သူကြီး 9:6Common Language Bibleထိုနောက်ရှေခင်မြို့နှင့်ဗေသမိလ္လောမြို့မှ မြို့သားအပေါင်းတို့သည်စုဝေးလျက် ရှေခင် မြို့ရှိအထိမ်းအမှတ်သပိတ်ပင်သို့သွား ရောက်၍ အဘိမလက်အားမင်းမြှောက်ကြ လေသည်။ အခန်းကိုကြည့်ပါ။ |
ယောရှမင်း၏မှူးမတ်တို့သည်သူ့အားလုပ်ကြံရန် လျှို့ဝှက်ကြံစည်ကြ၏။ ထိုသူတို့အနက်ရှိမတ် ၏သားယောဇကာနှင့်ရှောမေရ၏သားယဟော ဇဗပ်တို့သည် ယေရုရှလင်မြို့အရှေ့ပိုင်းသိလ ရွာသွားရာလမ်းရှိဖို့မြေပေါ်တွင်တည်ဆောက် ထားသောစံနန်း၌သူ့အားလုပ်ကြံကြ၏။ သူ့ အားဒါဝိဒ်မြို့ရှိသင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက်သူ၏သားတော်အာမဇိသည် ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။