Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟော​ရှေ 2:17

Common Language Bible

သူ​သည်​ဗာ​လ​ဟူ​သော​အ​မည်​ကို​သူ​၏​နှုတ် မှ​ဖယ်​ရှား​မည်၊ နောက်​တစ်​ဖန်​မ​ခေါ်​စေ​ရ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

အ​ခြား​ဘု​ရား​များ​အား​ဆည်း​ကပ်​ကိုး​ကွယ် ကြ​သော သူ​တို့​သည်​များ​စွာ​ဆင်း​ရဲ​ဒုက္ခ​ရောက်​ကြ​ရ လိမ့်​မည်။ ငါ​သည်​သူ​တို့​၏​ယဇ်​ပူ​ဇော်​မှု​များ​တွင် ပါ​ဝင်​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​၏​ဘု​ရား​များ​ကို​လည်း​ကိုး​ကွယ် ဆည်း​ကပ် လိမ့်​မည်​မ​ဟုတ်။

ထို​နောက်​မော​ရှေ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​က ထာ​ဝ​ရ​ဘု​ရား​အား​အောက်​ပါ ထော​မ​နာ​ပြု​သီ​ချင်း​ကို​ဆို​ကြ​သည်။ ``ထာ​ဝ​ရ​ဘု​ရား​သည်​အောင်​ပွဲ​ကြီး​ခံ​ရ ပြီ​ဖြစ်​၍ ကိုယ်​တော်​၏​ဂုဏ်​တော်​ကို​ထော​မ​နာ​ပြု ပါ​မည်။ ကိုယ်​တော်​သည်​မြင်း​များ​နှင့်​မြင်း​စီး​သူ​ရဲ​တို့​ကို ပင်​လယ်​ထဲ​၌​နစ်​မြုပ်​စေ​တော်​မူ​ပြီ။

``သင်​တို့​အား​ငါ​မှာ​ကြား​သ​မျှ​ကို​နား​ထောင် လော့။ အ​ခြား​သော​ဘု​ရား​တို့​ထံ​ဆု​မ​ပန်​နှင့်။ ထို​ဘု​ရား​တို့​၏​နာ​မ​ကို​မျှ​မ​မြွက်​ဆို ကြ​နှင့်။

(အ​ချင်း​လူ​တို့၊ ကမ္ဘာ​မြေ​ကြီး​နှင့်​မိုး​ကောင်း​ကင် ကို​မ​ဖန်​ဆင်း​သည့်​ဘု​ရား​များ​သည်​မိုး​ကောင်း ကင်​အောက်​မှ​လည်း​ကောင်း၊ ကမ္ဘာ​မြေ​ကြီး​ပေါ်​မှ လည်း​ကောင်း​ကွယ်​ပျောက်​မည်​ဖြစ်​ကြောင်း​ထို သူ​တို့​အား​ပြော​ကြား​ရ​ကြ​မည်။)

``သင်​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​သွား​၍ ထို​မြို့ တွင်​နေ​ထိုင်​သူ​အ​ပေါင်း​တို့​အား​ဤ​သ​တင်း စ​ကား​ကို​ပြန်​ကြား​လော့။'' သင်​တို့​သည်​ငယ်​ရွယ်​စဉ်​အ​ခါ​က​အ​ဘယ်​သို့ သစ္စာ​ရှိ​ခဲ့​ကြ​သည်​ကို​ငါ​သ​တိ​ရ​၏။ သင်​သည်​သ​တို့​သ​မီး​ကဲ့​သို့​ငါ့​ကို​ချစ်​ခဲ့​၏။ သင်​တို့​သည်​စိုက်​ပျိုး​ခြင်း​မ​ရှိ​သော တော​ကန္တာ​ရ​တစ်​လျှောက်​လုံး​ကို​ဖြတ်​၍ ငါ​၏​အ​နောက်​သို့​လိုက်​ခဲ့​ကြ​၏။

ထို​အ​ခါ​ငါ​သည်​ဤ​ပြည်​တွင်​ရှိ​သည့် ရုပ်​တု​တို့​၏​နာ​မည်​နာ​မ​များ​ကို သုတ်​သင် ပယ်​ရှင်း​မည်​ဖြစ်​၍​ယင်း​တို့​ကို​နောက်​တစ် ဖန်​အ​ဘယ်​သူ​မျှ​အ​မှတ်​ရ​ကြ​တော့​မည် မ​ဟုတ်။ မိ​မိ​ကိုယ်​ကို​ပ​ရော​ဖက်​ဖြစ်​သည် ဟု​ဆို​သော​သူ​မှန်​သ​မျှ​ကို ငါ​ဖျောက်​ဖျက် ပစ်​မည်။ ရုပ်​တု​ဝတ်​ပြု​ကိုး​ကွယ်​လို​သည့် ဆန္ဒ​ကို​လည်း​ဖယ်​ရှား​ပစ်​မည်။-

သင်​တို့​တွင်​ကျန်​ရှိ​နေ​သေး​သော​လူ​မျိုး​များ နှင့်​ပေါင်း​ဖော်​ဆက်​ဆံ​ခြင်း​မ​ပြု​မိ​စေ​ရန် သော်​လည်း​ကောင်း၊ သူ​တို့​ဘု​ရား​များ​၏​အ မည်​နာ​မ​များ​ကို​ထုတ်​ဖော်​ပြော​ဆို​ခြင်း၊ ထို ဘု​ရား​များ​ကို​တိုင်​တည်​၍​ကျိန်​ဆို​ခြင်း၊ ဦး ချ​ဝတ်​ပြု​ခြင်း​တို့​ကို​မ​ပြု​မိ​စေ​ရန်​သော် လည်း​ကောင်း​သ​တိ​ပြု​ရ​မည်။-

သူ​၏​အ​လောင်း​ပေါ်​တွင်​ကျောက်​ခဲ​ပုံ​ကြီး ကို​ပုံ​ထား​ကြ​၏။ ထို​ကျောက်​ပုံ​ကြီး​ကို ယ​နေ့​တိုင်​အောင်​တွေ့​မြင်​နိုင်​သည်။ ထို​အ​ဖြစ် အ​ပျက်​ကို​အ​စွဲ​ပြု​၍​ထို​အ​ရပ်​ကို`ဒုက္ခ ချိုင့်​ဝှမ်း' ဟု​ယ​နေ့​တိုင်​ခေါ်​တွင်​ကြ​သည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက် တော်​ပြေ​လေ​၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ