ဟောရှေ 1:4Common Language Bibleထာဝရဘုရားကဟောရှေအား``သင်၏သား ကို`ယေဇရေလ' ဟုနာမည်မှည့်လော့၊ အဘယ် ကြောင့်ဆိုသော်ဣသရေလဘုရင်၏ဘိုးတော် ယေဟုသည် ယေဇရေလမြို့တွင်သတ်ဖြတ် လုပ်ကြံခဲ့သည့်လူသတ်မှုများအတွက် ငါ သည်ဣသရေလဘုရင်ကိုဒဏ်ခတ်မည်။ ယေဟုမင်းဆက်ကိုတိမ်ကောစေမည်။- အခန်းကိုကြည့်ပါ။ |
ပေကာမင်းလက်ထက်တွင်အာရှုရိဧကရာဇ် ဘုရင်တိဂလတ်ပိလေသာသည်ဣယုန်မြို့၊ အဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှ မြို့နှင့်ဟာဇော်မြို့များနှင့်တကွဂိလဒ်ပြည်၊ ဂါလိလဲနှင့်နဿလိပြည်တို့ကိုသိမ်းယူ၍ လူတို့အား အာရှုရိပြည်သို့သုံ့ပန်းများ အဖြစ်ဖမ်းဆီးသွားလေသည်။
ကိုယ်တော်၏လူမျိုးတော်ကိုကြည့်ရှုစောင့် ရှောက်ရမည့်မင်းစိုးရာဇာတို့အား ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားက``သင်တို့သည်ငါ၏လူမျိုးတော် အားမကြည့်ရှုခဲ့၊ ငါ၏လူမျိုးတော်ကို နှင်ထုတ်ကွဲလွင့်စေခဲ့ကြ၏။ ယင်းသို့သင် တို့ပြုသည့်မကောင်းမှုများအတွက်ငါ သည်သင်တို့အားအပြစ်ဒဏ်ခတ်မည်။''-