Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 9:4

Common Language Bible

သူ​တို့​သည်​မိ​မိ​တို့​ပ​ဋိ​ညာဉ်​ပြု​ထား​သည့် ဗာ​လ​ဘု​ရား​၏​ဝတ်​ကျောင်း​မှ ငွေ​အ​ခွက် ခု​နစ်​ဆယ်​ကို​အ​ဘိ​မ​လက်​အား​ပေး​ကြ​၏။ ထို​ငွေ​ဖြင့်​သူ​သည်​အ​ခြေ​အ​နေ​မဲ့​သူ​လူ ခု​နစ်​ဆယ်​အား မိ​မိ​နောက်​သို့​လိုက်​ရန်​ငှား ရမ်း​ပြီး​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​သည်​မိ​မိ​၏​အိမ်​ထောင်​စု​သား​တို့​အား နှုတ်​ဆက်​ရန်​နန်း​တော်​သို့​ပြန်​သော​အ​ခါ ရှော​လု ၏​သ​မီး​တော်​မိ​ခါ​လ​သည်​သူ့​အား​ကြို​ဆို ရန်​ထွက်​လာ​၏။ မိ​ခါ​လ​က``ပေါ့​ပျက်​သူ​အ ရှက်​မဲ့​အ​ဝတ်​လှစ်​သည့်​နည်း​တူ​အ​ရာ​ရှိ​တို့ ၏​ကျွန်​မိန်း​မ​တို့​ရှေ့​တွင်​မိ​မိ​ကိုယ်​ကို​အ​ဝတ် လှစ်​သော​ဣ​သ​ရေ​လ​ဘု​ရင်​သည်​ယ​နေ့ အ​လွန်​ဘုန်း​ကြီး​ပါ​သည်​တ​ကား'' ဟု ဆို​၏။

ယုတ်​မာ​သူ​လူ​တစ်​စု​ကို​စု​ရုံး​လေ​သည်။ သူ​တို့ သည်​ရှော​လ​မုန်​၏​သား​တော်​ရော​ဗောင်​အား မိ​မိ တို့​ဆန္ဒ​ရှိ​သည်​အ​တိုင်း​ပြု​လုပ်​စေ​ကြ​၏။ ရော ဗောင်​သည်​နု​နယ်​၍​အ​တွေ့​အ​ကြုံ​မ​ရှိ​သူ​ဖြစ် သ​ဖြင့်​သူ​တို့​အား​ခု​ခံ​နိုင်​စွမ်း​မ​ရှိ​ပေ။-

လူမိုက်သား၊ လူယုတ်သားဖြစ်၍၊ အရပ်ရပ် နှင်ထုတ်ခြင်းကို ခံရကြ၏။

မိမိလယ်ယာကို လုပ်သောသူသည် ဝစွာစားရ ၏။ အချည်းနှီးသောအမှုကို စောင့်သောသူမူကား၊ ဥာဏ်ချို့တဲ့၏။

ပ​ရော​ဖက်​တို့​သည်​တာ​ဝန်​မဲ့​ပြု​လုပ်​တတ် သည့်​သစ္စာ​ဖောက်​များ​ဖြစ်​ကြ​၏။ ယဇ်​ပု​ရော ဟိတ်​တို့​က​သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို​ညစ် ညမ်း​စေ​၍ ဘု​ရား​သ​ခင်​၏​ပညတ်​တ​ရား တော်​ကို​မိ​မိ​တို့​အ​ကျိုး​ရှိ​ရာ​ရှိ​ကြောင်း လှည့်​ကွက်​ဆင်​၍​အ​နက်​အ​ဋ္ဌိပ္ပါယ်​ပြန်​ဆို ကြ​၏။-

သို့​ရာ​တွင်​ယု​ဒ​အ​မျိုး​သား​တို့​သည် မ​နာ​လို စိတ်​ရှိ​သ​ဖြင့်​လမ်း​ပေါ်​မှ​ဂျ​ပိုး​တေ​လေ​များ ကို​ခေါ်​ယူ​ကာ လူ​ထု​ကြီး​တစ်​ရပ်​ဖြစ်​အောင် စု​ရုံး​၍​တစ်​မြို့​လုံး​ကို​အုတ်​အုတ်​သဲ​သဲ​ဖြစ် စေ​ကြ​၏။ သူ​တို့​သည်​ယာ​သုန်​၏​အိမ်​သို့​ဝင်​၍ ပေါ​လု​နှင့်​သိ​လ​တို့​ကို​လူ​ပ​ရိ​သတ်​ရှေ့​သို့ ဆွဲ​ထုတ်​ရန်​ရှာ​ဖွေ​ကြ​၏။-

ယေ​ဖ​သ​သည်​လည်း​မိ​မိ​၏​ညီ​အစ်​ကို​များ ထံ​မှ​ထွက်​ပြေး​၍ တော​ဘ​ပြည်​၌​နေ​ထိုင် လေ​သည်။ ထို​အ​ရပ်​၌​သူ​သည်​အ​ခြေ​အ​နေ မဲ့​သူ​လူ​တစ်​စု​၏​လေး​စား​မှု​ကို​ခံ​ရ သ​ဖြင့် ထို​သူ​တို့​သည်​သူ​၏​နောက်​သို့ လိုက်​ကြ​လေ​သည်။

ဂိ​ဒေါင်​ကွယ်​လွန်​ပြီး​နောက်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် ဘု​ရား​သ​ခင်​အား​တစ်​ဖန်​သစ္စာ ဖောက်​ကြ​ပြန်​၏။ ဗာ​လ​ဘု​ရား​များ​ကို​ဝတ် ပြု​ကိုး​ကွယ်​ကြ​ပြန်​၏။ သူ​တို့​က​ပ​ဋိ​ညာဉ် ပြု​ထား​သည့်​ဗာ​လ​ဘု​ရား​ကို မိ​မိ​တို့​၏ ဘု​ရား​အ​ဖြစ်​ချီး​မြှောက်​ကာ၊-

ထို​သူ​အ​ပေါင်း​တို့​သည်​စ​ပျစ်​ဥယျာဉ်​များ သို့​သွား​ရောက်​ကာ စ​ပျစ်​သီး​များ​ကို​ခူး​၍ စ​ပျစ်​ရည်​ပြု​လုပ်​ပြီး​လျှင် ပွဲ​လမ်း​သ​ဘင် တစ်​ရပ်​ကို​ဆင်​နွှဲ​ကြ​၏။ သူ​တို့​သည်​မိ​မိ တို့​၏​ဘု​ရား​ဝတ်​ကျောင်း​သို့​သွား​၍ စား သောက်​ကာ​အ​ဘိ​မ​လက်​အား​ပြက်​ရယ် ပြု​ကြ​၏။-

ညှင်း​ပန်း​နှိပ်​စက်​ခြင်း​ခံ​ရ​ကြ​သူ၊ ကြွေး​မြီ တင်​သူ၊ စိတ်​မ​ကျေ​မ​နပ်​ဖြစ်​သူ​မှ​စ​၍​စု​စု ပေါင်း​လူ​လေး​ရာ​ခန့်​တို့​သည် သူ​၏​ထံ​သို့ ဝင်​ရောက်​လာ​ကြ​သ​ဖြင့် ဒါ​ဝိဒ်​သည်​သူ​တို့ ၏​ခေါင်း​ဆောင်​ဖြစ်​လာ​လေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ