Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 9:54

Common Language Bible

ထို​အ​ခါ​သူ​သည်​မိ​မိ​၏​လက်​နက်​ကို​ကိုင် ဆောင်​သော​လူ​ငယ်​အား အ​လျင်​အ​မြန်​ခေါ် ပြီး​လျှင်``သင်​၏​ဋ္ဌား​ကို​ဋ္ဌား​အိမ်​မှ​ထုတ်​၍ ငါ့​ကို​သတ်​လော့။ ငါ​သည်​အ​မျိုး​သ​မီး​၏ လက်​ချက်​ဖြင့်​သေ​ရ​သည်​ဟူ​၍​အ​ပြော​မ​ခံ လို'' ဟု​ဆို​၏။ သို့​ဖြစ်​၍​လူ​ငယ်​သည်​အ​ဘိ မ​လက်​အား​ဋ္ဌား​နှင့်​ထိုး​၍​သတ်​လိုက်​လေ သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

မင်း​ကြီး​လဲ​လျှင်​လဲ​ချင်း​သက်​တော်​ဆုံး တော့​မည်​ကို​သိ​သ​ဖြင့်​ကျွန်​တော်​သည်​သူ့ အား​သတ်​ပြီး​လျှင် သူ​၏​ဦး​ခေါင်း​မှ​သ​ရ​ဖူ နှင့်​လက်​မောင်း​မှ​လက်​ကောက်​တော်​ကို​ဖြုတ် ၍​အ​ရှင့်​ထံ​သို့​ယူ​ဆောင်​ခဲ့​ပါ​သည်'' ဟု လျှောက်​၏။

ထို​အ​ခါ​သူ​သည်​နောက်​သို့​လှည့်​ကြည့်​လိုက် ရာ​ကျွန်​တော့်​ကို​မြင်​၍​ခေါ်​ပါ​၏။ ကျွန်​တော် က``ရောက်​ပါ​ပြီ​အ​ရှင်'' ဟု​ထူး​သော​အ​ခါ၊-

ထို​အ​ခါ​မင်း​ကြီး​က``ငါ​သည်​ပြင်း​စွာ​ဒဏ် ရာ​ရ​သ​ဖြင့်​သေ​ခါ​နီး​ပြီ။ ထို့​ကြောင့်​လာ ၍​ငါ့​အား​သတ်​လော့'' ဟု​မိန့်​တော်​မူ​ပါ​၏။-

သူ​သည်​မိ​မိ​၏​လက်​နက်​များ​ကို​သယ် ဆောင်​ပေး​သူ​လု​လင်​ပျို​အား``ဘု​ရား​မဲ့ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​လာ​၍ ငါ့​အား သ​ရော်​မော်​ကား​မ​ပြု​လုပ်​နိုင်​ကြ​စေ​ရန် သင်​သည်​ဋ္ဌား​ကို​ဆွဲ​ထုတ်​ကာ​ငါ့​အား သတ်​လော့'' ဟု​ဆို​၏။ သို့​ရာ​တွင်​ထို​လု​လင် သည်​မင်း​ကြီး​ကို​သတ်​ရန်​ကြောက်​ရွံ့​လျက် နေ​သ​ဖြင့် ရှော​လု​သည်​မိ​မိ​၏​ဋ္ဌား​ကို​ဆွဲ ထုတ်​ပြီး​လျှင် ဋ္ဌား​ပေါ်​တွင်​လှဲ​ချ​ကာ မိ​မိ​ကိုယ်​ကို​အ​ဆုံး​စီ​ရင်​တော်​မူ​၏။-

လု​လင်​ပျို​သည်​ရှော​လု​ကွယ်​လွန်​သွား ကြောင်း​တွေ့​မြင်​သော​အ​ခါ မိ​မိ​ကိုယ်​ကို ဋ္ဌား​ပေါ်​တွင်​လှဲ​ချ​ကာ​သေ​လေ​၏။-

ဒေ​ဗော​ရ​က​လည်း``ကောင်း​ပြီ၊ သင်​နှင့်​အ​တူ ငါ​လိုက်​ပါ​အံ့။ သို့​ရာ​တွင်​သင်​သည်​ထို​အောင် ပွဲ​နှင့်​ဆိုင်​သော​ဂုဏ်​အ​သ​ရေ​ကို​ရ​ရှိ​လိမ့် မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ ဘု​ရား​သည်​သိ​သ​ရ​ကို​အ​မျိုး​သ​မီး​လက် သို့​ပေး​အပ်​တော်​မူ​လိမ့်​မည်​ဖြစ်​သော​ကြောင့် တည်း'' ဟု​ဆို​၏။ သို့​ဖြစ်​၍​ဒေ​ဗော​ရ​သည် ဗာ​ရက်​နှင့်​အ​တူ​ကိ​ရှန်​မြစ်​သို့​ထွက်​ခွာ သွား​၏။-

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ဘိ​မ​လက် သေ​ကြောင်း​ကို​ကြား​သိ​ကြ​သော​အ​ခါ မိ​မိ တို့​အိမ်​သို့​ပြန်​သွား​ကြ​၏။

ယော​န​သန်​နှင့်​သူ​ငယ်​အား``ဤ​အ​ရပ်​သို့ လာ​ခဲ့​လော့။ သင်​တို့​အား​ငါ​တို့​ပြော​စ​ရာ ရှိ​သည်'' ဟု​ဟစ်​အော်​၍​ဖိတ်​ခေါ်​ကြ​၏။ ယော​န​သန်​သည်​သူ​ငယ်​အား``ငါ့​နောက်​ကို လိုက်​ခဲ့​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား အောင်​ပွဲ​ကို ပေး​တော်​မူ​ပြီ'' ဟု​ဆို​ပြီး​လျှင်၊-

တောင်​ကြား​လမ်း​ထဲ​မှ​လေး​ဖက်​တွား​၍​ထွက် လာ​ခဲ့​၏။ လူ​ငယ်​သည်​လည်း​သူ​၏​နောက်​မှ လိုက်​လာ​လေ​သည်။ ယော​န​သန်​သည်​ဖိ​လိတ္တိ အ​မျိုး​သား​တို့​အား​ခုတ်​လှဲ​၍​လူ​ငယ်​က သူ​တို့​ကို​သတ်​ဖြတ်​လိုက်​လေ​သည်။-

ဤ​ပ​ထ​မ​လူ​သတ်​ပွဲ​တွင်​ယော​န​သန်​နှင့် သူ​ငယ်​တို့​၏​လက်​ချက်​ဖြင့် ဧ​က​ဝက်​ခန့် ရှိ​သော​နယ်​မြေ​တွင်​လူ​ပေါင်း​နှစ်​ဆယ်​ခန့် သေ​သ​တည်း။-

ထို့​အ​ခါ​ရှော​လု​က​မိ​မိ​၏​လူ​တို့​အား``တပ် တွင်း​မှ​ပျောက်​နေ​သူ​ကို​သိ​ရှိ​နိုင်​ရန်​စစ် သည်​တို့​ကို​စစ်​ဆေး​ကြည့်​လော့'' ဟု​အမိန့် ပေး​သည်​အ​တိုင်း​စစ်​ဆေး​ကြည့်​ကြ​ရာ ယော​န​သန်​နှင့်​သူ​၏​လက်​နက်​သယ်​ဆောင် သူ​လူ​ငယ်​တို့​မ​ရှိ​ကြောင်း​တွေ့​ရ​ကြ​၏။-

လူ​ငယ်​က``အ​ရှင်​အ​လို​ရှိ​ရာ​ပြု​တော်​မူ ပါ။ အ​ကျွန်ုပ်​သည်​အ​ရှင်​နှင့်​အ​တူ​လိုက် ပါ​မည်'' ဟု​ဆို​လျှင်၊

ဒါ​ဝိဒ်​သည်​ရှော​လု​ထံ​သို့​လာ​ရောက်​ပြီး​လျှင် အ​မှု​တော်​ကို​ထမ်း​ဆောင်​လေ​သည်။ ရှော​လု သည်​လည်း​သူ့​ကို​လွန်​စွာ​နှစ်​သက်​တော်​မူ သ​ဖြင့်​မိ​မိ​၏​လက်​နက်​သယ်​ဆောင်​သူ အ​ရာ​၌​ခန့်​ထား​တော်​မူ​၏။-

ဤ​ကား​ရှော​လု​သား​တော်​သုံး​ပါး​နှင့် လူ​ငယ် တို့​သေ​ရ​ကြ​ပုံ​ဖြစ်​ပေ​သည်။ ထို​နေ့​၌​ရှော​လု ၏​လူ​အ​ပေါင်း​တို့​သည်​သေ​ဆုံး​ကြ​ကုန်​၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ