ဟောရှေ 2:19Common Language Bibleဣသရေလ၊ငါသည်သင့်အားဇနီးအဖြစ် သိမ်းပိုက်မည်။ သင့်အပေါ်၌ငါ၏သစ္စာခိုင်မြဲမည်။ သင့်အားမေတ္တာကရုဏာထား၍တရားဝင် ဇနီးအဖြစ်ရာသက်ပန်သိမ်းပိုက်မည်။ အခန်းကိုကြည့်ပါ။ |
သင့်ကိုဖန်ဆင်းတော်မူသောအရှင်သည်၊ သင်၏ခင်ပွန်းပမာသင့်အားကြည့်ရှုစောင့်ရှောက် တော်မူလိမ့်မည်။ ထိုအရှင်၏နာမတော်ကား၊အနန္တတန်ခိုးရှင် ထာဝရဘုရားပင်ဖြစ်သတည်း။ ဣသရေလအမျိုးသားတို့၏သန့်ရှင်း မြင့်မြတ်သော ဘုရားသခင်သည်သင့်ကိုကယ်တင်တော်မူလိမ့်မည်။ ကိုယ်တော်သည်ကမ္ဘာလောကကို အစိုးရတော်မူပါသည်တကား။
``နောက်တစ်ဖန်ငါသည်သင်၏အနီးဖြတ်သန်း လာပြန်၏။ ထိုအခါသင်သည်ချစ်စိတ်ဝင်ရန် အရွယ်ရောက်ပြီဖြစ်ကြောင်းကိုငါတွေ့ရှိသ ဖြင့် ငါသည်အဝတ်ချည်းစည်းရှိသောသင်၏ ကိုယ်ကိုငါ၏အဝတ်ဖြင့်ဖုံးလွှမ်းပေးကာသင့် အားချစ်ပါမည်ဟုကတိထားပြီးလျှင် သင် နှင့်ပဋိညာဉ်ပြုသဖြင့်သင်သည်ငါ၏ ဇနီးဖြစ်လာ၏'' ဟူ၍တည်း။ ဤကားအရှင် ထာဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
ငါသည်အသတ်ခံခဲ့ရကြသူများအတွက် လက်စားချေမည်။ အပြစ်ရှိသူတို့အားချမ်းသာပေးလိမ့်မည်မဟုတ်။ သို့ရာတွင်ယုဒပြည်နှင့်ယေရုရှလင်မြို့ကိုမူကား၊ ထာဝစဉ်လူတို့နေထိုင်ရာဖြစ်စေမည်။ ငါထာဝရဘုရားသည်လည်းဇိအုန်တောင်ပေါ် တွင် ကျိန်းဝပ်တော်မူမည်'' ဟုမိန့်တော်မူ၏။ ပရောဖက်ယောလစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။
ထိုအခါငါသည်ဤပြည်တွင်ရှိသည့် ရုပ်တုတို့၏နာမည်နာမများကို သုတ်သင် ပယ်ရှင်းမည်ဖြစ်၍ယင်းတို့ကိုနောက်တစ် ဖန်အဘယ်သူမျှအမှတ်ရကြတော့မည် မဟုတ်။ မိမိကိုယ်ကိုပရောဖက်ဖြစ်သည် ဟုဆိုသောသူမှန်သမျှကို ငါဖျောက်ဖျက် ပစ်မည်။ ရုပ်တုဝတ်ပြုကိုးကွယ်လိုသည့် ဆန္ဒကိုလည်းဖယ်ရှားပစ်မည်။-
မင်္ဂလာဆောင်သတို့သမီးကိုသိမ်းပိုက်ရ သူသည် မင်္ဂလာဆောင်သတို့သားဖြစ်၏။ သတို့ သား၏မိတ်ဆွေသည်ကားအဆင်သင့်စောင့် ဆိုင်းကာ သတို့သား၏အသံကိုနားထောင် လျက်နေ၏။ သူသည်သတို့သား၏အသံကို ကြားသော် လွန်စွာအားရဝမ်းမြောက်သကဲ့ သို့ ငါသည်လည်းအပြည့်အဝဝမ်းမြောက်ရ လေပြီ။-
ညီအစ်ကိုတို့၊ ဤအချက်သည်သင်တို့နှင့် လည်းသက်ဆိုင်ပေသည်။ သင်တို့သည်ခရစ်တော် ၏ကိုယ်အင်္ဂါဖြစ်သဖြင့် ပညတ်တရားအောက် တွင်ရှင်သောဘဝကိုစွန့်လွှတ်ခဲ့ကြလေပြီ။ ဘုရားသခင်အတွက်အသုံးဝင်သူများ ဖြစ်လာကြစေရန် သင်တို့သည်သေခြင်းမှ ဘုရားသခင်ရှင်ပြန်ထမြောက်စေတော်မူ သောခရစ်တော်၏ဘက်တော်သားများဖြစ် ကြလေပြီ။-