ဟောရှေ 10:5Common Language Bibleရှမာရိမြို့သားတို့သည်ဗေသဝင်မြို့တွင် ရှိသောရွှေနွားရုပ်ဆုံးရှုံးရသဖြင့် ကြောက်ရွံ့ ၍ငိုကြွေးမြည်တမ်းလိမ့်မည်။ ထိုရုပ်တုကို ကိုးကွယ်သောသူများနှင့်ယဇ်ပုရောဟိတ် တို့သည်ရွှေနွားရုပ်အတွက်ငိုကြွေးကြ လိမ့်မည်။ ထိုရွှေရုပ်တု၏ဘုန်းတန်ခိုးကွယ် ပျောက်၍တိုင်းတစ်ပါးသို့ယူဆောင်သွား ခြင်းခံရသောအခါ သူတို့သည်မြည် တမ်းကြလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
သူသည်ယုဒမြို့များနှင့်ယေရုရှလင်မြို့ နီးနားဝန်းကျင်တွင် ရုပ်တုများကိုယဇ်ပူ ဇော်ရန်ယုဒဘုရင်များခန့်အပ်ထားသည့် ယဇ်ပုရောဟိတ်တို့ကိုလည်းကောင်း၊ ဗာလ ဘုရား၊ နေ၊ လ၊ ကြယ်၊ နက္ခတ်တို့ကိုယဇ်ပူဇော် ကြသည့် ယဇ်ပုရောဟိတ်များကိုလည်း ကောင်းရာထူးမှထုတ်ပယ်တော်မူ၏။
``အသင်ဣသရေလပြည်သားတို့သည် ငါ့အားသစ္စာမဲ့ကြသော်လည်း ယုဒပြည် သားတို့သည်ထိုအပြစ်မျိုးကိုမကူး လွန်မိပါစေနှင့်၊ ဂိလဂါလမြို့သို့မ ဟုတ်ဗေသလမြို့များတွင်ဘုရားဝတ် ပြုခြင်းမပြုကြနှင့်။ ထိုမြို့များတွင် အသက်ရှင်တော်မူသောထာဝရဘုရား ၏နာမတော်ကိုတိုင်တည်၍ကျိန်တွယ် ပြောဆိုမှုမပြုကြနှင့်။-
ဣသရေလပြည်သားတို့၊ အခြားသောလူ မျိုးများကဲ့သို့ပျော်ပွဲရွှင်ပွဲများကိုမ ကျင်းပကြနှင့်။ သင်တို့သည်သင်တို့၏ ဘုရားသခင်ကိုသစ္စာဖောက်ကြပြီ။ သင် တို့သည်တိုင်းပြည်တစ်ဝှမ်းလုံးတွင် မိမိ ကိုယ်ကိုပြည့်တန်ဆာအဖြစ်ဗာလဘုရား ထံရောင်းစားကြပြီ။ သီးထွက်ကောင်းမှု များသည်ဗာလဘုရားကြောင့်ရသည်ဟု သင်တို့ထင်မှတ်ကြသည်။-