သြဗဒိ 1:13Common Language Bibleသင်သည်ငါ၏လူမျိုးတော် ဆင်းရဲဒုက္ခရောက်ရကြသည်ကိုကျိတ်၍ နှစ်ထောင်းအားရဖြစ်ကာ၊ သူတို့ဘေးအန္တရာယ်ဆိုးနှင့်ကြုံတွေ့ရ ချိန်၌ သူတို့၏မြို့ထဲသို့မဝင်သင့်။ သူတို့၏ဥစ္စာပစ္စည်းများကိုမသိမ်းမ ယူသင့်။ အခန်းကိုကြည့်ပါ။ |
အငှားစစ်သည်များပင်လျှင်နွားသငယ်များ သဖွယ် ခိုကိုးရာမဲ့ဖြစ်ကြ၏။ သူတို့သည်ခုခံတိုက်ခိုက်မှုကိုမပြုဘဲ အားလုံးလှည့်၍ပြေးကြလေသည်။ အဘယ်ကြောင့်ဆိုသော်သူတို့ဆုံးပါးပျက်စီး ရမည့်နေ့၊ ကံကြမ္မာဆိုးကြုံတွေ့ရမည့်နေ့ရက်ကာလသည် ကျရောက်လာပြီဖြစ်သောကြောင့်တည်း။
ငါသည်မိမိလူမျိုးတော်အပေါ်သို့သက် ရောက်သည့်အမျက်တော်ကိုထိန်းချုပ်လျက် နေစဉ်၊ ငြိမ်းချမ်းစွာနေထိုင်ရကြသော လူမျိုးအပေါင်းတို့သည် ငါ့လူမျိုးတော် ခံစားရသည့်ဆင်းရဲဒုက္ခကိုပိုမိုကြီး လေးအောင်ပြုကြ၏။ ထိုကြောင့်ငါသည်ထို လူမျိုးတို့အားပြင်းစွာအမျက်ထွက်သဖြင့်၊-