ဟောရှေ 4:10Common Language Bibleသင်တို့သည်ပူဇော်သကာဝေစုကိုစား ရသော်လည်းအဆာပြေလိမ့်မည်မဟုတ်၊ သင်တို့သည်သားသမီးဖြစ်ထွန်းစေတတ် သောနတ်ဘုရားများကိုကိုးကွယ်သော် လည်းသားသမီးမထွန်းကား၊ အဘယ် ကြောင့်ဆိုသော်သင်တို့သည်၊ ငါထာဝရ ဘုရားကိုစွန့်၍အခြားသောဘုရား ကိုကိုးကွယ်ကြပြီ။- အခန်းကိုကြည့်ပါ။ |
လွန်ခဲ့သည့်ရက်အနည်းငယ်ကသင်တို့သည် စိတ်သဘောပြောင်းလဲ၍ ငါနှစ်သက်သည့် အမှုကိုပြုခဲ့ကြ၏။ သင်တို့အားလုံးပင် မိမိတို့ဟေဗြဲအမျိုးသားအချင်းချင်း တို့အား လွတ်လပ်ခွင့်ပေးရန်သဘောတူညီ ချက်ဖြင့် ငါ့နာမဖြင့်တည်ဆောက်ထား သောဗိမာန်တော်အတွင်းငါ၏ရှေ့မှောက် ၌ပဋိညာဉ်ပြုခဲ့ကြ၏။-
ငါက``အို ထာဝရဘုရား၊ အဘယ်ကြောင့် ဤပြည်သည်ဖြတ်သန်းသွားလာ၍မရ၊ ယို ယွင်းပျက်စီးလျက်သဲကန္တာရသဖွယ်ဖြစ် ၍နေပါသနည်း။ ဤအမှုအရာအကြောင်း ကိုသိရှိနိုင်စွမ်းရှိသည့်ပညာရှိကားအဘယ် သူဖြစ်ပါသနည်း။ သူတစ်ပါးတို့အားထပ် ဆင့်ပြောပြနိုင်ရန်အဘယ်သူအား ဤအမှု အရာအကြောင်းကိုကိုယ်တော်ရှင်ဖော်ပြ ထားပါသနည်း'' ဟုလျှောက်၏။
``သို့ရာတွင်ဖြောင့်မတ်သောသူသည်ကောင်း မှုကိုရပ်စဲ၍ သူယုတ်မာတို့ပြုကျင့်တတ် သည့်စက်ဆုတ်ဖွယ်ရာဆိုးညစ်မှုတို့ကို ပြုလျှင် သူသည်ဆက်လက်၍အသက်ရှင် မည်လော။ အသက်မရှင်ရ။ သူပြုခဲ့သည့် ကောင်းမှုကိုငါအမှတ်ရတော့မည်မဟုတ်။ သူသည်သစ္စာမဲ့မှုကြောင့်အပြစ်ရှိ၍ မိမိကူးလွန်ခဲ့သည့်အပြစ်များ အတွက်သေရလိမ့်မည်။
သို့ရာတွင်သူတို့ကိုငါဒဏ်ခတ်တော်မမူ။ သင်တို့ကိုယ်တိုင်နတ်ဘုရားကိုးကွယ်ရာ ဌာနဆိုင်ရာပြည့်တန်ဆာမများနှင့်ပေါင်း ဖော်၍ နတ်ဘုရားများကိုအတူတကွ ပူဇော်ပသလေ့ရှိသောကြောင့်ပေတည်း။ `အသိဉာဏ်ကင်းမဲ့သောလူမျိုးသည်ပျက် စီးဆုံးရှုံးရလိမ့်မည်' ဟူ၍ဆိုရိုးစကား ရှိသည်အတိုင်းပင်ဖြစ်၏။
သင်တို့သည်ဂျုံစပါးအမြောက်အမြားကို စိုက်ပျိုးပါသော်လည်း အနည်းငယ်မျှသာ ရိတ်သိမ်းရကြပေသည်။ သင်တို့တွင်အစာ ရေစာရှိသော်လည်းဝစွာစားရန်မလုံ လောက်၊ စပျစ်ရည်ရှိသော်လည်းမူးယစ်အောင် သောက်ရန်မလုံလောက်၊ အဝတ်အစားများ ရှိသော်လည်း နွေးထွေးအောင်ဝတ်ဆင်ရန် မလုံလောက်၊ အလုပ်သမားသည်လည်းစား ဝတ်နေရေးအတွက် လုံလောက်အောင်လုပ်ခ ကိုမရရှိ။-