ဟောရှေ 4:16Common Language Bibleဣသရေလပြည်သားတို့သည်ထိန်း ကျောင်းရခက်သောနွားမတမ်းကဲ့သို့ပေ ကပ်ကပ်နိုင်လှ၏။ ငါသည်သူတို့အား သိုးကလေးများသဖွယ်စားကျက်တွင် မည်ကဲ့သို့ထိန်းကျောင်းနိုင်ပါအံ့နည်း။- အခန်းကိုကြည့်ပါ။ |
ငါ၏လူမျိုးတော်ကငါ့အား `ကျွန်တော်မျိုးတို့သည်မိမိတို့အပြစ်များ၏ စွပ်စွဲခြင်းကိုခံ၍နေရသော်လည်း၊ အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အားကိုယ်တော်ရှင်၏ နာမတော်ကိုထောက်၍ကူမတော်မူပါ။ ကျွန်တော်မျိုးတို့သည်ကြိမ်ဖန်များစွာ ကိုယ်တော်ရှင်ကို ကျောခိုင်းမိကြပါပြီ။ ကိုယ်တော်ရှင်အားပြစ်မှားမိကြပါပြီ။
``ဣသရေလပြည်သားတို့သည်ဝမ်းနည်းကြေ ကွဲလျက် လျှောက်ထားသည်ကိုငါကြား၏။ `အို ထာဝရဘုရား၊ကျွန်တော်မျိုးတို့သည် ရိုင်းသောနွားသူငယ်နှင့်တူပါ၏။ သို့ရာတွင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး တို့အား စကားတော်ကိုနားထောင်ရန်သွန်သင်တော်မူ ပါ၏။ ကျွန်တော်မျိုးတို့အားပြန်လည်ပို့ဆောင်တော်မူပါ။ အထံတော်သို့ကျွန်တော်မျိုးတို့ပြန်လာရန် အသင့်ရှိပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူပါ၏။
ဤအကြောင်းကြောင့်တောမှခြင်္သေ့တို့သည်သူတို့ကိုကိုက်သတ်ကြလိမ့်မည်။ သဲကန္တာရမှဝံပုလွေတို့သည်သူတို့အားအပိုင်းပိုင်းကိုက်ဖြတ်ကြလိမ့်မည်။ ကျားသစ်တို့သည်လည်းသူတို့၏မြို့များအနီးတွင် စောင့်ကာမြို့ပြင်သို့ထွက်လာသူမှန်သမျှကိုအပိုင်းပိုင်းကိုက်ဖြတ်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ထိုသူတို့သည်အပြစ်များသူများဖြစ်သည့်ပြင် ဘုရားသခင်ကို၊အကြိမ်ကြိမ်အဖန်ဖန်ကျောခိုင်းခဲ့ကြသောကြောင့်ဖြစ်၏။
``ယခင်ကဣသရေလအမျိုးသားတို့သည် ကျင့်သားရပြီး၍ စပါးနယ်ရန်အသင့်ရှိနေ သောနွားမတမ်းနှင့်တူ၏။ သို့ရာတွင်ငါသည် သူ၏လှပသောလည်ကုပ်တွင် ထမ်းပိုးတင်၍ အလုပ်ကြမ်းကိုလုပ်စေမည်။ ငါသည်ယုဒ အမျိုးသားတို့ကိုထွန်ယက်စေ၍ဣသ ရေလအမျိုးသားတို့ကိုထယ်ထိုးစေမည်။-