သူကြီး 9:57Common Language Bibleဂိဒေါင်၏သားယောသံကျိန်ဆဲခဲ့သည့် စကားအတိုင်းရှေခင်မြို့သားတို့သည်လည်း မိမိတို့၏ဆိုးယုတ်မှုအတွက်အပြစ်ဒဏ် ခံစေတော်မူသတည်း။ အခန်းကိုကြည့်ပါ။ |
သူနန်းစံနေစဉ်အတွင်းဗေသလမြို့သား ဟိဧလသည် ယေရိခေါမြို့ကိုပြန်လည်တည် ထောင်လေသည်။ နုန်၏သားယောရှုအားဖြင့် ထာဝရဘုရားမိန့်တော်မူသောစကားနှင့် အညီ ဟိဧလသည်ယေရိခေါမြို့ကိုအုတ် မြစ်ချချိန်၌မိမိ၏သားဦးအဘိရံကို လည်းကောင်း၊ မြို့တံခါးများတည်ဆောက် ချိန်၌သားထွေးစေဂုပ်ကိုလည်းကောင်း ဆုံးရှုံးရလေသည်။
ငါ၏ခမည်းတော်မသိဘဲကူးလွန်ခဲ့သည့် လူသတ်မှုများအတွက် ထာဝရဘုရားသည် ယွာဘအားအပြစ်ဒဏ်စီရင်တော်မူလိမ့်မည်။ ယွာဘသည်မိမိထက်သာလွန်ကောင်းမြတ် သည့်ဣသရေလတပ်မတော်ဗိုလ်ချုပ်အာဗနာ နှင့်ယုဒတပ်မတော်ဗိုလ်ချုပ်အာမသတည်း ဟူသောအပြစ်မဲ့သူနှစ်ဦးအားသတ်ဖြတ် ခဲ့ပေသည်။-
အဒေါနိဗေဇက်က``ငါသည်ဘုရင်ခုနစ်ဆယ် တို့အားခြေမလက်မများဖြတ်တောက်ပစ်ခဲ့၏။ သူတို့သည်ငါ၏စားပွဲအောက်မှစားကြွင်းစား ကျန်များကိုကောက်၍စားခဲ့ကြရ၏။ ယခုမှာ မူဘုရားသခင်သည် ထိုသူတို့အားငါပြုခဲ့ သည်အတိုင်းငါ့ကိုပြုတော်မူလေပြီ'' ဟု ဆို၏။ သူသည်ယေရုရှလင်မြို့သို့ခေါ်ဆောင် ခြင်းကို ခံရပြီးလျှင်ထိုမြို့၌ပင်ကွယ်လွန် သွားလေ၏။