အကျွန်ုပ်တို့၏ဘုရင်များသည် ကိုယ်တော်ပေးအပ်တော်မူသောကျယ်ပြန့် စိုပြေသည့် ပြည်တော်တွင်နေထိုင်ရစဉ်အခါ၌ ကိုယ်တော်၏ကောင်းချီးခံစားရသည်နှင့်အညီ ကိုယ်တော်၏လူမျိုးတော်အားအုပ်စိုးကြရပါ၏။ သို့ရာတွင်သူတို့သည်အပြစ်ဒုစရိုက်ကို မကြဉ်မရှောင်၊ ကိုယ်တော်၏အမှုတော်ကိုလည်း မဆောင်ရွက်ကြ။