သြဗဒိ 1:5Common Language Bible``သူခိုးတို့သည်ညဥ့်အခါလာခဲ့သော်၊ မိမိတို့အလိုရှိရာပစ္စည်းများကိုသာ လျှင် ယူငင်သွားကြ၏။ စပျစ်သီးဆွတ်ခူးရန်လာသောသူတို့သည် လည်း၊ စပျစ်သီးအနည်းငယ်ကိုချန်ထားခဲ့တတ် ကြ၏။ သို့ရာတွင်သင်၏ရန်သူတို့မူကား၊သင်၏ ပစ္စည်းများကို အကုန်အစင်သိမ်းယူသွားကြလေပြီ။ အခန်းကိုကြည့်ပါ။ |
လူအနည်းငယ်သာလျှင်အသက်မသေဘဲ ကျန်ရှိခါ ဣသရေလသည်လည်းအသီးများ ကိုအကုန်အစင်ဆွတ်ခူးပြီးနောက် အပင် ထိပ်ဖျားတွင်နှစ်လုံးသုံးလုံးနှင့်အကိုင်းများ တွင် လေးငါးလုံးမျှသာကျန်ရှိသည့်သံလွင် ပင်နှင့်တူလိမ့်မည်။ ဤကားအနန္တတန်ခိုးရှင် ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
ကမ္ဘာတစ်ဝှမ်းလုံးမှနိုင်ငံရှိသမျှတို့တွင် ဤနည်းအတိုင်းပင်ဖြစ်ပျက်ရလိမ့်မည်။ ဤသို့ဖြစ်ပျက်ရာအချိန်သည်သံလွင်သီး များကိုအပင်ရှိသမျှမှရိုက်ချလျက်၊ စပျစ်သီးအကြွင်းအကျန်များကိုလည်း စပျစ်နွယ်များမှဆွတ်ခူးပြီးသည့်အချိန်၊ သီးနှံများရိတ်သိမ်းမှုပြီးဆုံးရာကာလ နှင့်တူလိမ့်မည်။
အနန္တတန်ခိုးရှင်ထာဝရဘုရားက ငါ့ အား``စပျစ်ဥယျာဉ်မှစပျစ်သီးရှိသမျှ ကိုအကြွင်းအကျန်မရှိအောင်ဆွတ်ခူးသကဲ့ သို့၊ ဣသရေလပြည်မှလူအကြွင်းအကျန် မရှိစေရ။ သို့ဖြစ်၍သင်သည်အချိန်ရှိခိုက် ကယ်ဆယ်၍ရနိုင်သမျှဣသရေလအမျိုး သားတို့အားကယ်ဆယ်ရမည်ဟုမိန့်တော် မူ၏။
ဤသည်လျှင်မိမိကိုယ်ကိုတန်ခိုးကြီးလှ ပြီဟူ၍လည်းကောင်း၊ လုံခြုံမှုရှိလှပြီ ဟူ၍လည်းကောင်းထင်မှတ်သည့်မြို့ကြုံ တွေ့ရမည့်ကံကြမ္မာပင်ဖြစ်တော့၏။ ထို မြို့၏မြို့သူမြို့သားတို့ကမိမိတို့မြို့ ကိုကမ္ဘာပေါ်တွင်အကြီးဆုံးဟုထင်မှတ် ကြပေသည်။ ထိုမြို့သည်တောတိရစ္ဆာန် များနားနေရာဖြစ်လျက်အဘယ်မျှလူ သူဆိတ်ညံ၍နေပါလိမ့်မည်နည်း။ ယင်း အနီးမှဖြတ်သန်းသွားလာသူအပေါင်း တို့သည်ထိတ်လန့်လျက် နောက်သို့တွန့်ဆုတ် သွားကြလိမ့်မည်။