။ သြ​ဇာ​ရှိ​သော​သူ​၏ အ​လို​ဆန္ဒ​ကို​လိုက်​၍ သူ​တို့​သည်​မ​ကောင်း မှု​ကို​အ​တူ​တ​ကွ​ကြံ​စည်​ကြ​၏။-

တ​ရား​စီ​ရင်​ရာ​တွင်​မ​တ​ရား​သ​ဖြင့်​စီ​ရင် ခြင်း၊ မျက်​နှာ​လိုက်​ခြင်း​မ​ပြု​လုပ်​ရ။ တံ​စိုး လက်​ဆောင်​ကို​လည်း​လက်​မ​ခံ​ရ။ တံ​စိုး​လက် ဆောင်​သည်​ပ​ညာ​ရှိ​နှင့်​ဖြောင့်​မတ်​သူ​တို့​၏ မျက်​စိ​ကို​ဖုံး​ကွယ်​စေ​၍ မှား​ယွင်း​စွာ​အ​ဆုံး အ​ဖြတ်​ချ​မှတ်​စေ​တတ်​၏။-

သို့​ရာ​တွင်​အ​ဖ​၏​လမ်း​စဉ်​ကို​မ​လိုက်​ကြ။ ငွေ​ကြေး​ရ​ရှိ​မှု​ကို​သာ​လျှင်​စိတ်​ဝင်​စား သ​ဖြင့် တံ​စိုး​လက်​ဆောင်​ယူ​ကာ​အ​မှု​များ ကို​မ​တ​ရား​စီ​ရင်​ဆုံး​ဖြတ်​ကြ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ