Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ဟော​ရှေ 14:7

Common Language Bible

တစ်​ဖန်​သူ​တို့​သည်​ငါ​၏​အ​ရိပ်​အာ​ဝါ​သ အောက်​တွင် နေ​ထိုင်​ရ​လိမ့်​မည်။ သူ​တို့​သည်​စ​ပါး​များ​ကို​စိုက်​ပျိုး​၍ စ​ပျစ်​ခြံ​ကဲ့​သို့​အ​သီး​လှိုင်​လိမ့်​မည်။ လေ​ဗ​နုန်​စ​ပျစ်​ရည်​ကဲ့​သို့​ကျော်​ကြား​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ဒုက္ခ​များ​ပတ်​လည်​ဝိုင်း​လျက်​နေ​ချိန်​၌​ပင်​လျှင် ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​အ​သက်​ကို ကာ​ကွယ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ရန်​သူ​တို့​၏ အ​မျက်​ကို​ဆီး​တား​တော်​မူ​လျက် တန်​ခိုး​တော်​အား​ဖြင့်​ကျွန်​တော်​မျိုး​ကို ကယ်​တော်​မူ​ပါ​၏။

ကျွန်​တော်​မျိုး​တို့​ကို​အား​သစ်​လောင်း​တော် မူ​ပါ။ သို့​ပြု​တော်​မူ​ပါ​လျှင်​ကိုယ်​တော်​ရှင်​၏ လူ​စု​တော်​ဖြစ်​သော​ကျွန်​တော်​မျိုး​တို့​သည် ကိုယ်​တော်​ရှင်​အား​ထော​မ​နာ​ပြု​ကြ​ပါ​မည်။

ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ခို​လှုံ​ရန် ချဉ်း​ကပ်​သူ​သည်​လည်း​ကောင်း၊ အ​နန္တ​တန်​ခိုး​ရှင်​၏​ကွယ်​ကာ​စောင့်​ထိန်း​မှု​ကို ခံ​ယူ​သူ​သည်​လည်း​ကောင်း၊

ပွဲခံရာအိမ်သို့ ငါ့ကိုဆောင်သွား၍၊ မေတ္တာတော် အလံကို ငါ့အပေါ်မှာ မိုးတော်မူပြီ။

ငါ့နှမ၊ ငါ့ခင်ပွန်းသည် ဝင်းကာသောဥယျာဉ်၊ ပိတ်ထားသော ရေကန်၊ တံဆိပ်ခတ်ထားသော ရေတွင်း ဖြစ်ပေ၏။

သတိမရမှီ ငါ့ဝိညာဉ်သည် အမိနဒိပ်ရထားကို စီးသကဲ့သို့ ဖြစ်၏။

မျိုး​စေ့​များ​သည်​အ​ညှောက်​ထိုး​၍​အ​ပင် ပေါက်​သ​ကဲ့​သို့၊ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မိ​မိ​၏​လူ​မျိုး​တော်​အား​အ​မှန်​ပင် ကယ်​တင်​တော်​မူ​လိမ့်​မည်။ လူ​မျိုး​တ​ကာ​တို့​သည်​လည်း​ကိုယ်​တော်​ကို ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။

အ​မြင့်​ဆုံး​သော​ဣ​သ​ရေ​လ​တောင်​ပေါ်​မှာ စိုက်​မည်။ ထို​အ​ပင်​သည်​အ​ကိုင်း​အ​ခက်​များ​ထွက်​၍ အ​သီး​သီး​ကာ လှ​ပ​တင့်​တယ်​သော​အာ​ရစ်​ပင်​ဖြစ်​လာ​လိမ့်​မည်။ ထို​အ​ပင်​၌​ငှက်​အ​မျိုး​မျိုး​တို့​အ​သိုက် လုပ်​ကြ​လိမ့်​မည်။ အ​ပင်​ရိပ်​တွင်​လည်း​ခို​လှုံ​ကြ​လိမ့်​မည်။

မိုး​ရေ​သည်​ခြောက်​သွေ့​သော​မြေ​ကို​စို​ပြေ​စေ သ​ကဲ့​သို့ ငါ​သည်​ဣ​သ​ရေ​လ​ပြည်​သား​တို့​အား စို​ပြေ​ပွင့်​လန်း​စေ​မည်။ သူ​တို့​သည်​ပန်း​ပင်​ကဲ့​သို့​ဖူး​ပွင့်​ကြ​လိမ့်​မည်။ လေ​ဗ​နုန်​တော​မှ​သစ်​ပင်​ကဲ့​သို့​အ​မြစ်​စွဲ​လိမ့်​မည်။

ထို​အ​ခါ​၌​ငါ​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဆု​တောင်း ပတ္ထ​နာ​ကို နား​ညောင်း​တော်​မူ​မည်။ ငါ​သည်​မြေ​ကြီး​ပေါ်​တွင်​မိုး​ကို​ရွာ​စေ​သ​ဖြင့် မြေ​ကြီး​မှ​စ​ပါး၊ စ​ပျစ်​သီး​နှင့်​သံ​လွင်​သီး များ သီး​လိမ့်​မည်။

ငါ​တို့​ကို​နှစ်​ရက်​သုံး​ရက်​အ​တွင်း​အင်​အား ပြည့်​လျက်​ပြန်​လည်​ရှင်​သန်​စေ​တော်​မူ​၍ မျက်​မှောက်​တော်​အောက်​တွင်​နေ​စေ​တော်​မူ လိမ့်​မည်။-

``သူ​တို့​သည်​မိ​မိ​တို့​ကောက်​ပဲ​သီး​နှံ​များ ကို​ငြိမ်း​ချမ်း​စွာ​စိုက်​ပျိုး​ရကြ​လိမ့်​မည်။ သူ တို့​၏​စ​ပျစ်​ပင်​များ​သည်​အ​သီး​များ သီး​လိမ့်​မည်။ မြေ​ကြီး​သည်​ကောက်​ပဲ​သီး နှံ​များ​ကို​ဆောင်​လျက်​မိုး​သည်​လည်း​အ​မြောက် အ​မြား​ရွာ​သွန်း​လိမ့်​မည်။ ကြွင်း​ကျန်​နေ​သူ ငါ​၏​လူ​မျိုး​တော်​အား​ဤ​ကောင်း​ချီး​မင်္ဂ လာ​အ​ပေါင်း​ကို​ငါ​ပေး​မည်။-

သ​ခင်​ယေရှု​က ``ငါ​သည်​အ​သက်​ရှင်​ခြင်း၊ ရှင် ပြန်​ထ​မြောက်​ခြင်း​အ​ရှင်​ဖြစ်​၏။ ငါ့​ကို​ယုံ ကြည်​သော​သူ​သည်​သေ​သော်​လည်း​ရှင်​လိမ့် မည်။-

အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား ဂျုံ​စေ့​သည်​မြေ​သို့​မ​ကျ၊ မ​ကျေ​မ​ပျက်​ဘဲ ရှိ​ပါ​မူ​အ​စေ့​တစ်​စေ့​ထက်​ပို​မို​ပွား​များ လာ​လိမ့်​မည်​မ​ဟုတ်။ ကျေ​ပျက်​၍​သွား​လျှင် မူ​ကား​များ​စွာ​သော​သီး​နှံ​တို့​ကို​ဖြစ်​ထွန်း စေ​တတ်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ