ဟောရှေ 10:3Common Language Bibleမကြာမီ၌ပင်ဤသူတို့က``ငါတို့သည် ထာဝရဘုရားကိုမကြောက်ရွံ့သောကြောင့် ငါတို့၌ဘုရင်မရှိ၊ ဘုရင်ရှိသည့်တိုင် အောင်သူသည်ငါတို့အတွက်မည်သို့ဆောင် ရွက်ပေးနိုင်မည်နည်း'' ဟုဆိုကြလိမ့်မည်။- အခန်းကိုကြည့်ပါ။ |
သင်တို့က၊``ငါတို့တွေ့မြင်ရကြစေရန်ထာဝရ ဘုရားသည် မိမိမိန့်တော်မူသည့်အတိုင်းအလျင် အမြန်ပြုတော်မူပါစေသော။ ဣသရေလအမျိုး သားတို့၏သန့်ရှင်းမြင့်မြတ်တော်မူသည့်ဘုရားသခင်သည် မိမိ၏အကြံအစည်တော်တို့ကို အကောင်အထည်ဖော်တော်မူပါစေသော။ ကိုယ်တော်၏အကြံအစည်တော်ကိုငါ တို့ကြည့်ကြကုန်အံ့'' ဟုဆိုချေသည်။
ထိုသူတို့က ``သူ့ကိုသတ်ပါ၊ သူ့ကိုသတ်ပါ။ လက်ဝါးကပ်တိုင်တွင်တင်၍သတ်ပါ'' ဟု ပြန်၍ဟစ်အော်ကြ၏။ ပိလတ်မင်းက ``သင်တို့၏ရှင်ဘုရင်ကို လက်ဝါးကပ်တိုင်တွင်တင်၍သတ်စေလို သလော'' ဟုမေး၏။ ယဇ်ပုရောဟိတ်ကြီးများက ``အကျွန်ုပ်တို့ မှာဧကရာဇ်မင်းမှတစ်ပါးအခြားရှင် ဘုရင်မရှိပါ'' ဟုပြန်ပြောကြ၏။