ဟောရှေ 11:7Common Language Bibleသူတို့သည်ငါ့ထံမှရှောင်ဖယ်လျက်သွားမြဲ သွားကြ၏။ သူတို့ထမ်းရသောထမ်းပိုးကြောင့် ညည်းတွားအော်ဟစ်သော်လည်းမည်သူက မျှထိုထမ်းပိုးကိုပင့်ပေးလိမ့်မည်မဟုတ်။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်ရှင်သည်သူယုတ်မာတို့အား သနားညှာတာတော်မူသော်လည်း၊ သူတို့သည်ဖြောင့်မှန်ရာကိုပြုကျင့်ရန် နားမလည်ကြပါ။ သူတော်ကောင်းတို့နေထိုင်ရာဤပြည်၌ပင် လျှင် သူတို့သည်မတရားသောအမှုတို့ကိုပြုလျက် ရှိကြပါ၏။ ကိုယ်တော်ရှင်၏အာနုဘော်တော်ကိုလည်း အသိအမှတ်မပြုကြပါ။
ငါ၏လူမျိုးတော်ကငါ့အား `ကျွန်တော်မျိုးတို့သည်မိမိတို့အပြစ်များ၏ စွပ်စွဲခြင်းကိုခံ၍နေရသော်လည်း၊ အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အားကိုယ်တော်ရှင်၏ နာမတော်ကိုထောက်၍ကူမတော်မူပါ။ ကျွန်တော်မျိုးတို့သည်ကြိမ်ဖန်များစွာ ကိုယ်တော်ရှင်ကို ကျောခိုင်းမိကြပါပြီ။ ကိုယ်တော်ရှင်အားပြစ်မှားမိကြပါပြီ။
သင်၏ဒုစရိုက်ကသင့်ကိုဒဏ်ခတ်လိမ့်မည်။ သင်၏ဖောက်ပြန်မှုကသင့်ကိုအပြစ်ဒဏ် ပေးပါလိမ့်မည်။ မိမိ၏ဘုရားသခင်ထာဝရဘုရားအားသင် စွန့်ပစ်မှု၊ ငါ့အားမကြောက်မရွံ့တော့ဘဲနေသောအမှုတို့သည် အဘယ်မျှဆိုးညစ်မိုက်မဲသည်ကိုသင်သိရှိ လာလိမ့်မည်။ ဤကားအနန္တတန်ခိုးရှင်ငါထာဝရဘုရား မြွက်ဟသည်စကားပင်တည်း။
သူတို့သည်ငါ့ကိုစွန့်၍ တန်ခိုးမရှိသော ဘုရားကိုဆည်းကပ်ကြ၏။ သူတို့သည် ကောက်လိမ်သောလေးကဲ့သို့စိတ်မချရ။ သူတို့၏ခေါင်းဆောင်များသည်မောက်မာ စွာပြောဆိုသောကြောင့် သေခြင်းဆိုးဖြင့် သေကြလိမ့်မည်။ ထိုအခါအီဂျစ်အမျိုး သားတို့ကသူတို့ကိုပြက်ရယ်ပြုကြ လိမ့်မည်။