Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သြ​ဗ​ဒိ 1:11

Common Language Bible

ရန်​သူ​များ​သည်၊ထို​သူ​တို့​၏​မြို့​တံ​ခါး များ​ကို​ဖြို​ချ​ချိန်​၌၊ သင်​သည်​နံ​ဘေး​သို့​ဖယ်​၍​ရပ်​နေ​ခဲ့​၏။ သင်​သည်၊ယေ​ရု​ရှ​လင်​မြို့​၏​စည်း​စိမ်​ဥစ္စာ များ​ကို သိမ်း​ယူ​ကာ၊မိ​မိ​တို့​အ​ချင်း​ချင်း​တို့​အား ခွဲ​ဝေ​ပေး​သူ​လူ​မျိုး​ခြား​များ​နှင့်​မ​ခြား၊ ဆိုး​ယုတ်​သူ​ဖြစ်​ပေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​နေ​ဗု​ဇာ​ရ​ဒန်​သည်​မြို့​ထဲ​တွင်​ကျန် ရှိ​နေ​သေး​သူ​များ၊ ကြွင်း​ကျန်​သော​အ​တတ် ပ​ညာ​သည်​များ​နှင့် ဗာ​ဗု​လုန်​ဘု​ရင်​ဘက်​သို့ ကူး​ဝင်​လာ​သူ​များ​အား​ဗာ​ဗု​လုန်​ပြည်​သို့ ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​၏။-

အို ထာ​ဝ​ရ​ဘု​ရား၊ ယေ​ရု​ရှ​လင်​မြို့​ကို​သိမ်း​ယူ​ချိန်​၌ ဧ​ဒုံ​အ​မျိုး​သား​တို့​ပြု​သည့်​အ​မှု​ကို သ​တိ​ရ​တော်​မူ​ပါ။ ``ဤ​မြို့​ကို​မြေ​ပြင်​နှင့်​တ​ပြေး​ညီ​အောင် ဖြို​ဖျက်​ကြ​လော့'' ဟု​ထို​သူ​တို့​ပြော​ဆို​ခဲ့​ကြ​သော စ​ကား​ကို​သ​တိ​ရ​တော်​မူ​ပါ။

သင်​သည်​သူ​ခိုး​နှင့်​တွေ့​လျှင်​မိတ်​ဖွဲ့​တတ်​၏။ သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား​သူ​တို့​နှင့်​လည်း ပေါင်း​ဖော်​တတ်​၏။

သူ​တို့​သည်​တ​ညီ​တ​ညွတ်​တည်း တိုင်​ပင်​ကြံ​စည်​ကြ​ပြီး​နောက် ကိုယ်​တော်​ရှင်​အား​ဆန့်​ကျင်​ဘက်​ပြု​၍ မ​ဟာ​မိတ်​အ​ဖွဲ့​ကို​ဖွဲ့​စည်း​လိုက်​ကြ​ပါ​၏။

ထို​မ​ဟာ​မိတ်​အ​ဖွဲ့​တွင်​ဧ​ဒုံ၊ဣ​ရှ​မေ​လ၊ မော​ဘ၊ ဟာ​ဂ​ရ​အ​မျိုး​သား​များ၊

``ငါ​ထာ​ဝရ​ဘု​ရား​သည်​ယု​ဒ​နှင့်​ဣသ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​ပါ လျက် သင်​သည်​ထို​လူ​မျိုး​တို့​နှင့်​သူ​တို့​၏ ပြည်​များ​ကို​ပိုင်​၍ မိ​မိ​လက်​ဝယ်​သို့​ရောက် ရှိ​စေ​မည်​ဟူ​၍​ဆို​ချေ​သည်။-

သူ​တို့​သည်​သုံ့​ပန်း​များ​ကို​အ​ဘယ်​သူ​သို့ ပေး​အပ် ရ​မည်​ကို​မဲ​ချ​၍​ဆုံး​ဖြတ်​ခဲ့​ကြ​၏။ ပြည့်​တန်​ဆာ​မ​များ​အ​တွက်​အ​ခ​ကြေး​ငွေ​နှင့် စ​ပျစ်​ရည်​ဖိုး​ရ​ရှိ​ရန် သူ​တို့​သည်​သူ​ငယ်​သူ​ငယ်​မ​များ​ကို ရောင်း​စား​ခဲ့​ကြ​သည်။

ထာ​ဝ​ရ​ဘု​ရား​က``ဂါ​ဇ​မြို့​သား​တို့​သည် တစ်​ကြိမ်​ပြီး​တစ်​ကြိမ်​ပြစ်​မှား​ခဲ့​သ​ဖြင့် ငါ​သည်​သူ​တို့​ကို​အ​မှန်​ပင်​ဒဏ်​ပေး​ရ တော့​မည်။ သူ​တို့​သည်​လူ​တစ်​မျိုး​လုံး​ကို ဧ​ဒုံ​ပြည်​သား​များ​လက်​ဝယ်​သို့ ကျွန် အ​ဖြစ်​နှင့်​ရောင်း​စား​ခဲ့​ပြီ။-

ထာ​ဝ​ရ​ဘု​ရား​က``တု​ရု​မြို့​သား​တို့​သည် တစ်​ကြိမ်​ပြီး​တစ်​ကြိမ်​ပြစ်​မှား​ကြ​သ​ဖြင့် ငါ​သည်​သူ​တို့​ကို​အ​မှန်​ပင်​ဒဏ်​ပေး​ရ တော့​မည်။ သူ​တို့​သည်​လူ​တစ်​မျိုး​လုံး​ကို ဧ​ဒုံ​ပြည်​သို့​ပြည်​နှင်​ဒဏ်​ပေး​ခဲ့​ပြီ။ ကိုယ် တိုင်​ချုပ်​ဆို​ခဲ့​သော​မ​ဟာ​မိတ်​စာ​ချုပ်​ကို ချိုး​ဖောက်​ခဲ့​ပြီ။-

သီ​ဘီ​မြို့​သူ​မြို့​သား​တို့​သည်​ပြည်​နှင်​ဒဏ်​သင့် ကြ​လျက်​သူ​တို့​၏​သား​သ​မီး​များ​သည်​လမ်း ဆုံ​လမ်း​ခွ​တိုင်း​၌​အ​ရိုက်​အ​နှက်​ခံ​ရ​ကြ​၏။ သူ​တို့​အ​ထဲ​မှ​ဂုဏ်​အ​သ​ရေ​ရှိ​သူ​များ​ကို သံ​ကြိုး​များ​နှင့်​ချည်​နှောင်​ခေါ်​ဆောင်​ကာ မိ​မိ​တို့​အ​ချင်း​ချင်း​မဲ​ချ​၍​ခွဲ​ဝေ​ယူ​ကြ​၏။

ဤ​သို့​လျှင်​မော​ဘ​ပြည်​သား​များ​နှင့်​အမ္မုန် ပြည်​သား​များ​သည်​မိ​မိ​တို့​၏​မာ​န​ကြီး မှု၊ မောက်​မာ​ထောင်​လွှား​မှု​နှင့်​အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​တို့​ကို​စော်​ကား မှု​တို့​ကြောင့်​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ