Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



သူ​ကြီး 9:20

Common Language Bible

သို့​ရာ​တွင်​အ​ကယ်​၍​ဤ​အ​မှု​သည်​မ​ရိုး မ​ဖြောင့်​လျှင်​မူ​ကား အ​ဘိ​မ​လက်​ထံ​မှ မီး​လျှံ​ထွက်​၍​ရှေ​ခင်​မြို့​နှင့်​ဗေ​သ​မိလ္လော​မြို့ ရှိ​လူ​တို့​အား​ကျွမ်း​လောင်​ပါ​စေ​သော။ ရှေ​ခင် မြို့​နှင့်​ဗေ​သ​မိလ္လော​မြို့​ရှိ​လူ​တို့​ထံ​မှ​လည်း မီး​လျှံ​ထွက်​၍​အ​ဘိ​မ​လက်​အား​ကျွမ်း လောင်​ပါ​စေ​သော။''

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

မီး​ကျီး​ခဲ​များ​သည်​သူ​တို့​၏​ဦး​ခေါင်း​ပေါ်​သို့ ကျ​ကြ​ပါ​စေ​သော။ သူ​တို့​သည်​တွင်း​ထဲ​သို့​ကျ​ပြီး​လျှင် အ​ဘယ်​အ​ခါ​၌​မျှ​ပြန်​၍​မ​တက်​နိုင်​ပါ​စေ​နှင့်။

ထို​သူ​တို့​ပြု​သော​အ​မှု​များ​နှင့်​ကူး​လွန်​သော အ​ပြစ်​များ​အ​တွက်​သူ​တို့​အား​အ​ပြစ်​ဒဏ် ပေး​တော်​မူ​ပါ။ သူ​တို့​၏​အ​ကျင့်​ဆိုး​များ​အ​တွက် အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ။ သူ​တို့​အ​ပြစ်​နှင့်​ထိုက်​သင့်​သည့်​အ​ပြစ်​ဒဏ်​ကို စီ​ရင်​တော်​မူ​ပါ။

ဂိဒေါင်​၏​တပ်​သား​တို့​တံ​ပိုး​ခ​ရာ​များ​ကို မှုတ်​ကြ​စဉ်​အ​ခါ​၌ ထာ​ဝ​ရ​ဘု​ရား​သည် ရန်​သူ​တို့​အား​အ​ချင်း​ချင်း​ဋ္ဌား​လက်​နက် ဖြင့်​တိုက်​ခိုက်​စေ​တော်​မူ​၏။ သူ​တို့​သည်​ဇေ​ရ ရတ်​အ​ရပ်​သို့​ဦး​တည်​လျက်​ဗက်​ရှိတ္တ​မြို့​သို့ တိုင်​အောင်​လည်း​ကောင်း၊ တဗ္ဗတ်​မြို့​အ​နီး​အာ ဗေ​လ​မ​ဟော​လ​မြို့​သို့​တိုင်​အောင်​လည်း ကောင်း​ထွက်​ပြေး​ကြ​လေ​သည်။

ဆူး​ချုံ​က​လည်း`အ​ကယ်​၍​သင်​တို့​သည်​ငါ့ အား​အ​မှန်​ပင် မိ​မိ​တို့​အ​ပေါ်​၌​မင်း​လုပ် အုပ်​စိုး​စေ​လို​ပါ​မူ​ငါ​၏​အ​ရိပ်​တွင်​ဝင် ရောက်​ခို​လှုံ​၍​နေ​ကြ​လော့။ ယင်း​သို့​ခို​လှုံ​ခြင်း မ​ပြု​ဘဲ​နေ​ခဲ့​သော်​ငါ​၏​အ​ခက်​အ​လက် များ​အ​ကြား​မှ​မီး​ထွက်​၍ လေ​ဗ​နုန်​အာ​ရစ် ပင်​တို့​ကို​လောင်​ကျွမ်း​သွား​စေ​လိမ့်​မည်' ဟု ပြန်​ပြော​လေ​သည်။

ထို့​ကြောင့်​ဂိ​ဒေါင်​နှင့်​သူ​၏​အိမ်​ထောင်​စု​အား သင်​တို့​ယ​နေ့​ပြု​သည့်​အ​မှု​သည်​ရိုး​သား ဖြောင့်​မှန်​သည်​ဆို​ပါ​မူ သင်​တို့​သည်​အ​ဘိ မ​လက်​နှင့်​အ​တူ​တ​ကွ​ဝမ်း​မြောက်​နိုင်​ကြ ပါ​စေ​သော။-

ထို​နောက်​ယော​သံ​သည်​မိ​မိ​အစ်​ကို​အ​ဘိ မ​လက်​ကို​ကြောက်​သ​ဖြင့် ထွက်​ပြေး​ပြီး လျှင်​ဗေ​ရ​မြို့​သို့​သွား​ရောက်​နေ​ထိုင်​လေ​၏။-

အ​ဘိ​မ​လက်​နှင့်​သူ​၏​လူ​စု​သည်​မြို့​တံ​ခါး ကို​စောင့်​ထိန်း​ရန်​သွား​ကြ​စဉ် အ​ခြား​လူ​နှစ်​စု တို့​လယ်​ထဲ​မှ​လူ​တို့​အား​တိုက်​ခိုက်​သတ်​ဖြတ် ပစ်​လိုက်​ကြ​လေ​သည်။-

ထို​နောက်​ရှေ​ခင်​မြို့​နှင့်​ဗေ​သ​မိလ္လော​မြို့​မှ မြို့​သား​အ​ပေါင်း​တို့​သည်​စု​ဝေး​လျက် ရှေ​ခင် မြို့​ရှိ​အ​ထိမ်း​အ​မှတ်​သ​ပိတ်​ပင်​သို့​သွား ရောက်​၍ အ​ဘိ​မ​လက်​အား​မင်း​မြှောက်​ကြ လေ​သည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ